နေတိုးကို တကူးတက တွေ့ခွင့်ရခဲ့တဲ့ ဆံရစ်ဝိုင်းလေးတွေ

Posted on

ပရိသတ်ကြီးရေ 7th Sense Creation က ကလေးသူငယ်များနှင့် အနုပညာရှင်များ တွေ့ဆုံနိုင်ရန် စီစဉ်ပေးမှုကိုတတိယအကြိမ်မြောက်ပြုလုပ်လိုက်ကြောင်းသိရပါတယ် ။ ဒီတခေါက်မှာတော့The Ladies & Light Women Photographers Team မှ ဖိတ်ခေါ်မှုဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိနေတဲ့ မကွေးတိုင်းဒေသကြီး ရေပုတ်ကြီးရွာမှ ကျေးရွာသူကလေးငယ် များက ဘဝမှာ အတွေ့ချင်ဆုံးမင်းသား ကိုနေတိုး ပါ..ကိုနေတိုးနဲ့ များ ဆုံရရင် တစ်ရွာလုံးပတ်ပြီး ကြွားချင်ပါတယ်ဆိုတဲ့အကြောင်း 7th Sense Film Production သို့ အကြောင်းကြားလာပါတဲ့ အတွက် 7thSense Creation မှ စီစဉ်ပေးခဲ့ပါတယ်လို့ ဖော်ပြထားတာပါ။

အခုလို 7 th Sense ကနေ အနုပညာရှင်များနှင့် ကလေးများ တွေ့ဆုံပေးမှုဟာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။
ပထမအကြိမ်အဖြစ် ရန်ကင်းကလေးဆေးရုံသို့ တက်ရောက်ကုသနေရတဲ့ ရခိုင်စစ်တွေမှ မသန်စွမ်းကလေးငယ်တစ်ဦးအား အကယ်ဒမီ နေတိုး မှ နိုဝင်ဘာလ ၂၀၁၇ ခုနှစ်တွင် တွေ့ဆုံရန် စီစဉ်ခဲ့ခြင်း။ဒုတိယတကြိမ်အဖြစ် မီးလောင်ဒဏ် ခံစားနေရတဲ့ ကလေးငယ်အား ရွှေထူး ၊ အေးဝတ်ရည်သောင်း နှင့် တွေ့ဆုံရန် ဇန်နဝါရီ ၂၀၁၈ တွင်စီစဉ်ပေးခဲ့ခြင်း တို့ကို ပြုလုပ်ပေးခဲ့တယ်လို့သိရပါတယ်။”အနယ်နယ်အရပ်ရပ်မှ ကလေးသူငယ်များ အနုပညာရှင်များနှင့် အမှန်တကယ်တွေ့ချင်မှု ရှိခဲ့ရင်7th Sense Film Production သို့ ဆက်သွယ်အကြောင်းကြားထားပေးပါ။ အမှန်တကယ်တွေ့ဖို့ ဆုံဖို့လိုအပ်လာခဲ့လျှင် စီစဉ်ပေးသွားမပါမည်။ 7th Sense Film Production နှင့် Myanmar Media 7 မှ မိသားစု အနုပညာရှင်များမှလည်း တွေ့ဆုံနိုင်ရန် ကြိုးစားပေးနေမှာ” လို့ ကိုဝေမင်းမောင်က လူမှုကွန်ရက်ကနေရေးသားထားပါတယ်။ ပရိသတ်ကြီးရဲ့ ဘေဘီလေးတွေ တော့ချင်တဲ့အနုပညာရှင်တွေရှိရင်လည်း မန့်ခဲ့ကြပါဦး။

Source -7thSenseCreation/ Wai Minn Maung

Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.