ေခါင္းအံုးမသန္႔ရွင္းတဲ့အခါ ဘယ္လုိျပသာနာမ်ိဳးေတြ ဆံပင္နဲ႔ မ်က္ႏွာအသားအေရမွာေတြ႕ရသလဲ…

Posted on

ေန႔စဥ္အသံုးျပဳေနတဲ့ ပစၥည္းေတြက ကိုယ္မသိလိုက္ခင္မွာပဲ ကိုယ့္ရဲ႕အလွအပနဲ႔ က်န္းမာေရးကို ထိခိုက္ေစတတ္ပါတယ္။ ခုေဖာ္ျပေပးမွာကေတာ့ သင့္ရဲ႕ ဆံပင္နဲ႔မ်က္ႏွာအသားအေရမွာျဖစ္တတ္တဲ့ လကၡဏာေတြပါ။

တကယ္လုိ႔ ဒီလကၡဏာေတြ ျဖစ္ေနျပီဆိုရင္ေတာ့ သင့္ေခါငး္အံုးေၾကာင့္ျဖစ္ေနႏိုင္တာေၾကာင့္ ဘယ္လိုေျဖရွင္းရမလဲဆိုတာ ေအာက္မွာ ဆက္ျပီးေဖာ္ျပေပးပါ့မယ္။

(၁) ဝက္ျခံေတြေပါက္လာတယ္

သင့္မ်က္ႏွာမွာ တျခား ေထြေထြထူးထူး အေၾကာင္းျပခ်က္မရွိဘဲ ဝက္ျခံေတြတအားထြက္ေနတယ္ ဆိုရင္ေတာ့ သင့္ေခါငး္အံုး နဲ႔ ေခါငး္အံုးစြပ္ ညစ္ပတ္ေနလို႔ျဖစ္ႏိုင္ပါတယ္။ ညစ္ပတ္တဲ့ေခါင္းအံုးဟာ ပါးျပင္ကုိ ထိကပ္တဲ့အခါ ဘက္တီးရီးယားေတြကေနတစ္ဆင့္ ဝက္ျခံျဖစ္ပြားေစတာျဖစ္ပါတယ္။

(၂) အေရးေၾကာင္းေတြျဖစ္ေနတယ္

သင္အိပ္တဲ့ပံုစံ ဒါမွမဟုတ္ ေခါင္းအံုးစြပ္က သင့္မ်က္ႏွာမွာ အေရးေၾကာင္းေတြ ျဖစ္ေစႏိုင္ပါတယ္။ ၾကမး္တမ္းတဲ့ ေခါငး္အံုးစြပ္ဟာ သင့္မ်က္ႏွာကို ပြတ္ဖန္မ်ားလာတဲ့အခါမွာ အေရးေၾကာင္းေတြျဖစ္သြားတာပါ။

(၃) ဆံပင္ေတြ က်ိဳးေၾကကုန္တယ္

ၾကမ္းတမ္းတဲ့ေခါင္းအံုးစြပ္ဟာ ဆံပင္ကိုပြတ္တိုက္ဖန္မ်ားလာတဲ့အခါ သင့္ဆံပင္ဟာ ေျခာက္ေသြ႕ၾကမ္းတမ္းသြားျပီး က်ိဳးေၾကကုန္တာျဖစ္ပါတယ္။

(၄) ႏုိးလာတဲ့အခါ မ်က္ႏွာတင္းေနတယ္

အိပ္ရာႏိုးႏိုးခ်င္းမ်က္ႏွာအေရျပားက တင္းေနတယ္၊ ဒါမွမဟုတ္ ယားယံေနတယ္ဆိုရင္ေတာ့ သင့္ေခါင္းအံုးစြပ္ရဲ႕ အသားနဲ႔ဓာတ္မတည့္လို႔ဒါမွမဟုတ္ ေခါင္းအံုးစြပ္ကို ေလွ်ာ္တုန္းက အသံုးျပဳခဲ့တဲ့ ဆပ္ျပာမႈန္႔မစင္လုိ႔၊ ဒါမွမဟုတ္ ဓာတ္မတည့္လို႔ျဖစ္ႏိုင္ပါတယ္။

တကယ္လို႔ဒီျပသနာေတြကို ရင္ဆိုင္ေနရရင္ေတာ့ သင့္ေခါင္းအံုးက ျပသနာရွိေနတာပါ။ ဒါေၾကာင့္ ေခါင္းအံုးအသစ္လဲေပးတာ၊ ေနပူထဲ မၾကာခဏ ထုတ္လွမး္ေပးတာ၊ ဖဲသားေခါင္းအံုးစြပ္ကုိ အသံုးျပဳေပးတာနဲ႔ ေခါင္းအံုးစြပ္ကုိ သန္႔ရွင္းေနေအာင္ ထားဖို႔က ဒီျပသနာေတြကို ေျဖရွင္းေပးႏိုင္တဲ့ နည္းလမး္ေတြပါပဲ။

Credit Em Em

Unicode
ခေါင်းအုံးမသန့်ရှင်းတဲ့အခါ ဘယ်လိုပြသာနာမျိုးတွေ ဆံပင်နဲ့ မျက်နှာအသားအရေမှာတွေ့ရသလဲ…

နေ့စဉ်အသုံးပြုနေတဲ့ ပစ္စည်းတွေက ကိုယ်မသိလိုက်ခင်မှာပဲ ကိုယ့်ရဲ့အလှအပနဲ့ ကျန်းမာရေးကို ထိခိုက်စေတတ်ပါတယ်။ ခုဖော်ပြပေးမှာကတော့ သင့်ရဲ့ ဆံပင်နဲ့မျက်နှာအသားအရေမှာဖြစ်တတ်တဲ့ လက္ခဏာတွေပါ။

တကယ်လို့ ဒီလက္ခဏာတွေ ဖြစ်နေပြီဆိုရင်တော့ သင့်ခေါင်းအုံးကြောင့်ဖြစ်နေနိုင်တာကြောင့် ဘယ်လိုဖြေရှင်းရမလဲဆိုတာ အောက်မှာ ဆက်ပြီးဖော်ပြပေးပါ့မယ်။

(၁) ဝက်ခြံတွေပေါက်လာတယ်

သင့်မျက်နှာမှာ တခြား ထွေထွေထူးထူး အကြောင်းပြချက်မရှိဘဲ ဝက်ခြံတွေတအားထွက်နေတယ် ဆိုရင်တော့ သင့်ခေါင်းအုံး နဲ့ ခေါင်းအုံးစွပ် ညစ်ပတ်နေလို့ဖြစ်နိုင်ပါတယ်။ ညစ်ပတ်တဲ့ခေါင်းအုံးဟာ ပါးပြင်ကို ထိကပ်တဲ့အခါ ဘက်တီးရီးယားတွေကနေတစ်ဆင့် ဝက်ခြံဖြစ်ပွားစေတာဖြစ်ပါတယ်။

(၂) အရေးကြောင်းတွေဖြစ်နေတယ်

သင်အိပ်တဲ့ပုံစံ ဒါမှမဟုတ် ခေါင်းအုံးစွပ်က သင့်မျက်နှာမှာ အရေးကြောင်းတွေ ဖြစ်စေနိုင်ပါတယ်။ ကြမ်းတမ်းတဲ့ ခေါင်းအုံးစွပ်ဟာ သင့်မျက်နှာကို ပွတ်ဖန်များလာတဲ့အခါမှာ အရေးကြောင်းတွေဖြစ်သွားတာပါ။

(၃) ဆံပင်တွေ ကျိုးကြေကုန်တယ်

ကြမ်းတမ်းတဲ့ခေါင်းအုံးစွပ်ဟာ ဆံပင်ကိုပွတ်တိုက်ဖန်များလာတဲ့အခါ သင့်ဆံပင်ဟာ ခြောက်သွေ့ကြမ်းတမ်းသွားပြီး ကျိုးကြေကုန်တာဖြစ်ပါတယ်။

(၄) နိုးလာတဲ့အခါ မျက်နှာတင်းနေတယ်

အိပ်ရာနိုးနိုးချင်းမျက်နှာအရေပြားက တင်းနေတယ်၊ ဒါမှမဟုတ် ယားယံနေတယ်ဆိုရင်တော့ သင့်ခေါင်းအုံးစွပ်ရဲ့ အသားနဲ့ဓာတ်မတည့်လို့ဒါမှမဟုတ် ခေါင်းအုံးစွပ်ကို လျှော်တုန်းက အသုံးပြုခဲ့တဲ့ ဆပ်ပြာမှုန့်မစင်လို့၊ ဒါမှမဟုတ် ဓာတ်မတည့်လို့ဖြစ်နိုင်ပါတယ်။

တကယ်လို့ဒီပြသနာတွေကို ရင်ဆိုင်နေရရင်တော့ သင့်ခေါင်းအုံးက ပြသနာရှိနေတာပါ။ ဒါကြောင့် ခေါင်းအုံးအသစ်လဲပေးတာ၊ နေပူထဲ မကြာခဏ ထုတ်လှမ်းပေးတာ၊ ဖဲသားခေါင်းအုံးစွပ်ကို အသုံးပြုပေးတာနဲ့ ခေါင်းအုံးစွပ်ကို သန့်ရှင်းနေအောင် ထားဖို့က ဒီပြသနာတွေကို ဖြေရှင်းပေးနိုင်တဲ့ နည်းလမ်းတွေပါပဲ။

Credit Em Em

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.