ဆောင်းဟယ်ကျိုကြောင့် ဆောင်းဂျွန်ကီ မိဘဆွေမျိုးတွေကြား မျက်နှာပျက်ခဲ့ရကြောင်း ပြောပြလာတဲ့ သတင်းထောက်တစ်ဦး

Posted on

တောင်ကိုးရီးယား နာမည်ကျော် တော့ပ်စတားစုံတွဲ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟယ်ကျိုတို့ဟာ ပြီးခဲ့တဲ့ဇွန်လ ၂၇ ရက်နေ့မှာ နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲတော့မည်ဖြစ်ကြောင်း အတိအလင်းထုတ်ပြန်ကြေညာလိုက်ပါတယ်။ အာရှတစ်လွှားမှာ လူအများအားကျရတဲ့ စုံတွဲ အခုလို လမ်းခွဲပြတ်စဲတာဟာ စိတ်မကောင်းစရာဖြစ်ရပ်တစ်ခုပါ။ ဆောင်းဟယ်ကျိုနဲ့ ဆောင်းဂျွန်ကီတို့ အတူမနေဖြစ်တာ၊ အိမ်ထောင်ရေး အဆင်မပြေတာတွေကို သတိထားမိလာတဲ့ သတင်းထောက်တစ်ဦးက အောက်ပါအတိုင်းပြောကြားလာပါတယ်။ သတင်းထောက် ဘယ်လိုပြောသွားတယ်ဆိုတာ သိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။

 

 

ပြီးခဲ့တဲ့ ဧပြီလမှာဆောင်းဂျွန်ကီရဲ့ မန်နေဂျာ မင်္ဂလာဆောင်ခဲ့ပါတယ်။ ဆောင်းဂျွန်ကီဟာ ဒီ မန်နေဂျာနဲ့ လက်တွဲလုပ်ဆောင်ခဲ့တာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပြီး အဆိုပါ မန်နေဂျာကလဲ ဆောင်းဂျွန်ကီနဲ့ ဇာတ်ကားရိုက်ဖူးတဲ့ အနုပညာရှင် အသိုင်းအဝိုင်းက လူများနဲ့ ခင်မင်ရင်းနှီးသူဖြစ်ပါတယ်။

ဆောင်းဂျွန်ကီဟာ သူ့မန်နေဂျာရဲ့လက်ထပ်ပွဲကိုတက်ရောက်ခဲ့ပေမယ့် ဇနီးဖြစ်သူဆောင်းဟယ်ကျိုနဲ့ သူမရဲ့အေဂျင်စီမှ အသိအကျွမ်းများကတော့ အဆိုပါပွဲကို တက်ရောက်ခြင်းမရှိခဲ့ပါဘူး။ ဆောင်းဂျွန်ကီ မန်နေဂျာ မင်္ဂလာပွဲကို သတင်းယူဖို့ တက်ရောက်လာတဲ့  သတင်းထောက်တစ်ဦးမှ ၎င်း၏ မြင်တွေ့ချက်ကို အောက်ပါအတိုင်းပြောကြားလာပါတယ်။

 

 

“မန်နေဂျာ လက်ထပ်ပွဲမှာ ဆောင်းဂျွန်ကီရဲ့ ဆွေမျိုးတွေက ဆောင်းဟယ်ကျို မပါဘူးလားဟု မေးတဲ့အခါမှာတော့ ဆောင်းဂျွန်ကီဟာမျက်စိ မျက်နှာပျက်ပြီး မေးခွန်းကို မဖြေနိုင်ခဲ့တာကြောင့် ဆွေမျိုးများက ဆက်မမေးတော့တာပါ။ သူတို့ပုံစံကြည့်ရတာတော့ ဆောင်းဂျွန်ကီနဲ့ ဆောင်းဟယ်ကျိုကို အမြန်ဆုံး အဆင်ပြေစေချင်ကြပုံပါပဲ” ဆိုပြီး ထုတ်ဖော်ပြောကြားလာပါတယ်။

ဆောင်းဟယ်ကျိုနဲ့ ဆောင်းဂျွန်ကီဟာ အတူဝယ်ယူထားတဲ့ Itaewon ကအိမ်မှာ မနေဖြစ်တာ ၉ လလောက်ကြာပြီဖြစ်ကြောင်းသိရှိရပါတယ်။ လက်ရှိမှာတော့ သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲလိုက်ကြပြီပဲဖြစ်ပါတယ်။

Source-koreaboo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.