နေတိုးနဲ့ နာမည်ကြီး သရုပ်ဆောင်တွေများစွာ ပါဝင်တဲ့ “နိုင်ငံကြီးသား” ရုပ်ရှင် Teaser

ဒီကနှစ် (၂၀၁၉) ခုနှစ်ကတော့ ရုပ်ရှင်ချစ်ပရိသတ်တွေကို ရသမျိုးစုံပေးနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို အပြိုင်အဆိုင် ရုံတင်နေကြတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း တစ်ကားပြီးတစ်ကား ရုံတင်ပြသနေတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ နေတိုးကို ကြိုက်နှစ်သက်အားပေးကြတဲ့ ပရိသတ်တွေအတွက် နေတိုးရဲ့ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတစ်ကားကို ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။

ထိုရုပ်ရှင်ဇာတ်ကားကြီးအမည်ကတော့ “နိုင်ငံကြီးသား” လို့ အမည်ရပြီး ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ) က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေထက်လင်း၊ နေမျိုးအောင်၊ ဇင်ဝိုင်း၊ မောင်သီ၊ ထူးခြား၊ မိုးယံဇွန်၊ မင်းသွေး၊ စည်ဖြိုး၊ ထွန်းကိုကို၊ နေရဲ၊ သိန်းလင်းစိုး၊ ရွှေသမီး၊ အောန်ဆိုင်း၊ ဆာရာဆောင်းဦး တို့က အဓိက သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးကတော့ တကယ် အမှားလုပ်တဲ့သူတွေကိုဆွဲထုတ်ပြီး အမှန်တရားကို ဖော်ထုတ်ပြနိုင်တဲ့ နိုင်ငံကြီးသားတစ်ယောက်ရဲ့ အကြောင်းတွေကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ နမူနာဗီဒီယိုအတို (Teaser) က ထွက်ရှိလို့ လာပါပြီ။

ပရိသတ်တွေအတွက် “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ Teaser Video တွေကို မျှဝေပေးလိုက်ပါတယ်နော်။

တစ်မိနစ်စာ Teaser နဲ့တင် တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေတာပဲ ဖြစ်ပါတယ်။ “နိုင်ငံကြီးသား” ရုပ်ရှင်ဇာတ်ကားကြီးကို လာမယ့် သြဂုတ်လ(၈)ရက်နေ့(ကြာသပတေးနေ့)မှစ၍ တစ်ပြည်လုံးရုံတင်ပြသမှာမို့ ဆက်ဆက်ကြည့်ရှုကြဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.