ပျော်ရွှင်စရာကောင်းတဲ့ ချစ်သူတွေမှာသာ တွေ့ရတဲ့ အားကျစရာကောင်းတဲ့ အချက်များ

Posted on

ပျော်ရွှင်စရာကောင်းပြီး တစ်ဦးနဲ့တစ်ဦး စိန်ခေါ်ယှဉ်ပြိုင်တတ်ကြတဲ့ ချစ်သူဘ၀မျိုးလေးကို ပိုင်ဆိုင်ထားပြီဆိုရင် ဒီအချက်လေးတွေကို ခင်ဗျားရဲ့ချစ်သူလေးထံ ပြန်လည်မျှဝေစေချင်ပါတယ်။ ခင်ဗျားတို့ရဲ့ချစ်သူဘ၀မှာ ဒီအချက်လေးတွေထဲက အနည်းဆုံး (၅) ချက်လောက် တူနေပြီဆိုရင် ခင်ဗျား ကံကောင်းပါတယ်။ နားလည်တတ်ပြီး ပျော်ရွှင်အောင် ထားတတ်တဲ့ ချစ်သူလေးကို ပိုင်ဆိုင်ထားလို့ပါပဲ။

 

တစ်ယောက်အကြိုက် တစ်ယောက် လိုက်တတ်ကြပါတယ်။

 

တစ်ဦးနဲ့တစ်ဦး ရိုသေမှု ထားတတ်ကြပါတယ်။

 

အားလပ်ရက်တွေမှာ ခရီးထွက်ဖြစ်နိုင်အောင် ဒါမှမဟုတ် အလည်အပတ်ထွက်နိုင်အောင် ဖန်တီးပေးပါတယ်။

 

စိတ်ဆိုးဒေါသထွက်နေချိန်မှာ တစ်ဦးတည်း အိပ်ယာမ၀င်ကြပါဘူး။

 

တစ်နေ့ကို အနည်းဆုံး တစ်ကြိမ်လောက်တော့ ချစ်တယ်လို့ ပြောကြပါတယ်။

 

အချိန်ရတိုင်း နှစ်ယောက်အတူ မုန့်ဖြစ်ဖြစ်၊ ထမင်းလက်ဆုံ စားဖြစ်ကြပါတယ်။

 

တစ်ယောက်ရဲ့ အိပ်မက်စိတ်ကူးများကို တစ်ဦးက အမြဲတမ်း အားပေးတတ်ပါတယ်။

 

တစ်ယောက်နဲ့တစ်ယောက် မယုံကြည်မှုထက် ယုံကြည်မှုနဲ့ပဲ လက်တွဲကြပါတယ်။

 

ဒီချစ်သူတစ်ယောက်နဲ့ပဲ သက်ဆုံးတိုင် လက်တွဲသွားချင်ကြပါတယ်။

 

အိမ်ထောင်ကျပြီးနောက် ငြီးငွေ့စရာကောင်းတဲ့ ဇနီးမယားရဲ့တာဝန်များကို မျှဝေလုပ်ဆောင်ပေးတတ်ပါတယ်။

 

ချစ်သူကောင်မလေးအတွက် အနည်းဆုံးတော့ တန်ဖိုးသိပ်မကြီးတဲ့ လက်ဆောင်မျိုးလေးတွေနဲ့ ပျော်ရွှင်အောင် ဖန်တီးပေးတတ်ကြပါတယ်။

Source : brightside

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.