” ခေ့ဘူလူးတောင်ထိပ်တွင် တောရကျောင်းဆောင်လေးများဆောက်လုပ်၍ (၅)ရက်တိတိ အားလုံးနဲ့အဆက်အသွယ်ဖြတ်ကာ အဓိဌာန်ဝင်မယ့် နိုင်းဝမ်း”

Posted on

ပရိသတ်ကြီးရေ အဆိုတော် နိုင်းဝမ်းကတော့ အမြဲပျော်ပျော်နေတတ်ပြီး သူ့ရဲ့စုံတွဲသီချင်းတော်တော်များများကိုမိန်းကလေး​​ယောကျာ်းလေးပရိသတ်မရွေး သဘောကျအားပေးဝန်းရံခြင်းခံရတဲ့သူတစ်ယောက်ပါ။ အနုပညာသူငယ်ချင်းတွေနဲ့လည်း အမြဲစနောက်ကာ လူမှုဆက်ဆံရေး အလွန်ကောင်းမွန်တဲ့အနုပညာရှင်တစ်ယောက်ဆိုလည်းမမှားပါဘူးနော်။

သူနဲ့ ရဲ့စုံတွဲသီချင်းတွေဟာဆိုရင်လည်း မိန်းကလေးယောကျာ်းလူငယ်ပရိသတ်တွေရဲ့ပါးစပ်ဖျားမှာခုချိန်ထိရေပန်းစားနေဆဲပါ။ နိုင်းဝမ်းရဲ့ အချစ်ရေးကတော့ ပရိသတ်တွေ အတိအလင်းပွင့်လင်းစွာ ချပြထားတာပါပဲနော်။

လက်ရှိမှာတော့ နိုင်းဝမ်းတစ်ယောက်ခရီးတွေထွက်နေတာဖြစ်ပြီး” ဒီကနေ့ ကရင်ပြည်နယ် ဒေါနတောင်ခြေ ရွှေကုက္ကိုဒေသသို့ရောက်ရှိပါပြီ..
သစ်တံခါးဆရာတော်၏ လမ်းညွှန်မှုအတိုင်း ယခင်က စစ်ပွဲပေါင်းများစွာဖြစ်ပွားခဲ့ဖူးတဲ့ ခေ့ဘူလူးတောင်ထိပ်တွင် တောရကျောင်ဆောင်လေးများဆောက်လုပ်၍ ၅ရက်တိတိ စစ်တွင်းမကျွတ်မလွတ်သေးသူများအားမေတ္တာပို့အမျှဝေခြင်း၊ ဝတ်ဖြူစင်ကြယ်ဝတ်ခြင်းဖြင့်သာနေထိုင်ခြင်း၊ သားသတ်လွတ်စားခြင်း၊ ဥပုပ်သီလဆောက်တည်ခြင်း၊ အဓိဌာန်ပုတီးစိပ်ခြင်း၊ တရားထိုင်ခြင်းတို့ဖြင့် စိတ်ကြည်လင်စွာကုသိုလ်ယူမှာဖြစ်တဲ့အတွက် ဖုန်းရော Facebook ပါပိတ်ထားမည်ဖြစ်ပါသောကြောင့် သူငယ်ချင်းမိတ်ဆွေများ အကြောင်းကိစ္စရှိလာပါက စာပို့ပေးထားကြပါ…အချိန်ပြည့်မေတ္တာဘာဝနာပွားများပေးနေပါမယ်ခင်ဗျာ…လုံးစုံများစွာသတ္တဝါ ချမ်းသာကိုယ်စိတ်မြဲကြပါစေ”ဆိုတဲ့စာလေးနဲ့ အသိပေးပြောပြခဲ့တာပါ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Soure: Kyaw Zin Latt

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.