ဒေါင်းနဲ့အတူ ရုပ်ရှင်ကားရိုက်ကူးဖို့ ဆေးလိပ်သောက်တက်အောင်လေ့ကျင့်နေတဲ့ နေခြည်ဦး

Posted on

၂၀၁၈ခုနှစ်ကစပြီး ယခု၂၀၁၉ အထိကို သူတို့ရဲ့ ခေတ်လို့ပြောရမလိုဖြစ်နေတဲ့ နိုင်ငံကျော် အနုပညာရှင်တွေ ပျိုပျိုမေတို့အသဲကျော် သရုပ်ဆောင်ဒေါင်းနဲ့ နေခြည်ဦးတို့ဟာ သူတို့နှစ်ယောက်ပေါင်းပြီးပုံဖော်ရိုက်ကူးကြမယ့် ရုပ်ရှင်ကားကြီးတစ်ရှိလာပြီလို့သိရပါတယ်။ နေခြည်ဦးနဲ့ ဒေါင်းတို့ဟာ ၂၀၁၇ခုနှစ်အတွင်းက တစ်ခါဆုံဘူးကြပြီး အဲ့ဒီအချိန်မှာ ထဲက သူတို့နှစ်လုံးဟာ ပရိသတ်တွေကိုယ်ဆီ ရရှိထားပြီးဘဲ ဖြစ်ပါတယ်။ အဆိုပါရုပ်ရှင်ဇာတ်ကားကြီးကို နေခြည်ဦး ပထမဆုံးအကြိမ် ရိုက်ကူးခဲ့တဲ့ ရန်သူ ရိုက်ကူးထုတ်လုပ်တဲ့ ရွှေစင်ဦးကနေဘဲ ရိုက်ကူးမှာဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါရုပ်ရှင်ဇာတ်ကားကြီးအတွက် နေခြည်ဦးကတော့ ဆေးလိပ်တွေသောက်နေပြီး၊ နှာခေါင်းဖောက်ဖို့ လုပ်နေတယ်လို့ ဆိုကာအင်တာဗျူးမှာဖြေကြားခဲ့ပါတယ်။ “ခုရိုက်မယ့်ကားမှာ ကာရိုက်တာက သိပ်ပြီး ဂရုမစိုက်တက်တဲ့ကောင်မလေး အရက်တွေသောက်တယ် ဆေးလိပ်တွေသောက်တယ် ဘ၀ကအေးဆေးဘဲဆိုတဲ့ ကောင်မလေးဆိုတော့ အဲ့ကာရိုက်တာကိုနေခြည်သွင်းနေတော့ ၀ိတ်ချနေတယ် နှခေါင်းဖောက်တယ် ဆေးလိပ်သောက်တယ် အဲ့လိုကာရိုက်တာဖြစ်ဖို့ ကြိုးစားနေတယ် နောက်တစ်ပတ်လောက်ဆိုရိုက်တော့မှာပါ” လို့ဆိုပြီး နေခြည်ဦးကပြောပါတယ်။

နေခြည်ဦးဟာ ရန်သူဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို စတင်ရိုက်ကူးခဲ့ပြီးနောက်မှာတော့ ဧည့်သည်ရုပ်ရှင်ဇာတ်ကား တို့နဲ့ အထိုက်အလျှာက်အောင်မြင်ခဲ့ပြီး ခုမကြာခင်မှာလဲ ပုရိသရုပ်ရှင်ဇာတ်ကားကြီး ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခြားသော ရုပ်ရှင်ဇာတ်ကားကြီးတွေ ထပ်မံရိုက်ကူးထားပြီး၊ နောက်ထပ်မကြာခင်မှာ လဲ မိုရီဆာကီဝင်း နဲ့အတူ ရုပ်ရှင်ဇာတ်လမ်းတွဲတစ်ခုလဲ ရိုက်ကူးဖို့ရှိနေတယ်လို့ သိရပါတယ်။

ဒေါင်းကတော့ ပုဂံမြို့သူရုပ်ရှင်ဇာတ်လမ်းတွဲ နဲ့ ပရိသတ်တွေကြားနာမည်ကြီးခဲ့ ပြီး အဲ့ဒီနောက်မှာတော့ လိပ်ပြာစံအိမ်၊ မကြာသေးခင်ကမှ ရုံတင်ပြသ အောင်မြင်ခဲ့တဲ့ ဒဏ္ဍာရီမိုး စတဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့လဲ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုတွေ ရရှိခဲ့တာဘဲ ဖြစ်ပါတယ်။ သူဟာ ၀တ်လဲတော်ရွှေပုဆိုး တန်းထိုးလို့ကြိုမယ် ရုပ်ရှင်ဇာတ်ကားကြီးကို လဲ ၂၀၂၀ခုနှစ်အစမှာရိုက်ကူးမှာဖြစ်ပြီး လက်ရှိမှာတော့နေခြည်ဦးနဲ့ အတူ ဒါရိုက်တာ မီးပွားစီစဉ်တဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဖတ်ရှု့ပေးကြတဲ့ချစ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။ မကြာခင်မှာလဲ နေခြည်ဦးနဲ့ ဒေါင်းတို့ရဲ့ ပုံရိပ်တွေကို အတူယှဉ်တွဲ တွေ့မြင်ရတော့မှာမို့ စောင့်မျှော်ကြည့်ရှု့ပေးကြပါဦးနော်။

Source – momolay tv

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.