ပေါင်မြို့နယ်မှာ တောင်ပြိုလို့ လူအသေအပျောက် တွေရှိနေကြောင်း ပြောပြလာခဲ့တဲ့ အာဘွိုင်း

Posted on

အဆိုတော် အာဘွိုင်း ဟာဆိုရင် ပရိသတ်တွေ အားပေးချစ်ခင်ရတဲ့ အနုပညာရှင်တွေပါ။ အာဘွိုင်းတို့ဇနီးမောင်နှံမှာ ဆိုရင် ချစ်စရာကောင်းတဲ့ သမီးလေးကို လည်းပိုင်ဆိုင်ထားပြီး ပျော်ရွှင်သာယာတဲ့ မိသားစုလေးနဲ့ ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်၊၊ အာဘွိုင်းက မော်လမြိုင် – ရန်ကုန် လမ်းမပေါ်မှာရှိတဲ့ ပေါင်မြို့ သဲဖြူကုန်းကျေးရွာမှာ တောင်ပြိုတဲ့ တာနဲ့ ပတ်သက်ပြီး ပြောထားတဲ့အကြောင်းကို ချစ်ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်ပါတယ်နော်။

ဒီတစ်ခါမှာတော့ အလုပ်ကိစ္စနဲ့ မော်လမြိုင်ရောက်နေတဲ့ အာဘွိုင်းက ရေကြီးတာနဲ့ ကြုံနေလို့ ရန်ကုန်ပြန်လာဖို့ ခက်နေတာပါ။ ရာသီဥတုအခြေအနေကြောင့် မွန်ပြည်နယ်ရှိ မြို့တော်တော်များများက ရေကြီးတာနဲ့ ပြည်သူတွေရေဘေးဒုက္ခနဲ့ ကြုံနေရတာပဲ ဖြစ်ပါတယ်။

အာဘွိုင်းက ပေါင်မြို့မှာတောင်ပြိုလို့ လူအသေအပျောက် ရှိတဲ့အကြောင်းကို သူ့ရဲ့ဖေ့စ်ဘွတ်ပေါ်မှာ ခုလို ပြောပြထားပါတယ်။”မော်လမြိုင် – ရန်ကုန် လမ်းမပေါ်မှာရှိတဲ့ ပေါင်မြို့ မှာ တောင်ပြိုလို့ ကားလမ်းပါပိတ်သွားပါပြီ။ (လူအသေပျောက်လည်းရှိပါတယ်)
အခုထိ မိုးကလည်းလုံးဝ မရပ်သေးသလို၊ သံလွင်တံတားလည်း ပိတ်ထားပါတယ်။ မော်လမြိုင်မြို့ထဲမှာလည်း နေရာတော်တော်များများဆိုးရွားစွာ ရေမြုပ်နေလို့ ကျနော် ဘယ်လိုမှ ရန်ကုန်ပြန်လာလို့မရဖြစ်နေပါတယ်။ ” ဆိုပြီး သူ့ရဲ့ မိသားစုများကို

ခုလက်ရှိမှာ မွန်​ပြည်​နယ်​ပေါင်​မြို့ နယ်​၊မုတ္တမအပိုင်​.ပဲပြာကုန်းရွာမှာ တောင်​​စောင်း​မြေပြိုကျပြီး နေအိမ်​ဆယ်​လုံးခန့်​​မြေကြီးပိကာမိသားစုဝင်​အများအပြားထိခိုက်​​သေဆုံးဒဏ်​ရာရရှိထားတယ်လို့ သိရပါတယ်။ လူနာများကို ရှာ​ဖွေကယ်​ဆယ်​ပြီး​ပေါင်​မြို့နယ်​ပြည်​သူ့​ဆေးရုံသို့ ဆက်​လက်​ကူညီလွှဲ​ပြောင်းပို့​ဆောင်​၊ဖြစ်​စဉ်​များအာဏာပိုင်​အဖွဲ့အစည်း၊​မော်​လမြိုင်​နှင့်​​ပေါင်​မြို့Rescue,ကူညီကယ်​ဆယ်​​ရေးအဖွဲ့များထံချိတ်​ဆက်​သတင်းပို့​ပေးခဲ့ပြီးပေါင်​ရိုးကျိုးလူနာ၊ဦး​ခေါင်းထိခိုက်​ဒဏ်​ရာရလူနာ၊ကိုယ်​ဝန်​​ဆောင်​ဒဏ်​ရာရလူနာ၊စိတ်​ဂ​ယောင်​​ချောက်​ခြားဖြစ်​နေ​သူလူနာစုစု​ပေါင်း​လေးဦးအား​ပေါင်​မြို့ပြည်​သူ့ ​ဆေးရုံသို့ လွှဲ​ပြောင်းပို့​ဆောင်​​ပေး​နေ..” လို့လည်း ပေါင်ဆေးရုံသတင်းမှာခုလို ဖော်ပြထားပါတယ်။

ရေကြီးတာနဲ့ ကြုံနေရတဲ့ အာဘွိုင်း က ပေါင်မြို့နယ်မှာ တောင်ပြိုလို့ လူသေလူပျောက်ရှိတဲ့အကြောင်းဖော်ပြထားတာကို ပရိသတ်တွေသိလောက်ပြီ ထင်ပါတယ်။ ကြည့်ရူပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;kyaw phyo tun `
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.