ေတးသံရွင္ ၿဖိဳးျပည့္စုံတို႔ကို ျပန္လႊတ္ရသည့္အေၾကာင္းအရင္း …

မူးယစ္ေဆးဝါးမႈျဖင့္ ဖမ္းဆီးခံရသည့္ အဆိုေတာ္ၿဖိဳးျပည့္စုံအပါအဝင္ သုံးဦးအား ရဲတပ္ဖြဲ႕က ဖမ္းဆီးၿပီး ႏွစ္ရက္အၾကာတြင္ အေထာက္အထားမခိုင္လုံသျဖင့္ ျပန္လႊတ္ေပးခဲ့သည္။

ယင္းသို႔ ျပန္လႊတ္ေပးခဲ့ျခင္းႏွင့္ ပတ္သက္ၿပီး မူးယစ္အထူးတပ္ဖြဲ႕မွ အႀကီးတန္းရဲအရာရွိတစ္ဦး၏ ေျပာၾကားခ်က္ကို ေဖာ္ျပလိုက္ပါသည္။

“သူတို႔ကို ျပန္လႊတ္ေပးတာဟုတ္ပါတယ္။ ဓာတုေဗဒဝန္႐ုံး(ရန္ကုန္) စစ္ခ်က္မွာက မူးယစ္ေဆးဝါး အာနိသင္မရွိဘူးေပါ့ကြာ။ မရွိဘူးဆိုေတာ့ အဲဒီကေနၿပီးေတာ့ ဗဟန္းစခန္းမွာ ဥပေဒအႀကံျပဳခ်က္ေတာင္းၿပီးေတာ့ ဥပေဒအႀကံျပဳခ်က္နဲ႔အညီ ျပန္လႊတ္လိုက္တာေပါ့။

မူးယစ္ေဆးဝါးသတင္းေပးတဲ့အခါက်ေတာ့ သတင္းအရ တို႔ကသြားၿပီးေတာ့ ဖမ္းရတာကိုး။ တို႔ကလည္း ဖမ္းဆီးတဲ့အဖြဲ႕မွာရွိတဲ့ Test Stickနဲ႔ စမ္းလိုက္တဲ့အခါက်ေတာ့ Test Stick မွာ ေဖာ္ျပထားတဲ့ အမွတ္အသားေတြက ဒီကာလာဆိုရင္ ဒီအမ်ိဳးအစား၊

ဒီကာလဆိုရင္ ဒီမူးယစ္အမ်ိဳးအစား။ ဒါက Pre Test ေပါ့။ စစ္လိုက္ေတာ့ သူ႔အမ်ိဳးအစားနဲ႔ သြားတူေနတဲ့အတြက္ တို႔က အမႈဖြင့္တယ္။ ေနာက္တခါ မူးယစ္ေဆးဝါးဆိုတာကလည္း အမႈဖြင့္ၿပီးေတာ့မွ ဓာတုေဗဒဝန္႐ုံးမွာ စစ္လို႔ရတယ္။

တရားဝင္ေပါ့ေနာ္။ တို႔က စဖမ္းတည္းက မူးယစ္ေဆးဝါးဟု ယူဆရေသာဆိုၿပီးေတာ့ ဖမ္းထားတာ။ ဖမ္းထားၿပီးေတာ့ အခုဟာက ဓာတုေဗဒဝန္႐ုံးကို ရဲစခန္းကေနပို႔ၿပီး စစ္လိုက္တာ။ ဥပေဒအသုံးအႏႈံးအရဆိုရင္ေတာ့ မူးယစ္ေဆးဝါးဟု ယူဆရေသာေပါ့။

စစ္လိုက္တဲ့အခါမွာ မူးယစ္ေဆးဝါး အာနိသင္မရွိဘူး။ ဒီအမႈက အၿပီးအျပတ္လႊတ္တယ္ဆိုတာ ရာဇဝတ္က်င့္ထုံး ဥပေဒပုဒ္မ ၁၆၉ အရ အၿပီးအျပတ္လႊတ္တာ။ ဒီအမႈနဲ႔ သူ႔ကို တရားမစြဲေတာ့ဘူး။ တရားစြဲဖို႔ အေထာက္အထားမရွိေတာ့ဘူး”

Credit Eleven

Unicode
တေးသံရှင် ဖြိုးပြည့်စုံတို့ကို ပြန်လွှတ်ရသည့်အကြောင်းအရင်း …

မူးယစ်ဆေးဝါးမှုဖြင့် ဖမ်းဆီးခံရသည့် အဆိုတော်ဖြိုးပြည့်စုံအပါအဝင် သုံးဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး နှစ်ရက်အကြာတွင် အထောက်အထားမခိုင်လုံသဖြင့် ပြန်လွှတ်ပေးခဲ့သည်။

ယင်းသို့ ပြန်လွှတ်ပေးခဲ့ခြင်းနှင့် ပတ်သက်ပြီး မူးယစ်အထူးတပ်ဖွဲ့မှ အကြီးတန်းရဲအရာရှိတစ်ဦး၏ ပြောကြားချက်ကို ဖော်ပြလိုက်ပါသည်။

“သူတို့ကို ပြန်လွှတ်ပေးတာဟုတ်ပါတယ်။ ဓာတုဗေဒဝန်ရုံး(ရန်ကုန်) စစ်ချက်မှာက မူးယစ်ဆေးဝါး အာနိသင်မရှိဘူးပေါ့ကွာ။ မရှိဘူးဆိုတော့ အဲဒီကနေပြီးတော့ ဗဟန်းစခန်းမှာ ဥပဒေအကြံပြုချက်တောင်းပြီးတော့ ဥပဒေအကြံပြုချက်နဲ့အညီ ပြန်လွှတ်လိုက်တာပေါ့။

မူးယစ်ဆေးဝါးသတင်းပေးတဲ့အခါကျတော့ သတင်းအရ တို့ကသွားပြီးတော့ ဖမ်းရတာကိုး။ တို့ကလည်း ဖမ်းဆီးတဲ့အဖွဲ့မှာရှိတဲ့ Test Stickနဲ့ စမ်းလိုက်တဲ့အခါကျတော့ Test Stick မှာ ဖော်ပြထားတဲ့ အမှတ်အသားတွေက ဒီကာလာဆိုရင် ဒီအမျိုးအစား၊

ဒီကာလဆိုရင် ဒီမူးယစ်အမျိုးအစား။ ဒါက Pre Test ပေါ့။ စစ်လိုက်တော့ သူ့အမျိုးအစားနဲ့ သွားတူနေတဲ့အတွက် တို့က အမှုဖွင့်တယ်။ နောက်တခါ မူးယစ်ဆေးဝါးဆိုတာကလည်း အမှုဖွင့်ပြီးတော့မှ ဓာတုဗေဒဝန်ရုံးမှာ စစ်လို့ရတယ်။

တရားဝင်ပေါ့နော်။ တို့က စဖမ်းတည်းက မူးယစ်ဆေးဝါးဟု ယူဆရသောဆိုပြီးတော့ ဖမ်းထားတာ။ ဖမ်းထားပြီးတော့ အခုဟာက ဓာတုဗေဒဝန်ရုံးကို ရဲစခန်းကနေပို့ပြီး စစ်လိုက်တာ။ ဥပဒေအသုံးအနှုံးအရဆိုရင်တော့ မူးယစ်ဆေးဝါးဟု ယူဆရသောပေါ့။

စစ်လိုက်တဲ့အခါမှာ မူးယစ်ဆေးဝါး အာနိသင်မရှိဘူး။ ဒီအမှုက အပြီးအပြတ်လွှတ်တယ်ဆိုတာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၁၆၉ အရ အပြီးအပြတ်လွှတ်တာ။ ဒီအမှုနဲ့ သူ့ကို တရားမစွဲတော့ဘူး။ တရားစွဲဖို့ အထောက်အထားမရှိတော့ဘူး”

Credit Eleven

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.