ပရိသတ်တွေချစ်ကြတဲ့ မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က သူမချစ်တဲ့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်နေရင်း သူမရဲ့ မိသားစုဘဝလေးကို အချိန်မျှတစွာနဲ့ သာယာလှပအောင် တည်ထောင်နေတာဖြစ်ပါတယ်။ အိန္ဒြာကျော်ဇင်က သရုပ်ဆောင်ပြေတီဦးနဲ့အတူတူ သာယာလှပတဲ့ မိသားစုဘဝလေးကို ထူထောင်နေတာဖြစ်ပါတယ်။
မနေ့က သြဂုတ်လ(၂) ရက်နေ့မှာတော့ အိန္ဒြာကျော်ဇင်က “ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Lucky Draw ရွေးချယ်ပွဲကို တက်ရောက်ခဲ့ပါတယ်။
ထိုပွဲမှာ အိန္ဒြာကျော်ဇင်က အနက်ရောင်ဝတ်စုံလေးကို ပေါ့ပေါ့ပါးပါး ဝတ်ဆင်လာတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် အိန္ဒြာကျော်ဇင်ရဲ့ ပွဲတက်ပုံရိပ်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။
အိန္ဒြာကျော်ဇင်က အိမ်ထောင်ကျပြီး အသက်(၄၀)အရွယ်နားကို ကပ်နေပြီဖြစ်ပေမယ့် သူမရဲ့ နုပျိုလွန်းတဲ့ အလှတရားတွေကို ဘယ်သူမှ လိုက်လို့မမှီနိုင်ပါဘူး။
“ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ခန့်မာန်ထည်က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး အကယ်ဒမီ ထွန်းအိန္ဒြာဗိုနဲ့ အိန္ဒြာကျော်ဇင်တို့က အပြိုင်အဆိုင် သရုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ “ကြိမ်နှုန်း” ရုပ်ရှင်ဇာတ်ကားကြီးက ၁၉ ရာစုနှစ် အမျိုးသမီးတစ်ယောက်၏ ဘဝဇာတ်ကြောင်းကို အခြေခံထားသောဝိညာဉ်လောက နှင့် လူ့လောကကြားက ပက်သတ်ဆက်နွယ်မှုကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။
အိန္ဒြာကျော်ဇင်ကတော့ ဘယ်အချိန်ကြည့်ကြည့် လှနေတာပဲနော်။ ပရိသတ်ကြီးလည်း အိန္ဒြာကျော်ဇင်ရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Source: Eaindra Kyaw Zin’s fb
ခရက်ဒစ် မိုမိုလေး