;ေနစရာကင္းမယ့္ေနတဲ့ ေျမးဖိုးနွစ္ေယာက္အတြက္ ေနစရာအိမ္ေလး ေဆာက္ေပးေတာ့မယ့္ အေၾကာင္းမွ်ေဝလာတဲ့ ခ်စ္သုေဝ

Posted on

အဆိုတော်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ချစ်သုဝေကို ပရိသတ်တွေနဲ့ အထူးတလည် မိတ်ဆက်ပေးဖို့ မလိုလောက်ဘူးထင်ပါတယ်။ ချစ်သုဝေကတော့ အိမ်ထောင်ကျပြီး ကတည်းက အနုပညာလုပ်ငန်းတွေကို ရပ်နားထားပြီး ပရဟိတလုပ်ငန်းတွေကို ခင်ပွန်းဖြစ်သူ လင်းလင်းနဲ့အတူ တွဲရက်ပြီး လုပ်ကိုင်ဆောင်ရွက်နေလျက်ရှိပါတယ်။ သူမဟာဆိုရင် ချစ်စရာကောင်းလွန်းတဲ့ သမီးလေးနှစ်ယောက်နဲ့အတူ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။

Covidကာလမှာ လိုအပ်နေတဲ့သူတွေအတွက် အလှူရှင်တွေထံက ရရှိထားတဲ့ အလှူငွေတွေနဲ့ ကိုယ်တိုင်သွားရောက်လှူဒါန်းပေးလေ့ရှိတာကိုလည်း တွေ့ရမှာပါပဲနော်။ အောက်တိုဘာ(၂၈)ရက်နေ့မှာတော့ ချစ်သုဝေက”Messenger ထဲပုံလေးတစ်ပုံဝင်လာတယ်။မင်္ဂလာပါ ပရဟိတ နဲ့ Clean Yangonရဲ့ ပဲ့ကိုင် ကိုဇေပို့တာ “အိမ်” ပုံပြိုနေတာလား??? မြေကြီးထဲနစ်ဝင်နေတာလားတံခါးပေါက်လည်းမရှိ😞ဘဝတွေဟာ ခါးတယ်။ဒီCOVIDဟာ ကိုယ့်ကိုသင်ပေးတာတွေအများကြီး ဒါ လုပ်ကိုလုပ်ပေးရမှာမို့ခြေတံရှည်

လုံခြုံမယ့်အိမ်လေးဖြစ်စေဖို့,,ဖေရေ မေတို့ အိမ်လေးပြန်ဆောက်ပေးကြမယ်လို့တောင်မပြောရသေးဘူး ကိုယ့်လူက မျက်ရည်တွေနဲ့မိန်းမရယ် ပြတဲ့ပုံတွေရယ်မြင်တာနဲ့ ဖေတို့ ဆောက်ပေးကြမယ်တဲ့ ဒီနေ့ အရောက်သွားကြည့်ခဲ့တယ်။ကြီးကြပ်ပေးမယ့် ကိုဇေတို့ ကျေးဇူးပါ “လို့ဆိုပြီး ဆင်းရဲချို့တဲ့လွန်းတဲ့ မြေးအဖိုးနှစ်ယောက်အတွက် နေစရာအိမ်လေးကို ပြန်လည်ပြုပြင်ဆောက်ပေးချင်တဲ့အကြောင်းကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။ချစ်သုဝေတို့ ဇနီးမောင်နှံရဲ့ မွန်မြတ်လွန်းတဲ့စိတ်ထားလေးကို ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးမိမယ်လို့ ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source….Chit Thu Wai’s Facebook

zawgyi

အဆိုေတာ္သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ ခ်စ္သုေဝကို ပရိသတ္ေတြနဲ႔ အထူးတလည္ မိတ္ဆက္ေပးဖို႔ မလိုေလာက္ဘူးထင္ပါတယ္။ ခ်စ္သုေဝကေတာ့ အိမ္ေထာင္က်ၿပီးကတည္းက အႏုပညာလုပ္ငန္းေတြကို ရပ္နားထားၿပီး ပရဟိတလုပ္ငန္းေတြကို ခင္ပြန္းျဖစ္သူ လင္းလင္းနဲ႔အတူ တြဲရက္ၿပီး လုပ္ကိုင္ေဆာင္႐ြက္ေနလ်က္ရွိပါတယ္။ သူမဟာဆိုရင္ ခ်စ္စရာေကာင္းလြန္းတဲ့ သမီးေလးႏွစ္ေယာက္နဲ႔အတူ သာယာတဲ့ မိသားစုဘဝေလးကို ပိုင္ဆိုင္ထားတဲ့သူတစ္ဦးပဲျဖစ္ပါတယ္။

Covidကာလမွာ လိုအပ္ေနတဲ့သူေတြအတြက္ အလႉရွင္ေတြထံက ရရွိထားတဲ့ အလႉေငြေတြနဲ႔ ကိုယ္တိုင္သြားေရာက္လႉဒါန္းေပးေလ့ရွိတာကိုလည္း ေတြ႕ရမွာပါပဲေနာ္။ ေအာက္တိုဘာ(၂၈)ရက္ေန႔မွာေတာ့ ခ်စ္သုေဝက”Messenger ထဲပုံေလးတစ္ပုံဝင္လာတယ္။မဂၤလာပါ ပရဟိတ နဲ႔ Clean Yangonရဲ႕ ပဲ့ကိုင္ ကိုေဇပို႔တာ “အိမ္” ပုံၿပိဳေနတာလား??? ေျမႀကီးထဲနစ္ဝင္ေနတာလားတံခါးေပါက္လည္းမရွိ😞ဘဝေတြဟာ ခါးတယ္။ဒီCOVIDဟာ ကိုယ့္ကိုသင္ေပးတာေတြအမ်ားႀကီး ဒါ လုပ္ကိုလုပ္ေပးရမွာမို႔ေျခတံရွည္

လုံၿခဳံမယ့္အိမ္ေလးျဖစ္ေစဖို႔,,ေဖေရ ေမတို႔ အိမ္ေလးျပန္ေဆာက္ေပးၾကမယ္လို႔ေတာင္မေျပာရေသးဘူး ကိုယ့္လူက မ်က္ရည္ေတြနဲ႔မိန္းမရယ္ ျပတဲ့ပုံေတြရယ္ျမင္တာနဲ႔ ေဖတို႔ ေဆာက္ေပးၾကမယ္တဲ့ ဒီေန႔ အေရာက္သြားၾကည့္ခဲ့တယ္။ႀကီးၾကပ္ေပးမယ့္ ကိုေဇတို႔ ေက်းဇူးပါ “လို႔ဆိုၿပီး ဆင္းရဲခ်ိဳ႕တဲ့လြန္းတဲ့ ေျမးအဖိုးႏွစ္ေယာက္အတြက္ ေနစရာအိမ္ေလးကို ျပန္လည္ျပဳျပင္ေဆာက္ေပးခ်င္တဲ့အေၾကာင္းကို လူမႈကြန္ယက္စာမ်က္ႏွာေပၚမွာ တင္ေပးလာခဲ့တာပဲျဖစ္ပါတယ္။ခ်စ္သုေဝတို႔ ဇနီးေမာင္ႏွံရဲ႕ မြန္ျမတ္လြန္းတဲ့စိတ္ထားေလးကို ၾကည့္ၿပီး ပရိသတ္ေတြလည္း ၾကည္ႏူးမိမယ္လို႔ ထင္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ေတြအားလုံးသာယာေပ်ာ္႐ႊင္တဲ့ေန႔ရက္ေလးေတြကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္ေနာ္။

Source….Chit Thu Wai’s Facebook

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.