ေက်ာပိုးအိတ္ဖိုး မတတ္ႏိုင္လို႔ သားျဖစ္သူအတြက္ ေက်ာပိုးအိတ္ေလးကို ကိုယ္တိုင္ ဖန္တီးေပးခဲ႔တဲ့ ဖခင္

အေျခခံလူတန္းစားေတြအမ်ားစုဟာ ကိုယ့္သားသမီးေတြကို ပညာအေမြပဲ ေပးႏိုင္တာေၾကာင့္ မျဖစ္ျဖစ္တဲ့ ၾကားက ႐ုန္းကန္ၿပီး ေက်ာင္းကို ထားေပးၾကရပါတယ္။

ေက်ာင္းကို ေရာက္တဲ့ အခါမွာလည္း အျခားကေလးေတြနဲ႔ တန္းတူ မ်က္ႏွာမငယ္ရေအာင္ ပိုက္ဆံမရွိတဲ့ ၾကားက ကိုယ့္သားသမီး အတြက္ နည္းမ်ိဳးစုံနဲ႔ အဆင္ေျပေအာင္ ဖန္တီးေပးၾကရတာလည္းျဖစ္ပါတယ္။

ယခုလည္း ကမ္ေယာဒီးယားႏိုင္ငံက NY Keng ဆိုတဲ့ ၅ႏွစ္အ႐ြယ္ကေလးေလးဟာ ေက်ာင္းတက္ဖို႔အတြက္ ေက်ာပိုးအိတ္မရွိပါဘူး။ သူရဲ႕ မိဘေတြဟာ လက္လုပ္လက္စား လယ္သမားမိသားစုျဖစ္တာေၾကာင့္ riels 30000 ($7) တန္တဲ့ ေက်ာပိုးအိတ္တစ္လုံးေတာင္ ဝယ္ဖို႔ရာ မတတ္ႏိုင္ခဲ့ပါဘူး။

ဒါ့ေၾကာင့္ ဖခင္ျဖစ္သူဟာ သူ႔ရဲ႕သားေလး ေက်ာင္းတက္ရ အဆင္ေျပေစဖို႔အတြက္ သူကိုယ္တိုင္ ေက်ာပိုးအိတ္တစ္လုံး ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။

Keng ရဲ႕ ဖခင္ဟာ ပလက္စတစ္ႀကိဳး အျပာေရာင္ကိုအသုံးျပဳၿပီး သားျဖစ္သူအတြက္ ေက်ာပိုးအိတ္တစ္လုံးကို ယက္လုပ္ေပးခဲ့ပါတယ္။ အဲ့ဒီေနာက္ ထိုအိတ္ေလးနဲ႔ သားျဖစ္သူကို ေက်ာင္းကို လြတ္ေပးလိုက္ပါတယ္။

အတန္းထဲမွာ အားလုံးထက္ပိုၿပီး ထူးျခားေနတဲ့ သူ႔ရဲ႕ ေက်ာပိုးအိတ္ေလးကို အတန္းေဖာ္ေတြ မေျပာနဲ႔ ဆရာမကအစ စိတ္ဝင္စားခဲ့ၾကပါတယ္။ အတန္းေဖာ္ေက်ာင္းသားေတြက သူ႔ရဲ႕ ေက်ာင္းလြယ္အိတ္ေလးကို ကိုင္ၾကည့္ၿပီး ေကာင္းလိုက္တာ၊ မိုက္တယ္ ဘယ္သူလုပ္ေပးတာလဲ လို႔ေတာင္ တအံ့တၾသနဲ႔ ေမးျမန္းၾကပါတယ္။

ဆရာမျဖစ္သူ Sophous Suon ကလည္း ထိုကေလးရဲ႕ လြယ္အိတ္ေလးကို ယူၿပီး ဒါဘယ္သူလုပ္ေပးတာလဲလို႔ ေမးၾကည့္တဲ့ အခါမွာေတာ့ လြယ္အိတ္ဖိုး မတက္ႏိုင္လို႔ အေဖကိုယ္တိုင္လုပ္ေပးထားတာဆိုတဲ႔အေၾကာင္းကို သိလိုက္ရပါတယ္။ အဲ့ဒီေနာက္ ဆရာမက Keng ရဲ႕ လြယ္အိတ္ေလးကို ဓာတ္ပုံ႐ိုက္ၿပီး ဒီအေၾကာင္းအရာနဲ႔အတူတူfacebook ေပၚမွာ မွ်ေဝခဲ့ပါတယ္။

Unicode

အခြေခံလူတန်းစားတွေအများစုဟာ ကိုယ့်သားသမီးတွေကို ပညာအမွေပဲ ပေးနိုင်တာကြောင့် မဖြစ်ဖြစ်တဲ့ ကြားက ရုန်းကန်ပြီး ကျောင်းကို ထားပေးကြရပါတယ်။

ကျောင်းကို ရောက်တဲ့ အခါမှာလည်း အခြားကလေးတွေနဲ့ တန်းတူ မျက်နှာမငယ်ရအောင် ပိုက်ဆံမရှိတဲ့ ကြားက ကိုယ့်သားသမီး အတွက် နည်းမျိုးစုံနဲ့ အဆင်ပြေအောင် ဖန်တီးပေးကြရတာလည်းဖြစ်ပါတယ်။

ယခုလည်း ကမ်ယောဒီးယားနိုင်ငံက NY Keng ဆိုတဲ့ ၅နှစ်အရွယ်ကလေးလေးဟာ ကျောင်းတက်ဖို့အတွက် ကျောပိုးအိတ်မရှိပါဘူး။ သူရဲ့ မိဘတွေဟာ လက်လုပ်လက်စား လယ်သမားမိသားစုဖြစ်တာကြောင့် riels 30000 ($7) တန်တဲ့ ကျောပိုးအိတ်တစ်လုံးတောင် ဝယ်ဖို့ရာ မတတ်နိုင်ခဲ့ပါဘူး။

ဒါ့ကြောင့် ဖခင်ဖြစ်သူဟာ သူ့ရဲ့သားလေး ကျောင်းတက်ရ အဆင်ပြေစေဖို့အတွက် သူကိုယ်တိုင် ကျောပိုးအိတ်တစ်လုံး ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။

Keng ရဲ့ ဖခင်ဟာ ပလက်စတစ်ကြိုး အပြာရောင်ကိုအသုံးပြုပြီး သားဖြစ်သူအတွက် ကျောပိုးအိတ်တစ်လုံးကို ယက်လုပ်ပေးခဲ့ပါတယ်။ အဲ့ဒီနောက် ထိုအိတ်လေးနဲ့ သားဖြစ်သူကို ကျောင်းကို လွတ်ပေးလိုက်ပါတယ်။

အတန်းထဲမှာ အားလုံးထက်ပိုပြီး ထူးခြားနေတဲ့ သူ့ရဲ့ ကျောပိုးအိတ်လေးကို အတန်းဖော်တွေ မပြောနဲ့ ဆရာမကအစ စိတ်ဝင်စားခဲ့ကြပါတယ်။ အတန်းဖော်ကျောင်းသားတွေက သူ့ရဲ့ ကျောင်းလွယ်အိတ်လေးကို ကိုင်ကြည့်ပြီး ကောင်းလိုက်တာ၊ မိုက်တယ် ဘယ်သူလုပ်ပေးတာလဲ လို့တောင် တအံ့တသြနဲ့ မေးမြန်းကြပါတယ်။

ဆရာမဖြစ်သူ Sophous Suon ကလည်း ထိုကလေးရဲ့ လွယ်အိတ်လေးကို ယူပြီး ဒါဘယ်သူလုပ်ပေးတာလဲလို့ မေးကြည့်တဲ့ အခါမှာတော့ လွယ်အိတ်ဖိုး မတက်နိုင်လို့ အဖေကိုယ်တိုင်လုပ်ပေးထားတာဆိုတဲ့အကြောင်းကို သိလိုက်ရပါတယ်။ အဲ့ဒီနောက် ဆရာမက Keng ရဲ့ လွယ်အိတ်လေးကို ဓာတ်ပုံရိုက်ပြီး ဒီအကြောင်းအရာနဲ့အတူတူfacebook ပေါ်မှာ မျှဝေခဲ့ပါတယ်။

Source; Life Style Myanmar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.