“ခေါ်သံ” ဇာတ်ကားမှာ ကာရိုက်တာ အပြောင်းအလဲ ဖြစ်သွားလို့ မရိုက်ဖြစ်တော့ဘူး ဆိုတဲ့ ရွှေအိမ်စည်

Posted on

မော်ဒယ်လ်နဲ့ အလှမယ်လောကမှာ အောင်မြင်ကျော်ကြားလာတဲ့ ရွှေအိမ်စည်ဟာ သရုပ်ဆောင်တစ်ဦးအဖြစ်ပါ ရပ်တည်နိုင်ဖို့ ကြိုးစားလာသူလည်း ဖြစ်ပါတယ်။ လူငယ်ဆန်ဆန် ဟာသသရဲကားလေးဖြစ်တဲ့ “ခေါ်သံ” ရုပ်ရှင်ဇာတ်ကားမှာ ရွှေအိမ်စည်အပါအ၀င် ထွန်းထွန်း၊ ကျော်ကျော်ဗိုလ်၊ ရဲတိုက်၊ ရဲရင့်အောင်၊ အောင်မြင့်မြတ်၊ အိချောပို၊ မေမြင့်မိုရ်၊ ခင်လှိုင်၊ ဂျိုကာ၊ ဆင်မစတဲ့ အနုပညာရှင်များကလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ သို့ပေမယ့် ဒီဇာတ်ကားမှာ ကာရိုက်တာ အပြောင်းအလဲ ဖြစ်သွားတဲ့အတွက် မရိုက်ဖြစ်တော့ဘူးလို့ သိရပါတယ်။

“မရှိတော့ဘူး။ မရှိတော့ဘူးဆိုတာ အိမ်စည် မရိုက်ဖြစ်တော့ဘူး။ မရိုက်ဖြစ်တော့ဘူးဆိုတာကတော့ ဒါကြားထဲမှာ အပြောင်းအလဲလေးတွေ ဖြစ်သွားလို့ပေါ့နော်။ အပြောင်းအလဲလေးတွေ ဖြစ်သွားတယ်။ ဒါကတော့ အိမ်စည်က misunderstanding တစ်ခုလို့ပဲ ခံယူပါတယ်။ အိမ်စည့်ကို လာပြီးကမ်းလှမ်းတဲ့ ကာရိုက်တာ .. အိမ်စည်ကကျတော့ ရုပ်ရှင်နဲ့ပတ်သက်လို့ရှိရင် ကျတော့လေ အိမ်စည်တို့အခြေအနေကျတော့ တကယ့်ကို လှုပ်ရှားရခက်တယ်။ ကိုယ်က အသစ်လဲ မဟုတ်ဘူး။ ပြီးလဲ ပြီးရော ဟို .. ဒါပေမယ့် အရမ်း ၀ါရင့်ကြီးလားဆိုလည်း မဟုတ်သေးဘူးပေါ့နော်။ စ၀င်လာကတည်းက မော်ဒယ်လ်လောကက စ၀င်လာတာဆိုတော့ ကိုယ့်ဘာသာကိုယ့်အခြေအနေ တစ်ခုနဲ့ရှိပြီးသားဆိုတော့။ တစ်ခါတလေကျလို့ရှိရင် ကိုယ်က သရုပ်ဆောင်လောကမှာပေါ့နော် နုနေပေမယ့်လေ လာတဲ့ကားတိုင်းကို အိမ်စည် လက်မခံဘူး။ ဘာလို့လဲဆိုတော့ အိမ်စည့်မှာကကျတော့ target တစ်ခုရှိတယ်။ အဲ့  target ကကျတော့ ကျွန်မ ကြိုက်တဲ့ ဇာတ်၊ ကျွန်မ လုပ်ကွက်ရှိတဲ့ဟာ၊ ကျွန်မ အောင်မြင်နိုင်မယ်လို့ ထင်တဲ့ ကားဆိုရင် ရိုက်မယ်။ ဆိုတော့ အဲ့လိုဟာမှာပဲ invest လုပ်သွားဖို့ရှိတယ်” လို့ ပေါ့ပေါ့ပါးပါးလေး ဖြေဆိုခဲ့ပါတယ်။

ဒီကားလေးကို စပြီး ကမ်းလှမ်းလာတုန်းက အိမ်စည့်အနေနဲ့ ကာရိုက်တာတစ်ခုက လုပ်ကွက်ရှိတာဖြစ်လို့ ရိုက်ဖို့ ဆုံးဖြတ်လိုက်ပေမယ့် ကန်တော့ပွဲပြီးမှ ကာရိုက်တာ အပြောင်းအလဲလေး ဖြစ်သွားတယ်လို့ ဆိုပါတယ်။

“အခု ဒီကားမှာ အိမ်စည့်ကို ကမ်းလှမ်းလာတဲ့ ကာရိုက်တာတစ်ခုက အရမ်းလုပ်ကွက်ရှိတယ်ပေါ့နော်။ အရမ်းမိုက်တယ်ပေါ့နော်။ မိုက်တယ်ဆိုတော့ သြော် အချိန်ပေးရတာနဲ့လည်း အဆင်ပြေတယ်၊ ကိုယ်ကလဲ အားလဲ အားတယ်ဆိုတော့ ရိုက်ဖို့ ဆုံးဖြတ်လိုက်တာပေါ့နော်။ ပြီးတော့ အိမ်စည် ကန်တော့ပွဲပြီးတော့မှ သိလိုက်ရတာက ကာရိုက်တာအပြောင်းအလဲ ဖြစ်သွားတယ်ဆိုတဲ့အချိန်မှာတော့။ ဒါကတော့ ဒါ no how feelings ပါ။ ဒါက ဖြစ်တတ်ပါတယ်။ အမှားဆိုတာ ဖြစ်တတ်တာပဲနော်။ ဒါပေမယ့် နှစ်ဖက်စလုံးနဲ့ညှိလိုက်ရတာ အဆင်မပြေတာကြောင့် အိမ်စည်လဲ မရိုက်ဖြစ်တော့ဘူးပေါ့” လို့ ဆိုပါတယ်။

ဒီကားလေး မရိုက်ဖြစ်တော့တာကို ပရိသတ်တွေလည်း မသိကြသေးဘူးထင်တယ်လို့ ဆိုပါတယ်။

“မီဒီယာတွေရော၊ ပရိသတ်တွေရော မသိသေးဘူးထင်တယ်။ ကန်တော့ပွဲပြီးတော့ အိမ်စည်လဲ ကြားထဲမှာ မီဒီယာနဲ့ content မရှိတာလဲ ပါတယ်။ ပြီးတော့ မပြောဖြစ်တာပေါ့နော်။ မေးတဲ့သူမရှိတော့ မပြောဖြစ်တာဆိုတော့။ မသိကြသေးဘူးထင်တယ်။ အားလုံးကတော့ ရိုက်မယ်လို့ လို့” ဆိုပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ ဖြေကြားခဲ့ပါတယ်။

မရိုက်ဖြစ်တော့တဲ့အတွက် ပရိသတ်တွေကိုရော ဘယ်လိုနားလည်စေချင်လဲဆိုတော့ “ဘယ်လိုနားလည်စေချင်လဲ ဆိုတော့ အိမ်စည်က ပရိသတ်ကို တော်တော်များများ အခက်အခဲတွေဆိုရင် ထုတ်မပြဘူး။ ဘာလို့လဲဆိုတော့ အကုန်ရှင်းလင်းပြီးတော့မှ သိတယ်မလား။ ရှင်းသွားပြီးတော့မှ easy to understand ဖြစ်တော့မှပဲ ထုတ်ပြလေ့ရှိတယ်ဆိုတော့။ ပရိသတ်ကိုတော့ အရမ်းကြီးကို ဘာနဲ့ပတ်သက်ပါစေ အရမ်းကြီးစိတ်မပူစေချင်ပါဘူး။ အဓိကက ဘာလဲဆိုတော့ အိမ်စည်လုပ်တဲ့ လုပ်ရပ်တွေကို အားပေးနေဖို့ပဲ အရေးကြီးတယ်” ဆိုပြီး  MC ရဲ့အင်တာဗျူးမှာ ဖြေဆိုသွားခဲ့ပါတယ်။

Photo : Shwe Eain Si

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.