ပရိသတ်ကြီးရေ လက်ရှိ လူမှုကွန်ရက်ပေါ်မှာ ရေပနစားနေတဲ့ ကျင့်စဉ်တစ်ခုက သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ ဆာင်ဆယ်ပင်အဓိဌာန်ပါ။ အဆိုပါ အဓိဌာန် ကို ပေါ်ပင်သဘော လုပ်လာသူတွေနဲ့ ပတ်သက်ပြီး နိုင်ငံကျော် ဒီဇိုင်နာ ပြည်စိုးအောင်က ချက်ကျလက်ကျ ဝုန်းလိုက်ပါပြီ။
ပြည်စိုးအောင်ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ”ညောင်ပင်တွေရှေ့ ငုတ်တုတ်ထိုင်ပီး
ပဌာန်း၁၀ခေါက်ရွတ်တယ်လို့
မပြောပါနဲ့လား
နားကလော လို့ပါ
၂၄ပစ္စည်း ၁၀ခေါက်ရွတ်တယ်လို့ပဲ ပြော။” ဆိုပြီး သူ့အမြင်ကိုရေးသားထားတာပါ။”ငါ့ အိမ်ကနေ အထွက်ကထဲက
ကားပေါ်မှာ ရွတ်သွားတာ
၉ခေါက်တိတိ အပြည့်မှာ
နေပြည်တော် ရောက်တယ်။”
”မန်းလေးထိကို ဆို
၂၄ခေါက်ရအောင် မနဲ ရွတ်ရတယ်။
နံမည်ကြီးချင်လို့သာ လိုက်လုပ်ရ
အမောင် တောင်မှန်း မြောက်မှန်းမသိ ….
ပဌာန်းအခေါက်၁၀၀ တထိုင်ထဲ
ရွတ်တယ်ဆိုရင်နင့်ဟာကအမေရိကန်ပြည်တောင် ရောက်လုပီ ” လို့ သူ့ရဲ့တွေ့ရှိချက်ကိုရေးသားထားပါတယ်။ ပရိသတ်ကြီးလည်း ပြည်စိုးအောင်ရဲ့ထောက်ပြမှုအပေါ်မှတ်ချက်ပေးခဲ့ကြပါဦး
Source – Pyi Soe Aung
Noe Noe May Ju Ju