ကျော်ထက်အောင် လေးစားခဲ့ရတဲ့ မြသိန်းတန်ဘုရားက ကလေးဓာတ်ပုံဆရာမများ

Posted on

မြသိန်းတန် ဘုရားက အလေ့အထအသစ်တစ်ခုအကြောင်းကို မိတ်ဆက်လာသူက ကျော်ထက်အောင်ပါ။အစ်ကိုအောင်တစ်ယောက် မြသိန်းတန်က ကလေးဓာတ်ပုံဆရာမလေး ခြောက်ယောက် နဲ့ ဆုံတွေ့မှုလေးကိုပရိသတ်တွေသိအောင် ဖောက်သည်ချထားတာပါ။

အစ်ကိုအောင် က ”သိပ်ကိုချစ်ဖို့ကောင်းပြီး လေးစားစရာ စိတ်ကလေးတွေနဲ့ ဒီကလေးတွေက လည်သမျှဧည့်သည် တွေကို ဓါတ်ပုံရိုက်ပေးတယ်၊ ရိုက်ပေးရုံသာမက ဘယ်လိုနေပါ pose ဘယ်လိုလုပ်ပါကအစ သင်ပေးတတ်တယ်…(ကိုယ်ရောက်တုံးအမြင်ပေါ့)ios / Android ဘယ်ဖုန်းအမျိုးအစားကိုမဆို ဓါတ်ပုံကို User အကြိုက်ရိုက်တတ်တယ်….ကိုယ့်နောက်ကိုတော့ ဒီကလေးမ ခြောက်ယောက်ကတကောက်ကောက်ဘဲ သင်ပေးလိုက် ရိုက်ပေးလိုက် နေရာစုံကိုခေါ်ပြီး ရိုက်ပေးရှာတယ်….(သူတို့ဟာသူတို့ အလှည့် ကျစနစ်လုပ်ထားတယ်လို့သိရပေမယ့် ကိုယ့်နောက်တော့ သူတို့ခြောက်ယောက်ပါလာတယ်)”ဆိုပြီး သူကြုံရသမျှကိုပြောပြထားပါတယ်။

ဆက်လက်ပြီး”သမီးတို့ ကဘာဖြစ်ချင်တာလည်းမေးတော့ ဓါတ်ပုံကောင်းကောင်းရိုက်တတ်တဲ့ သူဖြစ်ချင်တာတဲ့ တနည်းအားဖြင့် Photographer ပေါ့……
(ပညာရေးကို မုန့်ဖိုးထက် စိတ်မဝင်စားကြတော့တာ စိတ်မကောင်းစရာပါ)ဦးထီပေါက်ရင် သမီးတို့ကို camera 📷 တစ်ယောက်တစ်လုံးဝယ်ပေးမယ်လို့ပြောတော့… ဦးထီပေါက်အောင် ဒီနေ့ကစပြီး ဒီဘုရားမှာ နေ့တိုင်းဆုတောင်းပေးမယ်တဲ့ဗျာ……ကလေးတွေကို မုန့်ဖိုး များများပေးလိုက်တယ်… ခြေလက်အစုံနဲ့ အလေအလွင့်တောင်းစားမနေဘဲ ပညာရပ်တစ်ခုနဲ့လို ပိုက်ဆံရှာစားနေတာတော့ လေးစားတယ်….(အရင်ကတော့ သူတို့လေးတွေက ဘုရားသမိုင်း ပြောပြမယ်ဆိုပြီး အမွှေးတိုင်ရောင်းကြတယ်လို့လည်းသိရတယ်။)တရုတ်၊ ထိုင်း လိုတွေလည်း ပြောတတ်သေးတယ်ဗျာ ”ဆိုပြီး သူ့အတွေ့အကြုံကိုမျှဝေထားပါတယ်။ကဲ မြသိန်းတန်ရောက်ရင် ကလေးဓာတ်ပုံဆရာလေးတွေကို ဓာတ်ဖမ်းခိုင်းဖို့မမေ့နဲ့နော်။

Source – Kyaw Htet Aung

Noe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.