ပေ့အတု အကောင့်အတုတွေနဲ့ ပက်သတ်ပြီး အိန္ဒြာကျော်ဇင် ပြောပြီ

Posted on

လွန်ခဲ့တဲ့ နှစ် ၂၀ လောက်ကတည်းက အောင်မြင်ခဲ့တဲ့ မော်ဒယ်တယောက်အနေနဲ့ ရပ်တည်ခဲ့ပြီး လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းမင်းသမီး တယောက်ဖြစ်တဲ့ အိန္ဒြာကျော်ဇင် ကိုတော့ မသိတဲ့သူမရှိလောက်ပါဘူး။

မင်းသမီး အိန္ဒြာကျော်ဇင် ကတော့ သူ့အနုပညာ သက်တမ်း တလျှောက်မှာတော့ အောင်မြင်တဲ့ ကားကောင်းများစွာ ရိုက်ခဲ့သလို သူရိုက်ခဲ့တဲ့ ရုပ်ရှင်ကားတွေကိုလည်း ပရိသတ်တွေက လက်ခံ အားပေးခဲ့ကြတာ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင် ကတော့ ယခုနောက်ပိုင်းမှာတော့ အရင်ကလောက် ရုပ်ရှင်တွေ အများကြီး မရိုက်တော့ပဲ ကားကောင်းတချို့ကိုသာ သေချာရိုက်ပြီး ပရိသတ်တွေကို ချပြနေတာ ဖြစ်ပါတယ်။

 

 

ဒါပေမယ့်လည်း အိန္ဒြာကျော်ဇင်ကတော့ သူ့ပရိသတ်တွေကို ဖေ့ဘုတ်ပေါ်မှာတော့ အဆက်အသွယ် မပြတ်ပဲ သူ့ရဲ့ လှုပ်ရှားမှုလေးတွေကို ဖော်ပြနေကြ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ခုတလော ဖေ့ဘုတ်ပေါ်မှာတော့ အကောင့်ဟတ်တဲ့သူတွေ အကောင့်တု လုပ်ပြီး မဟုတ်တာတွေ ပြောတဲ့သူတွေ များလာတာကြောင့် အိန္ဒြာကျော်ဇင်ကတော့ သူ့ရဲ့ ဖေ့ဘုတ်ပေ့ခ်ျမှာတော့ သူသုံးတဲ့ အကောင့်နဲ့ ပေ့ခ်ျကို တရားဝင်ကြော်ငြာထားတာ ဖြစ်ပါတယ်။

 

 

သူမရဲ့ ပေ့ခ်ျမှာတော့ အိန္ဒြာကျော်ဇင်က “ယခုဖော်ပြပါ “Eaindra Kz”account နှင့် “Eaindra Kyaw Zin” page ​တို့မှလွဲ၍ အခြား အခြား​သောအူဝဲနှင့် ပတ်သက်ရာ နာမည်မျိုးစုံ ဖြင့် page များ ၊ account များ​အား အသုံးပြု ခြင်းမရှိ​ပဲ အူဝဲ ကိုယ်တိုင်သုံး​သော page ​မှာ ယခု post တင်​သော official page တခုတည်းသာရှိ​​​​ကြောင်းကို ချစ်ခင်အားပေးလျှက်ရှိသော ပရိတ်သတ်​များအားလုံး နား​လည်လွဲ​​မှားမှုမဖြစ်​စေ​ရန် ​အသိ​ပေးအပ်ပါသည်” ဆိုပြီးတော့ ရေးသားထားတာ ဖြစ်ပါတယ်။

 

 

ပရိသတ်တွေနဲ့ သူနဲ့ကြားမှာ အထင်လွဲမှုတွေ မဖြစ်စေဖို့ အတွက်ညအိန္ဒြာကျော်ဇင်ကတော့ ဒီလိုမျိုးပေ့ခ်ျ ပေါ်မှာသတိပေးရေးသားခဲ့တာ ဖြစ်ပါတယ်။ ချစ်ပရိသတ်ကြီးထဲမှာ လည်း အိန္ဒြာကျော်ဇင်ကို အားပေးသူတွေပါရင် သူ့ရဲ့ ပေ့ခ်ျနဲ့ အကောင့်တုတွေကို Follow လုပ်ထားရင် သွားပြီး ဖြုတ်လိုက်ကြဦးနော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.