ျမန္မာႏိုင္ငံရဲ႕ ထိပ္ထိပ္ႀကဲမင္းသမီးတစ္ေယာက္ျဖစ္တဲ့ ဝတ္မႈံေ႐ႊရည္က အကယ္ဒမီ (၂) ဆုရွင္အျဖစ္ ေအာင္ျမင္မႈအေပါင္း သရဖူေဆာင္းထားသလို ႏိုင္ငံတကာနဲ႔လည္း ရင္ေဘာင္တန္းႏိုင္သူေလးတစ္ေယာက္ ျဖစ္ပါတယ္။ ဝတ္မႈံေ႐ႊရည္က ကိုရီးယားႏိုင္ငံက ခ်ီးျမႇင့္ထားတဲ့ ထူးခြၽန္ဆုတစ္ဆုကို ပိုင္ဆိုင္ထားၿပီး ႏိုင္ငံတကာမွာ က်င္းပတဲ့ ပြဲအခမ္းအနားေတြကိုလည္း ျမန္မာႏိုင္ငံကိုယ္စားျပဳအျဖစ္ မၾကာခဏတက္ေရာက္ရေလ့ရွိတာပဲ ျဖစ္ပါတယ္။ ဒီတစ္ေခါက္မွာလည္း ဝတ္မႈံေ႐ႊရည္က ျမန္မာပရိသတ္ေတြ ဂုဏ္ယူေစမယ့္ သတင္းေကာင္းတစ္ခုကို သယ္ေဆာင္လာခဲ့ျပန္ပါၿပီ။
ဝတ္မႈံေ႐ႊရည္က ကမာၻေက်ာ္ Forbes Magazine က ေ႐ြးခ်ယ္တဲ့ Forbes Asia’s digital stars အေယာက္ (၁၀၀) မွာ ကိုရီးယား ေကေပါ့အဖြဲ႕ျဖစ္တဲ့ BLACKPINK၊ ထိုင္း ထိပ္တန္းမင္းသမီး Davika Hoorne၊ ဖိလစ္ပိုင္း ထိပ္တန္းမင္းသမီး Kim Chiu အစရွိတဲ့ အာရွထိပ္သီးအႏုပညာရွင္ေတြနဲ႔ ရင္ေဘာင္တန္းၿပီး ေဖာ္ျပခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ဝတ္မႈံေ႐ႊရည္ကေတာ့ သူမရဲ႕ မွတ္တိုင္တစ္ခုအတြက္ “Forbes Magazine က ေ႐ြးခ်ယ္တဲ့ Forbes Asia’s digital stars အေယာက္ (၁၀၀) မွာ ျမန္မာႏိုင္ငံ ကိုယ္စားျပဳအေနနဲ႔ ကစ္ ေ႐ြးခ်ယ္ခံရပါတယ္…ကစ္ကို ခ်စ္ခင္အားေပးၾကတဲ့ တစ္ဦးတစ္ေယာက္ခ်င္းစီကို xo xo 💋💋” ဆိုၿပီး ဂုဏ္ယူဝမ္းသာစရာသတင္းေကာင္းေလးကို မွ်ေဝေပးလာပါတယ္။
.
ဝတ္မႈံေ႐ႊရည္ကေတာ့ ကမာၻ႔ႏိုင္ငံအသီးသီးက အႏုပညာရွင္ေတြၾကားမွာ မၾကာခဏဆိုသလို ေဖာ္ျပခံရၿပီး ႏိုင္ငံတကာက ပြဲအခမ္းအနားႀကီးေတြကိုလည္း ျမန္မာႏိုင္ငံကိုယ္စားျပဳအေနနဲ႔ တက္ေရာက္ေလ့ရွိသူတစ္ေယာက္ပဲ ျဖစ္ပါတယ္။ ပရိသတ္ႀကီးလည္း ဝတ္မႈံေ႐ႊရည္ရဲ႕ မွတ္တိုင္တစ္ခုအတြက္ ဂုဏ္ယူဝမ္းသာေနၾကမယ္ ထင္ပါတယ္ေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: Wutt Hmone Shwe Yi ‘s fb
Unicode
မြန်မာနိုင်ငံရဲ့ ထိပ်ထိပ်ကြဲမင်းသမီးတစ်ယောက်ဖြစ်တဲ့ ဝတ်မှုံရွှေရည်က အကယ်ဒမီ (၂) ဆုရှင်အဖြစ် အောင်မြင်မှုအပေါင်း သရဖူဆောင်းထားသလို နိုင်ငံတကာနဲ့လည်း ရင်ဘောင်တန်းနိုင်သူလေးတစ်ယောက် ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်က ကိုရီးယားနိုင်ငံက ချီးမြှင့်ထားတဲ့ ထူးချွန်ဆုတစ်ဆုကို ပိုင်ဆိုင်ထားပြီး နိုင်ငံတကာမှာ ကျင်းပတဲ့ ပွဲအခမ်းအနားတွေကိုလည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် မကြာခဏတက်ရောက်ရလေ့ရှိတာပဲ ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာလည်း ဝတ်မှုံရွှေရည်က မြန်မာပရိသတ်တွေ ဂုဏ်ယူစေမယ့် သတင်းကောင်းတစ်ခုကို သယ်ဆောင်လာခဲ့ပြန်ပါပြီ။
ဝတ်မှုံရွှေရည်က ကမ္ဘာကျော် Forbes Magazine က ရွေးချယ်တဲ့ Forbes Asia’s digital stars အယောက် (၁၀၀) မှာ ကိုရီးယား ကေပေါ့အဖွဲ့ဖြစ်တဲ့ BLACKPINK၊ ထိုင်း ထိပ်တန်းမင်းသမီး Davika Hoorne၊ ဖိလစ်ပိုင်း ထိပ်တန်းမင်းသမီး Kim Chiu အစရှိတဲ့ အာရှထိပ်သီးအနုပညာရှင်တွေနဲ့ ရင်ဘောင်တန်းပြီး ဖော်ပြခံခဲ့ရတာပဲ ဖြစ်ပါတယ်။ ဝတ်မှုံရွှေရည်ကတော့ သူမရဲ့ မှတ်တိုင်တစ်ခုအတွက် “Forbes Magazine က ရွေးချယ်တဲ့ Forbes Asia’s digital stars အယောက် (၁၀၀) မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ ကစ် ရွေးချယ်ခံရပါတယ်…ကစ်ကို ချစ်ခင်အားပေးကြတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို xo xo 💋💋” ဆိုပြီး ဂုဏ်ယူဝမ်းသာစရာသတင်းကောင်းလေးကို မျှဝေပေးလာပါတယ်။
ဝတ်မှုံရွှေရည်ကတော့ ကမ္ဘာ့နိုင်ငံအသီးသီးက အနုပညာရှင်တွေကြားမှာ မကြာခဏဆိုသလို ဖော်ပြခံရပြီး နိုင်ငံတကာက ပွဲအခမ်းအနားကြီးတွေကိုလည်း မြန်မာနိုင်ငံကိုယ်စားပြုအနေနဲ့ တက်ရောက်လေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဝတ်မှုံရွှေရည်ရဲ့ မှတ်တိုင်တစ်ခုအတွက် ဂုဏ်ယူဝမ်းသာနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: Wutt Hmone Shwe Yi ‘s fb