ချွေးနဲစာလေးတွေကိုစုဆောင်း ကာ မိသားစု လိုအပ်ချက်ကို ဖြည့်ဆည်းလိုက်တဲ့ တိုင်ရွန်

ပရိသတ်ကြီးရေ အားလုံးကချစ်ကြတဲ့ မင်းသားချောလေး တိုက်ရွန်ကတော့ သူရရှိလာခဲ့တဲ့အနုပညာကြေးလေးတွေနဲ့ မိဘတွေကို ကျေးဇူးဇပ်လိုက်တယ်လို့သိရပါတယ်။ တိုင်ရွန် က လူမှုကွန်ရက်စာမျက်နှာပေါ်ကနေ အဆိုပါအကြောင်းအရာလေးကို မျှဝေထားတာပါ။

တိုင်ရွန်က ”ဘဝမှာ အပျော်ဆုံးနေ့ ကျွန်တော် အိမ်မက်တွေ တကယ်ဖြစ်ခဲ့ပါပြီ ကျွန်တော် အဖေ နဲ့ အမေပေါ် ငယ်ကဆိုးခဲ့တယ် ပညာရေးဆုံးခမ်းမတိုင်ခဲ့ဘူး သူတို့ ဖြစ်စေချင်တဲ့အရာတွေမလုပ်ပေးနိုင်ခဲ့ဘူး ကျွန်တော့် မှာ ငယ်ကထည်းက အိမ်မက်လေးရှိတယ်ဗျ အဲ့ဒါက အဖေနဲ့ အမေကို အိမ်ပိုင်လေးတစ်လုံး လက်ဆောင် ပေးချင်တာဘဲဗျာ အရမ်းပင်ပန်းခဲ့ရတဲ့ အဖေနဲ့ အမေ ကိုသားဒီနေ့ သားဖြူစင်တဲငွေနဲ့ ကွန်ဒိုအိမ်လေးတစ်လုံးလက်ဆောင်ပေးနိုင်ခဲ့ပြီ ကားအသစ်ဝယ်မယ်ဆိုပြီး စုထားခဲ့တာလေးနဲ့ သူတို့ကို suprise လုပ်နိုင်ခဲ့တယ် ရန်ကုန်မှာ မရှိပေမယ့် သားအဝေးကနေလှမ်းကန်တော့ လိုက်ပါတယ် အဖေနဲ့အမေကျန်းမာပါစေ သားလိမ္မာတစ်ယောက်ဖြစ်ဖို့ အမြဲ ကြိုးစားနေထိုင်သွားပါ့မယ် ”ဆိုပြီးရေးသားထားပါတယ်။ မိဘအပေါ်သိတတ်တဲ့သားလိမ္မာလေး တိုင်ရွန်အတွကါမှတ်ချက်ကနေ အားပေးစကားလေး ပြောပေးခဲ့ကြပါဦး ။

Source – Tyron Bejay

Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.