နေ့စဉ်ဖြတ်သန်းနေရတဲ့ဘ၀ပုံစံကို ဖွင့်ဟပြောပြလာတဲ့ Song Joong Ki

Posted on





Ref : Soompi

Unicode

တောင်ကိုရီးယားနိုင်ငံရဲ့နာမည်ကြီးထိပ်တန်းမင်းသားတစ်လက်ဖြစ်တဲ့ Song Joong Ki ဟာ သူ့ရဲ့ လက်ရှိဘဝဖြတ်သန်းနေတဲ့ပုံစံ၊ အနုပညာခရီးလမ်းလျှောက်လှမ်းနေတဲ့ပုံစံတွေနဲ့ ပတ်သတ်ပြီး “Hi-High” မဂ္ဂဇင်းရဲ့အင်တာဗျူးမှာအခုလိုပဲပွင့်ပွင့်လင်းလင်းပြောပြလို့သွားခဲ့ပါတယ်။

“ကျွန်တော်နေထိုင်ဖြတ်သန်းနေတဲ့ ဘဝပုံစံက အင်မတန်မှကိုရိုးရှင်းလွန်းပါတယ်… စာဖတ်တယ်… ရုပ်ရှင်တွေကြည့်တယ်… ဆေးကြောစရာရှိတဲ့ ပန်းကန်တွေဆေးတယ်…ဒီလောက်ပါပဲ” လို့ဆိုကာ ပြောသွားခဲ့တာဖြစ်ပါတယ်။

အနုပညာခရီးလမ်းလျှောက်လှမ်းနေတဲ့ပုံစံနဲ့ပတ်သတ်လို့ကတော့ “ကျွန်တော့်အလုပ်မှာရော ဘဝနေထိုင်မှုမှာပါ နှစ်ခုလုံးမှာ ဟန်ချက်ညီချင်တယ်…ကျွန်တော်က ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကို အရိုးရှင်းဆုံးနည်းလမ်းနဲ့ ဖော်ပြလို့ရတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ချင်ပါတယ်” လို့ဆိုကာ ဖွင့်ဟသွားခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ Song Joong Ki ဟာ လာမယ့်နွေရာသီမှာပြသမယ့် သူ့ရဲ့ရုပ်ရှင်ဇာတ်ကားအသစ် ‘Space Sweepers’ ကို ပရိုမိုးရှင်းလုပ်ဖို့အတွက် ပြင်ဆင်လျှက်ရှိတယ်လို့ သိရပါတယ်။

Ref : Soompi

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.