လွန်ခဲ့တဲ့ တစ်လကျော်ကတည်းက ဖြစ်ပွားခဲ့တဲ့ နေပြည်တော် မူကြိုကျောင်းမှ သက်ငယ်မုဒိန်းမှုနဲ့ ပက်သတ်ပြီး ပြည်သူတစ်ရပ်လုံးက ဂရုဏာဒေါသတွေ ဖြစ်နေခဲ့ကြတာပါ။ တစ်လကျော်သွားတဲ့ထိ အမှုမှန် မပေါ်ပေါက်သေးတဲ့ ထိုအမှုအတွက် နိုင်ငံကျော်အဆိုတော် လင်းလင်းက အခုလိုပဲ ဖော်ထုတ်ပြောဆိုလာပါတယ်။
“အများစုစောင့်ကြည့်ချင်စရာအနေအထားနှင့် နေပြည်တော်က သက်ငယ်မုဒိန်းကိစ္စပါ ကာယကံရှင် သမီးလေးရဲ့အဖေဖြစ်သူနဲ့လဲ သေသေချာချာ စကားပြောဖြစ်ပါတယ်။ သေချာဆွေးနွေးဖြစ်ပါတယ်။ နေပြည်တော်ကောင်စီဥက္ကဌ ဆရာဒေါက်တာမျိုးအောင် နဲ့လဲ ယနေ့တွေ့ခွင့်တောင်းကာ ဒီသမီးလေးကိစ္စကို သေသေချာချာ ပြောဆိုဖြစ်ပါတယ်။ “
“အဓိက,က အမှုမှန်ပေါ်ပေါက်ရေး၊ အမှုမှန်ဖြစ်ရေးပါ။ပေါ်တဲ့အမှုကလဲ အမှန်ဖြစ်ရပါမယ်။ ကျွန်တော်နဲ့ ထရီဇာ နှစ်ယောက်လုံး ပေးတဲ့အခြေအနေကနေ အမှုမှန်ပေါ်ရေးကို ဝန်းရံပါမယ်။ သမီးလေးရဲ့ မိဘတွေနဲ့အတူ အမှုမှန်ပေါ်တဲ့အထိ အတူရပ်တည်ပါမယ်။ အတူရှိပါမယ်။ တရားခံဟာ ဘယ်လိုပုဂ္ဂိုလ်၊ မည်သည့်ပုဂ္ဂိုလ် ဖြစ်နေပါစေ။ ကျွန်တော့်ရဲ့ ဒီပိုစ့်မှာ မည်သူ့ကိုမှ သံသယနဲ့ စွပ်စွဲမထားပါ။ ဒါပေမယ့် သံသယဖြစ်စရာအချက်အလက်အားလုံးကို သေချာမှတ်သားထားပါတယ်။ အမှုမှန်အမြန်ပေါ်ပါစေ။”
“သမီးလေးရဲ့အဖေနဲ့စကားပြောတုန်းက ကျွန်တော်သူ့မျက်နှာကို မကြည့်ဘူး။ စကားဘဲနားထောင်တယ်။ ဘာကြောင့်လဲဆိုရရင် သားသမီးတွေကြောင့်ကျတဲ့ မိဘတွေရဲ့မျက်ရည်ဟာ ပျော်ရွှင်မှုကြောင့်ဘဲ ဖြစ်စေချင်ပါတယ်။
ဝမ်းနည်းပူဆွေးမှုကြောင့်ကျတဲ့ မျက်ရည်တွေကို ကျွန်တော်မကြည့်ရက်ဘူး။ ကိုယ်ချင်းစာတရား ရှိကြပါစေ။” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောထားပါတယ်။
လင်းလင်း၊ ချစ်သုဝေနဲ့ မိဘပြည်သူတွေက သမီးလေးအတွက် အမှုမှန်ပေါ်ဖို့ အဘက်ဘက်က ဝန်းရံ၊ ရပ်တည်နေကြတာပဲ ဖြစ်ပါတယ်။ သမီးလေးအတွက် တရားသဖြင့်သော အမှုမှန်အမြန်ဆုံး ပေါ်ပေါက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ကွယ်။