ခွေးလေးကို ရေချိုးပေးရင်း သူပါရေချိုးကန်ထဲ ဝင်ဆော့နေတဲ့ ချစ်ဇနီးပေါက်စလေးကိုကြည့်ပြီး သဘောကျနေတဲ့ ရွှေထူး

Posted on

နိုင်ငံကျော်အနုပညာရှင်နှစ်ယောက်ဖြစ်တဲ့ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာတစ်ခုတည်းနဲ့ နှစ်ယောက်တည်းဘဝလေးကို တည်ဆောက်ခဲ့တာပဲ ဖြစ်ပါတယ်။ (၂၀၁၈) ခုနှစ်မှာ လက်ထပ်ခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အခုဆိုရင် အိမ်ထောင်သက် (၂) နှစ်နီးပါးရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ရွှေထူးနဲ့ ရွှေမှုံရတီကတော့ အချိန်တွေ ဘယ်လောက်ကြာကြာ တစ်ယောက်နဲ့တစ်ယောက် ကြင်စဦးဇနီးမောင်နှံတွေလို ချစ်မဝနိုင်သေးတာကို ပရိသတ်ကြီးအားလုံးလည်း သိပြီးသား ဖြစ်မှာပါ။

Stay Home ကာလမှာတော့ အလုပ်တွေကိုယ်စီ ရပ်နားထားတာကြောင့် တစ်ယောက်ကိုတစ်ယောက် အချိန်ပိုပေးဖြစ်နေတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အိမ်မှာပဲ ခွေးလေးတွေကို ဂရုစိုက်ကြင်နာရင်း အချိန်တွေ ကုန်ဆုံးနေလျက်ရှိပါတယ်။ ဒီကနေ့မှာလည်း ရွှေထူးက ခွေးလေးကို ရေချိုးပေးရင်း ရေချိုးကန်ထဲ ဝင်ဆော့နေတဲ့ ချစ်ဇနီးပေါက်စလေးကိုကြည့်ပြီး သဘောကျစွာနဲ့ အခုလိုပဲ ဗီဒီယိုလေးကို မျှဝေပေးလာခဲ့ပါတယ်။

ရွှေထူးကတော့ သူ့ထက် အသက်လည်းငယ်သလို ချစ်စရာလည်း အရမ်းကောင်းတဲ့ ဇနီးလေး ရွှေမှုံရတီကို ချစ်လို့ကို မဝနိုင်တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ကလေးလေးတစ်ယောက်လို ချစ်စရာကောင်းတဲ့ အိမ်ထောင်ရှင်ပေါက်စလေး ရွှေမှုံကို ကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Source: Htoo Khant’s fb

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.