“နောက်၅နှစ်အထိ singleဘဝနဲ့ ဖြတ်သန်းသွားမယ်ဆိုတဲ့ ရွှေပိုးအိမ်”

Posted on


 

 


 

 


 

 

Soure…Shwe Poe Eain’s facebook

ယူနီကုဒ်ဖြင့်ဖတ်ရန်

 

ပရဟိတလုပ်ငန်းပိုင်းတွေမှာ ကိုယ်တိုင်ပါဝင်လုပ်ကိုင်နေတဲ့ မင်းသမီးချောလေးရွှေပိုးအိမ်ကိုတော့ ပရိသတ်တွေရင်းနှီးပြီးသားဖြစ်မယ်ထင်ပါတယ်။ ရွှေပိုးအိမ်ကတော့ သရုပ်ဆောင်မှုပိုင်းမှာလည်း ကျရာဇာတ်ရုပ်လေးကို ပီပြင်စွာသရုပ်ဆောင်နိုင်တဲ့မင်းသမီးတစ်လက်ဆိုလည်းမမှားလောက်ပါဘူးနော်။ သူမက ချစ်ဖို့ကောင်းတဲ့မျက်နှာလေးနဲ့ အပြောအဆိုလေးတွေကြောင့် ပရိသတ်တွေရဲ့အချစ်ကိုအများဆုံးရရှိထားသူပဲဖြစ်ပါတယ်။

ရွှေပိုးအိမ်လေးကတော့ သူမရဲ့ပရိသတ်တွေအတွက် အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုလေးတွေကို အမြဲတင်ပေးလေ့ရှိပါတယ်။ မတ်လ(၂၆)ရက်နေ့မှာ ရွှေပိုးလေးက”မပန်တော့ဘူးလို့ ဆုံးဖြတ်လိုက်ကတည်းကအဲ့ပန်းပွင့်ခြင်းကြွေခြင်းကို စိတ်မဝင်စားတော့ဘူး။ နောက် 3.4.5 နှစ်အထိ ကျွန်မကsingle အတိုင်းပဲရှိနေမယ်”ဆိုကာ သူမရဲ့ခံစားချက်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာတင်လာခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့အချစ်ရေးကတော့ နောက်၅နှစ်အထိ singleအတိုင်းဖြတ်သန်းမယ်ဆိုတဲ့အကြောင်းကို တင်ပေးလိုက်တာပါပဲနော် ပရိသတ်ကြီးတို့ရေ။

ပရိသတ်တွေအတွက် ရွှေပိုးအိမ်လေးရဲ့အချစ်ရေးလေးအကြောင်းကို ပြန်လည်ပြီးမျှဝေပေးလိုက်ပါတယ်။ ပရိသတ်တွေကလည်း ရွှေပိုးအိမ်လေးကို ချစ်တယ်ဆိုရင်မှတ်ချက်လေးရေးပေးခဲ့ကြပါနော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.