ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်ကျော်ကြားတဲ့အဆိုတော်တစ်ယောက်အဖြစ်ယနေ့ထက်ထိရပ်တည်နေတဲ့သူကတော့ အဆိုတော်ယုန်လေးပဲ ဖြစ်ပါတယ်။ သူ့ရဲ့သီချင်းတွေကလည်းခုချိန်ထိပရိသတ်တွေကြားမှာအောင်မြင်နေတုန်းပဲဖြစ်ပါတယ်။ သူဟာ ဆယ်စုနှစ်ကြာပရိသတ်အားပေးမှုတစ်ခဲနက်နဲ့အောင်မြင်နေတဲ့အဆိုတော်တစ်ယောက်လည်းဖြစ်ပါတယ်။
သူဟာ ဂီတလောကဘက်တွင်အောင်မြင်ရုံသာမကပဲ ဒါရိုက်တာတစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကားကြီးတွေလက်ခံရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ဇာတ်ကားများတွင်လည်း ကားရိုက်မရှိတဲ့ ဇာတ်ပို့သရုပ်ဆောင်များကိုပါ ထည့်သွင်းရိုက်ကူးပေးတာကြောင့် ပရိသတ်တွေရဲ့ ချီးကျူးခြင်းကိုခံထားရတာပါ။ ယုန်လေးကတော့ လွန်ခဲ့တဲ့နာရီပိုင်းလောက်က သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာတွင် ဝမ်းသာသရာသတင်းတစ်ခု ပရိသတ်တွေဆီဝေမျှခဲ့တာပဲ ဖြစ်ပါတယ်။
ဒါကတော့ အမှုကိစ္စတစ်ခုကြောင့် အကျဉ်းထောင်တွင်းမှာ လပေါင်ူများစွာ အကျဉ်းကျခံနေရတဲ့ အဆိုတော်အစ္စဏီဟာမကြာခင်ရက်ပိုင်းအတွင်းမှာ လွတ်မြောက်လာတော့မယ့်သတင်းပဲ ဖြစ်ပါတယ်။ ဒီအမှုကိုတိုင်ကြားထားသူ တရားလို မော်ဒယ်စူးရှထက်က အမှုကျေအေးပေးတဲ့အတွက်ကြောင့် ကျေးဇူးတင်စကားကိုလည်း သူ့ရဲ့ဗီဒီယိုလေးထဲမှာ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဝမ်းသာကြည်နူးရအောင် တင်ဆက်ပေးလိုက်ရပါတယ်နော်။
Source- Yone Lay
ခရက်ဒစ်- MyanmarLoad