ေဆးရံုေရာက္ျပီး (၄) ရက္အတြင္းမွာ အနံ့ျပန္ရခဲ့တဲ့အေၾကာင္းကို ရယ္စရာအမွတ္တရေလးေတြနဲ့ ေျပာျပလာခဲ့တဲ့ ေနလင္း

Posted on

ပြည်သူချစ် ဇာတ်ပို့၊ ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ နေလင်းကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ဇာတ်လမ်းဇာတ်အိမ်ကို အရှိန်အဟုန်မြင့်စေအောင် ကူညီပံ့ပိုးပေးရတဲ့ အရေးပါတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်ပါတယ်။ လက်ရှိမှာတော့ နေလင်းက Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရလို့ ဧရာဝတီကိုဗစ်စင်တာမှာ ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ ကိုဗစ်လူနာဖြစ်ပေမယ့် ဆရာဝန်ကြီးတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေကြောင့် တစ်နေ့ထက်တစ်နေ့ နေကောင်းသက်သာလာတဲ့ နေလင်းက ဒီကနေ့မှာတော့ ဆေးရုံရောက်တဲ့ (၄) ရက်အတွင်းမှာ အနံ့ပြန်ရခဲ့တဲ့အကြောင်း ရယ်စရာအမှတ်တရလေးတွေနဲ့ အခုလိုပဲ ပြောပြလာပါတယ်။

“မင်္ဂလာပါ။ ဒီနေ့မနက်အစကတော့တကယ့်ကို မင်္ဂလာပါပဲ အိပ်ယာနိုးလို့ထပြီး Maskလေးတပ် မျက်နှာသစ်ဖို့ရေချိုးခန်းကိုရောက်သွားချိန်မှာအရမ်းကိုပျော်သွားပါတယ်။ ဆပ်ပြာအနံ့ပေါင်းစုံဟာ ကျွန်တော်လိုအနံ့ပျောက်သတ္တဝါလေးရဲ့နှာ‌ခေါင်းကို Maskရဲ့အကာအကွယ်ကိုကျော်ဖြတ်လို့ရောက်ရှိလာပါတော့တယ်။ ကျွန်တော်ရဲ့အာရုံခံစနစ်များဟာ မောင်ငဗစ်ကိုစတင်တိုက်ခိုက်အနိုင်ယူနေပြီဆိုတာကိုသိလိုက်ရလို့ပါပဲ။ ဒါတင်ပဲလားဆိုတော့မကသေးပါဘူး။ အိမ်သာထဲဝင်ကမုတ်ကိုဖွင့်ထိုင်လိုက်ချိန်မှာလည်း အင်မတန်မှတန်ဖိုးရှိသောအနံ့ကလေးကလည်း ကျွန်တော့်ကိုထပ်ဆင့်ပျော်စေရပါတယ်”

“လူတစ်ယောက်အတွက်ဘာအရေးကြီးဆုံးလဲဆိုတာကိုအယ့်မှာပိုသိသွားခဲ့ရပါတယ်။ ဆာလောင်နေသူအတွက်ကဝမ်းပြည့်ဖို့ဟာအဓိကပါ။ ပူလောင်သူအတွက်အေးချမ်းဖို့ကလည်းအရေးကြီးဆုံးပါပဲ။ အဲ့ဒါကြောင့် အနံ့ပျောက်သူအတွက်ဟာ အနံ့တိုင်းဟာ တန်ဖိုးရှိနေတော့တာပါပဲ။ ဒါပေမယ့် တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်အနံ့ပြန်ရတဲ့နေ့မှာပဲ ကျွန်တော့်ကိုခွန်အားဖြစ်စေခဲ့တဲ့
PPE အောက်ကမျက်ဝန်းတစုံလေးဟာဘယ်ကိုပျောက်သွားမှန်းမသိ ရှာဖွေလို့မရတော့ပါဘူးခင်ဗျာ။ အော် ကံဆိုးကံကောင်းပါလားနော် အနံ့လေးတောင် မရှူလိုက်ရပါလား 😁😁😁😂😂😂💪” ဆိုပြီး ရယ်စရာပြောလာပါတယ်။

နေလင်းကတော့ ကိုဗစ်ရောဂါပိုးကို ကူးစက်ခံထားရတယ်ဆိုပေမယ့် စိတ်ဓာတ်လုံးဝမကျပဲ မှန်ကန်တဲ့ ဆေးကုသမှုတွေ ခံယူရင်း ပေ့ါပေါ့ပါးပါးသာ ဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ နေလင်းတစ်ယောက် အမြန်ဆုံး ရောဂါပျောက်ကင်းပြီး ဆေးရုံပေါ်က ဆင်းရပါစေနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Nay Linn’s fb

zawgyi

ျပည္သူခ်စ္ ဇာတ္ပို႔၊ ဇာတ္ရံ သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္တဲ့ ေနလင္းကေတာ့ ႐ုပ္ရွင္နဲ႔ ဗီဒီယိုဇာတ္ကားေတြမွာ ဇာတ္လမ္းဇာတ္အိမ္ကို အရွိန္အဟုန္ျမင့္ေစေအာင္ ကူညီပံ့ပိုးေပးရတဲ့ အေရးပါတဲ့ သ႐ုပ္ေဆာင္တစ္ေယာက္ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေနလင္းက Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရလို႔ ဧရာဝတီကိုဗစ္စင္တာမွာ ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။ ကိုဗစ္လူနာျဖစ္ေပမယ့္ ဆရာဝန္ႀကီးေတြနဲ႔ က်န္းမာေရးဝန္ထမ္းေတြေၾကာင့္ တစ္ေန႔ထက္တစ္ေန႔ ေနေကာင္းသက္သာလာတဲ့ ေနလင္းက ဒီကေန႔မွာေတာ့ ေဆး႐ုံေရာက္တဲ့ (၄) ရက္အတြင္းမွာ အနံ႔ျပန္ရခဲ့တဲ့အေၾကာင္း ရယ္စရာအမွတ္တရေလးေတြနဲ႔ အခုလိုပဲ ေျပာျပလာပါတယ္။

“မဂၤလာပါ။ ဒီေန႔မနက္အစကေတာ့တကယ့္ကို မဂၤလာပါပဲ အိပ္ယာႏိုးလို႔ထၿပီး Maskေလးတပ္ မ်က္ႏွာသစ္ဖို႔ေရခ်ိဳးခန္းကိုေရာက္သြားခ်ိန္မွာအရမ္းကိုေပ်ာ္သြားပါတယ္။ ဆပ္ျပာအနံ႔ေပါင္းစုံဟာ ကြၽန္ေတာ္လိုအနံ႔ေပ်ာက္သတၱဝါေလးရဲ႕ႏွာ‌ေခါင္းကို Maskရဲ႕အကာအကြယ္ကိုေက်ာ္ျဖတ္လို႔ေရာက္ရွိလာပါေတာ့တယ္။ ကြၽန္ေတာ္ရဲ႕အာ႐ုံခံစနစ္မ်ားဟာ ေမာင္ငဗစ္ကိုစတင္တိုက္ခိုက္အႏိုင္ယူေနၿပီဆိုတာကိုသိလိုက္ရလို႔ပါပဲ။ ဒါတင္ပဲလားဆိုေတာ့မကေသးပါဘူး။ အိမ္သာထဲဝင္ကမုတ္ကိုဖြင့္ထိုင္လိုက္ခ်ိန္မွာလည္း အင္မတန္မွတန္ဖိုးရွိေသာအနံ႔ကေလးကလည္း ကြၽန္ေတာ့္ကိုထပ္ဆင့္ေပ်ာ္ေစရပါတယ္”

“လူတစ္ေယာက္အတြက္ဘာအေရးႀကီးဆုံးလဲဆိုတာကိုအယ့္မွာပိုသိသြားခဲ့ရပါတယ္။ ဆာေလာင္ေနသူအတြက္ကဝမ္းျပည့္ဖို႔ဟာအဓိကပါ။ ပူေလာင္သူအတြက္ေအးခ်မ္းဖို႔ကလည္းအေရးႀကီးဆုံးပါပဲ။ အဲ့ဒါေၾကာင့္ အနံ႔ေပ်ာက္သူအတြက္ဟာ အနံ႔တိုင္းဟာ တန္ဖိုးရွိေနေတာ့တာပါပဲ။ ဒါေပမယ့္ တိုက္တိုက္ဆိုင္ဆိုင္ ကြၽန္ေတာ္အနံ႔ျပန္ရတဲ့ေန႔မွာပဲ ကြၽန္ေတာ့္ကိုခြန္အားျဖစ္ေစခဲ့တဲ့
PPE ေအာက္ကမ်က္ဝန္းတစုံေလးဟာဘယ္ကိုေပ်ာက္သြားမွန္းမသိ ရွာေဖြလို႔မရေတာ့ပါဘူးခင္ဗ်ာ။ ေအာ္ ကံဆိုးကံေကာင္းပါလားေနာ္ အနံ႔ေလးေတာင္ မရႉလိုက္ရပါလား 😁😁😁😂😂😂💪” ဆိုၿပီး ရယ္စရာေျပာလာပါတယ္။

ေနလင္းကေတာ့ ကိုဗစ္ေရာဂါပိုးကို ကူးစက္ခံထားရတယ္ဆိုေပမယ့္ စိတ္ဓာတ္လုံးဝမက်ပဲ မွန္ကန္တဲ့ ေဆးကုသမႈေတြ ခံယူရင္း ေပ့ါေပါ့ပါးပါးသာ ျဖတ္သန္းေနတာပဲ ျဖစ္ပါတယ္။ ေနလင္းတစ္ေယာက္ အျမန္ဆုံး ေရာဂါေပ်ာက္ကင္းၿပီး ေဆး႐ုံေပၚက ဆင္းရပါေစေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

Source: Nay Linn’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.