ဆေးရုံတင်လိုက်ရတဲ့ အကယ်ဒမီ ဦးမိုးဒီရဲ့ ရင်တွင်းဆန္ဒ

Posted on

ပရိသတ်ကြီးရေ လူရွှင်တော်ကြီး ဦးမိုးဒီကတော့ သွေးပေါင်ချိန်တွေ ကျပြီး ရုတ်တရက်ဆေးရုံတင်လိုက်ရတယ်လို့ သိရပါတယ်။  အနုပညာသက်တမ်းကလည်း နှစ်ပေါင်း ၄၀ ကျော် ရှိပြီဖြစ်တဲ့လူရွှင်တော်ကြီး ဦးမိုးဒီဟာ ကျန်းမာရေး မကောင်းတဲ့ ကြားထဲက သူဝါသနာပါတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတာပါ။

 

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဘက်ကလည်း ဦးမိုးဒီအတွက် ဆေးကုသစရိတ်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။ မကြာသေးခင်ကလည်း ရုပ်သံဇာတ်လမ်းတွဲရိုက်ကူးနေရင်းနဲ့ အမောဖောက်တယ်လို့ ရန်ကုန်ပြန်လာပြီး ဆေးကုသမှု ခံယူခဲ့ရပါသေးတာကြောင့် ဦးမိုးဒီရဲ့ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေ စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။ “S.S.C ​ဆေးရုံတွင်​တက်​​ရောက်​ ကုသမှုခံယူ​နေ​သော ဘဘ ဦးမိုးဒီ အားမြန်​မာနိုင်​ငံရုပ်​ရှင်​အစည်းအရုံးမှ ဆေးကုသစရိတ်​​ထောက်​ပံ့​ငွေသွား​ရောက်​​ပေးအပ်​ခဲ့ပါသည်” ဆိုပြီး ဇူလိုင်(၂၄) ရက်နေ့က ဦးဝင်းမြိုင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။

ဦးမိုးဒီကတော့  ‘’ကုသိုလ်ပဲ လုပ်ရမှာ။ နေဖို့ထက် သေဖို့ပေါ့။ သေဖို့အချိန်က နီးသွားပြီလေ။ နေခဲ့တဲ့ အချိန်ကလည်း များသွားပြီ။ ဘယ်နေ့မှာ ဘဝနိဂုံးချုပ်မလဲ မသိဘူးပေါ့။ မသေခင်မှာ တတ်နိုင်သမျှ ကုသိုလ်များများရအောင်လို့ လုပ်ရင်း ဒီလိုပဲ အချိန်တွေကို ကုန်ဆုံးရမှာပေါ့လေ’’ လို့ သူက ဇွန်လတုန်းက ဓူဝံ အင်တာဗျူးမှာဖြေဆိုပေးခဲ့တာပါ။ သိစေချင်ရဲ့ ပရိသတ်ကြီးလည်း ဦးမိုးဒီ အမြန်ဆုံးနေကောင်းလာစေဖို့ ဆုတောင်းပေးခဲ့ကြပါဦး။

Source –  Win Mying/ Duwun

Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.