“ပေါက်တဲ့အိုး” သီချင်းခွေနဲ့ အောင်မြင်မှုတွေ တစ်ရှိန်ထိုးရရှိခဲ့တဲ့ အဆိုတော်မလေး အေသင်ချိုဆွေကတော့ သရုပ်ဆောင်ပိုင်းမှာလည်း ထူးချွန်သူတစ်ဦးမို့ ဇာတ်ကားတွေများစွာလည်း ရိုက်ကူးခဲ့သူတစ်ဦးပါ။ အနုပညာလောကထဲကနေ ခေတ္တခဏ ပျောက်ကွယ်သွားတဲ့ အေသင်ချိုဆွေကတော့ လွန်ခဲ့တဲ့လတွေက ချစ်စရာသမီးလေးတစ်ယောက်နဲ့အတူ ရဲရဲဝံ့ဝံ့ ပြန်လည် ထွက်လာခဲ့ပါတယ်။ အရုပ်လေးလို ချစ်စရာကောင်းတဲ့ အေသင့်ရဲ့သမီးလေး Ivy ကိုတော့ မိသားစုဝင်တွေသာမကပဲ ပရိသတ်တွေကလည်း အရိပ်တကြည့်ကြညေ့်နဲ့ အချစ်ပိုနေကြတာပါ။ လတ်တလောမှာတော့ အေသင်က ကျောင်းတက်ရင်း ပျော်နေတဲ့ သမီးလေး Ivy ရဲ့ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာ တွေ့ရပါတယ်။
ချစ်ပရိသတ်တွေအတွက် အမေလိုပဲ အရမ်းကို ချစ်စရာကောင်းတဲ့ သမီးလေး Ivy ရဲ့ကျောင်းသွားပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။
အေသင်ချိုဆွေကတော့ “မနေ့ကဗီးဗီးရဲ့ Pingu’s English International Kindergarten Myanmar ကျောင်းမှာ ဓါတ်ဖမ်းပေးရသေးတယ် မတ်မတ်ကို 📸🥰” ဆိုပြီး သမီးလေးကို ဓါတ်ဖမ်းပေးထားတဲ့ ချစ်စရာပုံရိပ်လေးတွေကို လူမှုကွန်ယက်မှာ ဝေမျှပေးထားတာပါ။
Ivy လေးရဲ့ကျောင်းတက်တဲ့ ဖက်ရှင်က လုံးဝအမိုက်စားနော်…။
ကျောင်းက အတန်းဖော်နဲ့ ပျော်ပျော်ကြီး ကစားနေတဲ့ Ivy လေး..။
အေသင်ချိုဆွေကတော့ လတ်တလောမှာ သီချင်းအသစ်တွေဆိုရင်း အနုပညာ လှုပ်ရှားမှုတွေ ဆက်တိုက် ပြုလုပ်ဖြစ်နေတာပါ။ တလောကထွက်ရှိထားတဲ့ အေသင်ချိုဆွေရဲ့”အသည်းကွဲသီချင်းတွေ မဆိုတော့ဘူး” ဆိုတဲ့ သီချင်းလေးကလည်း ပရိသတ်တွေရဲ့ သဘောကျနှစ်သက်ခြင်းကို အပြည့်အဝ ရရှိခဲ့ပါသေးတယ်။ ချစ်ပရိသတ်တွေလည်း သမီးလေးကိုကြည့်ရင်း တစိမ့်စိမ့်နဲ့ ကြည်နူးနေတဲ့ မေမေ အေသင်ချိုဆွေကိုချစ်ရင် share သွားကြဖို့ မမေ့ပါနဲ့နော်။
Source;Athen Cho Swe’s Facebook
ခရက်ဒစ် မိုမိုလေး