ေဖာင္ႀကီးမွာ ဆရာဝန္ တစ္ေယာက္ အျဖစ္ တာ ဝန္ယူကုသေပးခဲ့တဲ့ ကိုဗစ္လူနာရဲ႕ မိသားစု ဝင္ဆီက ေက်းဇူးတင္ စာေလးတစ္ေစာင္ကို လက္ခံရရွိခဲ့တဲ့ ေမာင္

Posted on

သ႐ုပ္ေဆာင္တစ္ေယာက္လည္း ျဖစ္သလို ဆရာဝန္တစ္ေယာက္လည္းျဖစ္တဲ့ ေမာင္ကေတာ့ အႏုပညာအလု ပ္ေတြကို လုံးဝရပ္နားလိုက္ခ်ိန္မွာ တရားဝင္ေဆးကု သခြင့္လိုင္စင္ ကိုင္ေဆာင္ၿပီး ဆရာဝန္တစ္ေယာက္အျဖစ္ ရပ္တည္ေနတာပဲ ျဖစ္ပါတယ္။ ေမာင္က ၿပီးခဲ့တဲ့ လပိုင္းက ေဖာင္ႀကီးကိုဗစ္စင္တာမွာ ကိုဗစ္လူနာမ်ားကို အနီးကပ္ကုသေပးရင္း ေစတနာ့ဝန္ထမ္း ဆရာဝန္အျဖစ္ (၁) လတိတိ တာဝန္ထမ္းေဆာင္ခဲ့တာပဲ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေမာင္က သူ႔ရဲ႕ တာဝန္ခ်ိန္ေတြၿပီးဆုံးလို႔ ေနအိမ္ကို က်န္းက်န္းမာမာနဲ႔ ျပန္ေရာက္လာခဲ့ၿပီပဲ ျဖစ္ပါတယ္။

ကိုယ္တိုင္လည္း Covid-19 ေရာဂါပိုး ကူးစက္ခံခဲ့ဖူးတဲ့ ေမာင္က ေဖာင္ႀကီးမွာ တာဝန္က်ခ်ိန္မွာေတာ့ လူနာေတြကို ေသြးသားရင္းမိသားစုဝင္လို ဂ႐ုတစိုက္နဲ႔ ကုသမႈေပးခဲ့တာပဲ ျဖစ္ပါတယ္။ ဒီကေန႔မွာေတာ့ ေမာင္က သူကိုယ္တိုင္ ေဆးကုသေပးခဲ့တဲ့ လူနာနဲ႔ သားျဖစ္သူဆီကေန ေက်းဇူးတင္စာေလးတစ္ေစာင္ကို လက္ခံရရွိခဲ့ၿပီး “ဒီလို Message ေတြဖတ္ရတဲ့အခ်ိန္မွာ သြားရက်ိဳးနပ္ပါတယ္။ ေနာက္တစ္ခါေတာင္ ျပန္သြားကူခ်င္တယ္ 😅” ဆိုၿပီး သူကိုယ္တိုင္လည္း ဝမ္းသာပီတိျဖစ္ေနၾကေၾကာင္း ေျပာလာပါတယ္။

ေမာင့္လိုပဲ ဆရာဝန္ေတြ၊ သူနာျပဳေတြ၊ က်န္းမာေရးဝန္ထမ္းေတြနဲ႔ ပရဟိတဝန္ထမ္းေတြကေတာ့ ကိုဗစ္ေရာဂါႀကီးကို တက္ညီလက္ညီ တြန္းလွန္ေနၾကၿပီး လူနာေတြ ေနေကာင္းသက္သာသြားခ်ိန္မွာေတာ့ ပီတိျဖစ္ ဝမ္းသာေနၾကတာပဲ ျဖစ္ပါတယ္။ ေမာင္လည္း ဒီထက္မက အမ်ားအက်ိဳးကို သယ္ပိုးႏိုင္သူတစ္ေယာက္ျဖစ္လာပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Sein Phyo Hlaing’s fb

Unicode

သရုပ်ဆောင်တစ်ယောက်လည်း ဖြစ်သလို ဆရာဝန်တစ်ယောက်လည်းဖြစ်တဲ့ မောင်ကတော့ အနုပညာအလုပ်တွေကို လုံးဝရပ်နားလိုက်ချိန်မှာ တရားဝင်ဆေးကုသခွင့်လိုင်စင် ကိုင်ဆောင်ပြီး ဆရာဝန်တစ်ယောက်အဖြစ် ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ မောင်က ပြီးခဲ့တဲ့ လပိုင်းက ဖောင်ကြီးကိုဗစ်စင်တာမှာ ကိုဗစ်လူနာများကို အနီးကပ်ကုသပေးရင်း စေတနာ့ဝန်ထမ်း ဆရာဝန်အဖြစ် (၁) လတိတိ တာဝန်ထမ်းဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မောင်က သူ့ရဲ့ တာဝန်ချိန်တွေပြီးဆုံးလို့ နေအိမ်ကို ကျန်းကျန်းမာမာနဲ့ ပြန်ရောက်လာခဲ့ပြီပဲ ဖြစ်ပါတယ်။

ကိုယ်တိုင်လည်း Covid-19 ရောဂါပိုး ကူးစက်ခံခဲ့ဖူးတဲ့ မောင်က ဖောင်ကြီးမှာ တာဝန်ကျချိန်မှာတော့ လူနာတွေကို သွေးသားရင်းမိသားစုဝင်လို ဂရုတစိုက်နဲ့ ကုသမှုပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မောင်က သူကိုယ်တိုင် ဆေးကုသပေးခဲ့တဲ့ လူနာနဲ့ သားဖြစ်သူဆီကနေ ကျေးဇူးတင်စာလေးတစ်စောင်ကို လက်ခံရရှိခဲ့ပြီး “ဒီလို Message တွေဖတ်ရတဲ့အချိန်မှာ သွားရကျိုးနပ်ပါတယ်။ နောက်တစ်ခါတောင် ပြန်သွားကူချင်တယ် 😅” ဆိုပြီး သူကိုယ်တိုင်လည်း ဝမ်းသာပီတိဖြစ်နေကြကြောင်း ပြောလာပါတယ်။

မောင့်လိုပဲ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတဝန်ထမ်းတွေကတော့ ကိုဗစ်ရောဂါကြီးကို တက်ညီလက်ညီ တွန်းလှန်နေကြပြီး လူနာတွေ နေကောင်းသက်သာသွားချိန်မှာတော့ ပီတိဖြစ် ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။ မောင်လည်း ဒီထက်မက အများအကျိုးကို သယ်ပိုးနိုင်သူတစ်ယောက်ဖြစ်လာပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Sein Phyo Hlaing’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.