ဆေးရုံကဆင်းခွင့်ရပြီး သမီးလေးကို အိမ်ခေါ်သွားဖို့ စိတ်လှုပ်ရှားနေတဲ့ R ဇာနည်နဲ့ ဝမ်း


 

 


 

 


 

 


ယူနီကုဒ်ဖြင့်ဖတ်ရန်

 

အဆိုတော် R ဇာနည်ကတော့ သူ့ရဲ့ သမီးဦးလေးကို မေလ (၁၄) ရက်နေ့က ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။ သားနှစ်ယောက်ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ R ဇာနည်နဲ့ ဝမ်းရဲ့ ဘဝလေးထဲကို သမီးမိန်းကလေး တစ်ယောက် ထပ်မံရောက်ရှိလာတဲ့အတွက် R ဇာနည်နဲ့ ဝမ်းတို့ ဇနီးမောင်နှံနှစ်ယောက်သာမက ပရိသတ်တွေကပါ ဝမ်းသာနေကြတာပဲ ဖြစ်ပါတယ်။ R ဇာနည်က လည်း ဖခင်တစ်ယောက်ပီပီ ပထမဦးဆုံးရရှိလာတဲ့ သမီးလေးကို ချစ်မဝနိုင်အောင်ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ဒီကနေ့ မေလ (၁၇) ရက်မှာတော့ ဝမ်းနဲ့ သမီးလေးတို့က ဆေးရုံက ဆင်းခွင့်ရပြီး အိမ်ပြန်ခေါ်သွားတော့မယ်လို့ R ဇာနည်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ R ဇာနည်နဲ့ ဝမ်းတို့ ဇနီးမောင်နှံကတော့ သမီးလေးကို ကိုကိုဖစ်ဖစ်နဲ့ ကိုကိုချစ်ချစ်တို့ကို ပြသဖို့ စိတ်လှုပ်ရှား ရင်ခုန်နေကြမယ် ထင်ပါတယ်။

R ဇာနည်နဲ့ ဝမ်းရဲ့ သမီးလေးကလည်း (၃) ရက်သမီးလေးသာရှိသေးပေမယ့် မျက်နှာလေးက အရမ်းချစ်စရာကောင်းတာပဲနော်။ ပရိသတ်ကြီးလည်း ချစ်စရာကောင်းတဲ့ R ဇာနည်တို့ မိသားစုပုံရိပ်လေးကို သဘောကျကြမယ်လို့ ထင်ပါတယ်။

Source: Zarni Myonyunt’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.