


 


Source – Min Htaw / Han Nyein OO

NoeNoeMay Ju Ju

တေးရေးငြိမ်းချမ်းကို ကို ရိုက်နှက်ဖမ်းဆီးခဲ့သူရဲ့ အကြောင်းများ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့

ပရိသတ်ကြီးရေ ၊ မူးယစ်ဆေးဝါးမှုနဲ့ ထိန်းသိမ်းစဉ်မှာပါဝင်ခဲ့တဲ့ တာဝန်ရှိသူတစ်ယောက်ရဲ့ အကြောင်းတွေကို လူမှုကွန်ရက်ပေါ်မှာ ဖွင့်ချခံလိုက်ရတယ်လို့သိရပါတယ်။ဖမ်းဆီးခဲ့စဉ်က မညှာမတာ လူပုံအလယ်မှာ ရိုက်နှငက်ခဲ့တဲ့ အဆိုပါ ပုဂ္ဂိုလ်ဟာ ရဲဝန်ထမ်းအစစ် မဟုတ်ဘူးလို့လည်း ပြောဆိုနေကြပါပြီ။

Han Nyein Oo အကောင့်က “ဖြိုးပြည့်စုံတို့ကိုချောက်ချတာဒီကောင်ပါ ဘယ်အဖွဲ့အစည်းကမှမဟုတ်ပဲ ရဲတွေနာမည်ပျက်အောင်ရိုက်ပီးဖမ်းတဲ့ကောင်ပါဘာကောင် မှ မဟုတ်ပါဘူး
မူးယစ်သတင်းပေးအင်ဖော်မာအဆင့်ပါ ဘာသောက်မှလည်းမရှိပါဘူး
အရင်ကသူကိုယ်တိုင်ဆေးချနေတဲ့ကောင်ပါအရင်ကတာမွေမှာနေတယ် ခုတော့မသိ
သူ့အဖေကတက်စီမောင်းတယ်အသက်က၂၃ကဲဘာသိချင်သေးလည်းကျုပ်တာဝန်ကျေပီ” ဆိုပြီးရေးသားဖော်ထုတ်ထားသလို ၊Min Htaw အကောင့်ကပိုင်ရှင် က အဆိုပါ ပုဂ္ဂိုလ်ရဲ့ လူမှုကွန်ရက်စာမျက်နှာ နဲ့ ရေးသားချက်တွေကို ဖော်ထုတ်ခဲ့ပါတယ်။

ဖမ်းဆီးတဲ့အခါ ရိုက်နှက်တဲ့ ရဲဝန်ထမ်းကို ဥပဒေအရ အပြစ်ပေးနိုင်တယ်လို့လည်း သိရတာပါ ။ အခုလို ကျယ်ကျယ်လောင်လောင်အသံတွေထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး မှတ်ချက်ကနေ တစ်ခုခုသုံးသပ်ပေးခဲ့ကြပါဦး ။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.