တရုတ်နိုင်ငံရဲ့ အနုပညာကြေး အမြင့်ဆုံးနဲ့ ဟောလီဝုဒ်ထိ ၀င်ဆန့်နိုင်တဲ့ အကျော်အမော် မင်းသမီးလေး ဖြစ်တဲ့ ဖန်ဘင်းဘင်းကို ပရိသတ်များ တစ်ချိန်က ” ရွှေမင်းသမီး” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ မြန်မာပရိသတ်တွေ စတင်ရင်းနှီးခဲ့တာဖြစ်ပြီး နောက်ပိုင်း အောင်မြင်နေရာ ရရှိသလောက် သူမရဲ့ ရုပ်ရှင်တိုင်းကို ပရိသတ်တွေ ကြည့်ရှူဖူးနိုင်သလို X-Men: Days of Future Past မှာလည်း Blink ဆိုတဲ့ ကာရိုက်တာပိုင်းကနေ ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူပါ။
လွန်ခဲ့တဲ့ (၂၀၁၈) ခုနှစ်မှာတော့ ဘင်းဘင်းဟာ အနုပညာရှင်တစ်ယောက်အနေနဲ့ အခွန်ရှောင်မှုကြောင့် တရားရင်ဆိုင်ခဲ့ရပြီး သူမရဲ့ ပိုင်ဆိုင်မှု တွေကို ရောင်းချကာ တရုတ်ငွေ ယွမ်ပေါင်း မီလီယံပေါင်း (၈၈၀) ၊
တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ မီလီယံပေါင်း(၁၂၈) ကျော်ကို တရားရုံးက ဆင့်ခေါ်ပြီး အမှုရင်ဆိုင်ရတဲ့ (၂) ရက်အတွင်း ပေးဆောင်လိုက်ခဲ့တာလည်းဖြစ်ပါတယ်။
သူမနဲ့ ကောင်းတူဆိုးဘက် အတူလက်တွဲခဲ့တဲ့ သူငယ်ချင်းကောင်းလည်းဖြစ်သလို ချစ်သူလည်းဖြစ်တဲ့ လီချမ်း နဲ့လည်း မနေ့က ဇွန်လ(၂၇) ရက်နေ့မှာ လမ်းခွဲပြတ်ဆဲလိုက်ကြပြီဖြစ်ပြီး (၂) နှစ်တာမျှ အထိ
အတူတူ ရှိခဲ့ကြသလို စေ့စပ်ပြီးပြီဖြစ်သော်လည်း လက်ထပ်ဖို့ထိ ထပ်ရှေ့မဆက်နိုင်တော့တဲ့ သူတို့ရဲ့အချစ်ဇာတ်လမ်းသတင်းဟာ ကိုရီးယားက ဆောင်းဂျွန်ကီနဲ့ ဆောင်းဟေဂျိုတို့နဲ့ အတူ တရက်တည်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
ဘင်းဘင်းက ” မင်းပေးခဲ့တဲ့ အားပေးမှုနဲ့ အချစ်မေတ္တာတွေအားလုံးအတွက် ကျေးဇူးပါ၊ ဆက်ရှိနေဦးမယ့် ဂရုစိုက်မှုနဲ့ ကာကွယ်ပေးမှုတွေအတွက်ရောပေါ့၊ ငါတို့တွေက ငါတို့တွေ မဟုတ်ကြတော့ဘူး၊ ဒါပေမဲ့ ငါတို့တွေ ဖြစ်နေဦးမှာပဲ” လို့ သူမရဲ့ Weibo အကောင့်ကနေ တင်ခဲ့တာဖြစ်ပြီး
လီချမ်းဘက်ကလည်း Post ကို ပြန်share ကာ “သူငယ်ချင်းကနေ ချစ်သူတွေ၊ အခုတော့ သူငယ်ချင်းတွေ ပြန်ဖြစ်ကြပြီ” လို့ ဆိုခဲ့တာမို့ စိတ်မကောင်းစွာနဲ့ပဲ (၁) နေ့တည်း ၊(၁) ရက်ထဲမှာ စုံတွဲလေးနှစ်တွဲ ကလမ်းခွဲခဲ့ကြပြီဖြစ်ပါတယ်နော်..။