မော်ဒယ်လ်လောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်လာခဲ့တဲ့ စူပါမော်ဒယ်လ် သန္တာဗိုလ်ဟာ အထာကျတဲ့ ရုပ်သွင်နဲ့ စမတ်ကျတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ဖက်ရှင်မျိုးစုံနဲ့ လိုက်ဖက်တဲ့သူဖြစ်သလို ဖက်ရှင်ရှိုးများမှာ ကျွမ်းကျင်ပိုင်နိုင်စွာ လျှောက်လှမ်းနိုင်တာကြောင့် fashion show ပွဲကြီးများမှာပါ ထိပ်ဆုံးနေရာက ပါဝင်ခဲ့ပါတယ်။
အနုပညာခရီးလမ်းမှာ အောင်မြင်သလို အချစ်ရေးမှာပါ စိုပြည်သာယာလှတဲ့ သန္တာဗိုလ်ဟာ သူမရဲ့ချစ်သူ သရုပ်ဆောင် ကောင်းပြည့်နဲ့ ချစ်သူဘ၀ကို နားလည်မှုအပြည့်နဲ့ လက်တွဲနေကြတာ ဖြစ်ပါတယ်။ ဘယ်သွားသွား ဘယ်လာလာ နှစ်ယောက်အတူတွဲမြင်ရပေမယ့် သန္တာဗိုလ်ကို ကောင်းပြည့်နဲ့ ပြတ်ပြီလားလို့ မေးနေကြသူတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မေးနေသူများကို ဒဲ့ကို ရှင်းပေးလိုက်ပါတယ်။
“ဒီအကိုကြီးနဲ့တွဲနေဆဲ တွဲနေမြဲပါနော်😜😂💖 ပြတ်ပြီလား မေးမေးနေကျလို့🤣” ဆိုပြီး ခပ်လှောင်လှောင်လေး ရေးသားခဲ့ပါတယ်။
ကောင်းပြည့်နဲ့ သန္တာဗိုလ် တို့အတွဲလေးဟာ ရှေ့သွားနောက်လိုက်ညီသလို ရုပ်ချင်းလည်း ဆင်တာကြောင့် ပရိသတ်များ သဘောတူရဆုံး စုံတွဲဖြစ်သလို လူငယ်ပရိသတ်များကြား ရေပန်းစားတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ချစ်သူဘ၀ကို တွဲလက်မဖြုတ်ဘဲ လျှောက်လှမ်းလာခဲ့တာ အခုဆိုရင် (၇) နှစ်ကျော်ပြီဖြစ်ပါတယ်။
Source : Thandar Bo