ကျောင်းထဲမှာ အလွယ်တကူ မုဒိမ်းကျင့်လို့ရတဲ့နေရာရှိသတဲ့လား…?

Posted on






ထောင်သူရဲဘအုပ်

Unicode

အောင်ကြီးက ဖယ်ရီကား ကျောင်းကားရဲ့ ဒရိုင်ဘာမဟုတ်ဘူးတဲ့ဒါဆို ပိုပြီးမဖြစ်နိုင်ဘူးမလား

ကလေးကိုလမ်းမှာကျင့်တာမဟုတ်ပဲကျောင်းထဲတင်ကျင့်တာလို့ မှတ်ယူရမှာပေါ့ CCTVမှတ်တမ်းအရ ၎င်းဒရိုင်ဘာဟာ ကျောင်းထဲကိုဝင်ရောက်တာ ၂၆မိနစ်ခန့်ကြာတယ်ဆိုတယ်ကလေးနဲ့ဘယ်လိုတွေ့သလဲ လူစိမ်းဖြစ်တဲ့သူကကလေးကိုအလွယ်တကူခေါ်လို့ရသလားဆရာမတွေ ဘာလုပ်နေလဲကျောင်းထဲမှာ အလွယ်တကူ မုဒိမ်းကျင့်ရတဲ့နေရာရှိသလား ခနလေးဝင်လာပြီး ကလေးတစ်ယောက်ကိုမုဒိမ်းဝင်ကျင့်သွားတဲ့အထိ ကျောင်းက ပေါ့လျော့သလား ကလေးထိန်းဆရာမတွေ အဲ့သည့်လောက်ထိ ပေါ့လျော့သလား

လူစိမ်းတစ်ယောက် ကျောင်းဝန်ထမ်းမဟုတ်သူတစ်ယောက်က ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက်လို့ရသလား ဒါဆို ဒီကျောင်းရဲ့အနေအထားဟာ ပေါ့လျော့မှုကြီးမား လိုအပ်ချက်ကြီးမားတဲ့ ခွင့်မပြုသင့်တဲ့ကျောင်းလို့ဆိုရမယ်ဒါက လက်ရှိအဖြေအရ ကျောင်းကိုဝေဖန်တာကလေးရဲ့နှုတ်ထွက်စကားအရဆိုရင်ကိုကိုနှစ်ယောက် အခန်းကျယ်ကိုခေါ်သွားတယ်ဒါဆို ကလေးတွေနဲ့ခနလာတဲ့ဒရိုင်ဘာ မရင်းနှီးဘူးကိုကိုဆိုတာ ဒရိုင်ဘာမဟုတ်ဘူး

ကိုကိုလို့ ကလေးကတရင်းတနှီးသိနေတဲ့အတွက်ကိုကိုဟာ ခနလာတဲ့ဒရိုင်ဘာမဟုတ်တာသေချာတယ်ကိုကိုလုပ်တာ ဆရာမနှင်းနုသိတယ် ဆရာမနှင်းနုကကိုကို့ကိုဆူတယ်ဒီစကားအရဆို ခနလာတဲ့ဒရိုင်ဘာ ပိုပြီးမဖြစ်နိုင်ဘူးခနလာတဲ့ဒရိုင်ဘာလုပ်တာ ဆရာမမြင်တယ်ဆိုကျောင်းအုပ်ချုပ်ရေးတန်းသိမယ် ၎င်းဒရိုင်ဘာဟာချက်ချင်းအဖမ်းခံရမှာပဲ

ဒါဆို ကလေးပြောတဲ့ကိုကိုဆိုတာ လက်ရှိတရားခံဆိုသူ ဒရိုင်ဘာမဖြစ်နိုင်ဘူးပေါ့ကလေးပြောစကားသာ အမှန်တရားတွေဆိုလက်ရှိတရားခံဆိုသူဟာ အမှန်တကယ်လုပ်သူမုဒိမ်းကောင်မဟုတ်ဘူးလို့ သုံးသပ်ရမှာပဲမုဒိမ်းကောင်အစစ် လွတ်နေတယ်ပေါ့အဲ့လိုလားအမှုက စစ်ချက်နဲ့ထွက်ဆိုချက်တွေကို စောင့်ကြည့်ရအုံးမှာပေါ့ အဓိပ္ပါယ်ရှိမရှိ …

ထောင်သူရဲဘအုပ်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.