“ဆေးရုံတွေကိုလှူဒါန်းမယ့်ပစ္စည်းတစ်ချို့တစ်ဝက်သူမဆီရောက်ရှိနေပြီဖြစ်ကြောင်း ​အသိပေးပြောပြခဲ့တဲ့သံသာမိုးသိမ့်”

Posted on

ပရိသတ်ကြီးရေ သံသာမိုးသိမ့်ကတော့ ပရိသတ်တွေတခဲနက်အားပေးခဲ့တဲ့ ကျွန်မကမဟေသီဇာတ်လမ်းတွဲမှာ မိန်းမချောအဖြစ်ပါဝင်သရုပ်ဆောင်ပြီးနောက် အားပေးတဲ့ပရိသတ်တွေပိုမိုများပြားလာခဲ့တာပါနော်။ ပရိသတ်တွေအထူးစိတ်ဝင်စားခဲ့တဲ့ ဇာတ်လမ်းတွဲဖြစ်တဲ့ ”အချစ်ဖွဲ့လေညင်း” ဇာတ်လမ်းတွဲမှာလည်း ခေါင်းဆောင်မင်းသမီးမေပျိုဖြူအဖြစ်ပါဝင်ခဲ့တာပါ။

သူမကတော့ အမြဲပွင့်လင်းစွာ စကားကို ပြောတတ်သူဖြစ်ပြီး လတ်တလောမှာလည်း ဆေးရုံတစ်ချို့အတွက်အလှူငွေကောက်ခံနေတာဖြစ်ပြီး ” ပစ္စည်းတွေစရောက်ပါပြီ 💜 Mask ဆိုလည်း ဆရာဝန်တွေအတွက် အပြည့်ဝလုံခြုံမှုပေးနိုင်တဲ့ N95 medical grade တစ်ခုကို ၆၂၀၀ တန်တွေချည်းပဲဝယ်ထားပါတယ် အလှူရှင်များအားကျေးဇူးအရမ်းတင်ပါတယ်နော် 🖤 ဘဝတစ်ခုမှာအလှူတစ်ခု တူတူပြုရတာ အရင်ဘဝကလည်းရေစက်ပါလို့ နောက်ဘဝလည်းရေစက်စက်မာမလို့တဲ့ 🙏🏻 ”ဆိုတဲ့စာလေးနဲ့ ပြောပြခဲ့တာပါ။

လိုအပ်တဲ့နေရာတွေကိုတစ်ထောင့်တစ်နေရာကအမြဲကူညီတတ်တဲ့ သံသာမိုးသိမ့်ရဲ့အလှုမှာ ပါဝင်လှူဒါန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်နော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Source : ThanThar Moe Theint

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.