ဒေဝကို အသားလွတ် ဆဲဆိုမှုတွေကြောင့် စိတ်မကောင်းဖြစ်နေတဲ့ ယုန်လေး

Posted on

ပရိသတ်ကြီးရေ ၊ လက်ဝှေ့ကျော် ဒေဝတစ်ယောက် ယုန်လေးနဲ့ ရုပ်ရိုက်တော့မယ် ဆိုတဲ့ သတင်းက ပရိသတ်တွေကို ပွဲဆူစေခဲ့ပါတယ် ။ အဆိုပါကိစ္စကြောင့် ဒေဝ ကို ပရိသတ်တွေက နည်းအမျိုးမျိုးနဲ့ ဝေဖန်ခဲ့ကြတာပါ ။

ယုန်လေးကတော့ အခုလို သူ့ကြောင့် ဒေဝဝေဖန်ခံရတဲ့အတွက် တော်တော်လေး စိတ်ထိခိုက်သွားတာပါ ။ ယုန်လေးက “ကျွန်တော် ငပေါကားလည်း မရိုက်ဖူးပါဘူး ။အခုလည်း ရိုက်ဖို့ မသေချာသေးပါဘူး ။Original Gangster 3 တောင်ဆင်ဆာမရသေးတာ အားလုံးအသိပါ ။ Tattoo ဆိုင်မှာဆုံလို့ ရိုက်ထားတဲ့ထွေလာလေးတွေပြ စကားပြောရုံပါ။
Myanmar Country ကိုသူချစ်တယ် ။(Dave loves Myanmar and Myanmar people. So I am warmly welcomed as Myanmar )
အဲ့ဒါကြောင် မြန်မာတစ်ယောက်အနေနဲ့ လိုက်လိုက်လှဲလှဲ ကြိုဆိုတယ် ။ Dave Page အောက်မှာ .
ဘာရိုက်မှာလဲ ဘာလုပ်မှာလဲ . လုပ်ဖြစ်မှာလား မလုပ်ဖြစ်မှာလား ဘာမှန်းမသိပဲ မကောင်းပြောကျတဲ့
လူတွေမြင်တော့ တော်တော်စိတ်ပျက်မိတယ် ။” ဆိုပြီး လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ ရေးသားထားတာပါ

ဆက်လက်ပြီး “နိုင်ငံခြားသား တစ်ယောက်အနေနဲ့ မြန်မာအချင်းချင်း အဲ့လိုတွေ ဆဲဆိုနေတာ မကောင်းမြင်တာတွေ ပြန်သိမှာပဲ။စိတ်မကောင်းဖြစ်မိတယ် . ကျွန်တော်ချစ်တဲ့ မြန်မာပြည်မှာ အဲ့လိုလူတွေရှိနေတာလဲ ရှက်မိတယ် ။ အသစ်တွေဖန်တီးချင်လို့ စဉ်းစားတယ် ခင်များတိုကြောင့် ကျွန်တော်အရှက်ရတယ် ။ ဘာမှလည်း ဆက်မလုပ်တော့ပါဘူး ခင်များတို့ဆဲဆိုမူ့တွေအောင်မြင်ပါတယ် ။
ကျွန်တော် သူနဲ့ဘာမှမလုပ်တော့ပါဘူး ။ခင်များတို့ အလုပ်တွေလည်း အမြဲတန်း အနှောင့်ယှက်မရှိ အဆင်ပြေပါစေ . .” ဆိုပြီးရေးသားထားတာပါ ။ပေါကားဘယ်တော့မှ မရိုက်ဘူးတဲ့ ယုန်လေးအတွက် မှတ်ချက်ကနေ တစ်ခုခုပြောပေးခဲ့ကြပါဦး ။
Source – Yone Lay
Noe Now May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.