ကောင်မလေးတွေလာကပ်လို့မရအောင် ဖေဖေ့ရဲ့ဘောင်းဘီစကိုဆွဲပြီးလိုက်နေတဲ့ Treasureလေးကို အရမ်းသဘောကျနေတဲ့ မေမေစန္ဒီမြင့်လွင်

Posted on

ပရိသတ်ကြီးရေ စန္ဒီမြင့်လွင်ကတော့ မိသားစုဘဝလေးကို တည်ထောင်ထားပြီး အေးအေးချမ်းချမ်းနဲ့ဖြတ်သန်းနေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်က အနုပညာအလုပ်တွေကိုလည်း ဖြည်းဖြည်းမှန်မှန်လုပ်ဆောင်နေပြီး သီချင်းအသစ်လေးတွေကိုလည်း ဆက်လက်ဖန်တီးနေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်က အနုပညာအလုပ်တွေလုပ်ကိုင်နေတဲ့ကြားထဲကနေ သမီးလေး Treasureကိုလည်း သေချာဂရုစိုက်စောင့်ရှောက်ပေးတဲ့မိခင်ကောင်းတစ်ယောက်ဖြစ်ပါတယ်နော်။

စန္ဒီမြင့်လွင်ရဲ့ခင်ပွန်း ကိုသီဟလွင်ကလည်း ရိုးရိုးအေးအေးသာနေတတ်ပြီး ချစ်ဇနီးချောလေးနဲ့လည်း MVတစ်ပုဒ်မှာ ပါဝင်သရုပ်ဆောင်ထားသေးတာဖြစ်ပါတယ်။ကိုသီဟလွင်က ချစ်ဇနီးလေးနဲ့သမီးချောလေးကို အရိပ်တကြည့်ကြည့်နဲ့စောင့်ရှောက်ပေးနေတာဖြစ်ပါတယ်နော်။Treasureလေးကတော့ ဖေဖေ့ရဲ့အသည်းနှလုံးလေးဖြစ်ပြီး ပြည့်ပြည့်စုံစုံနေရတဲ့ကလေးလေးဖြစ်ပါတယ်။စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံကလည်း တစ်ဦးတည်းသောသမီးလေးကို အချစ်တွေပုံပေးထားကြတာဖြစ်ပါတယ်နော်။

အခုဆိုရင်တော့ စန္ဒီမြင့်လွင်တို့မိသားစုလေးက အပြင်ကိုလျှောက်လည်ကြပြီး ပျော်ရွှင်စရာအချိန်လေးတွေ ကုန်ဆုံးနေတာဖြစ်ပါတယ်။Treasureလေးက ဖေဖေ့ရဲ့ဘောင်းဘီစကိုဆွဲပြီး လမ်းလျှောက်နေတာဖြစ်လို့ စန္ဒီမြင့်လွင်က ဗီဒီယိုလေးရိုက်ထားလိုက်တာဖြစ်ပါတယ်။ကောင်မလေးတွေအနားကပ်လို့မရအောင် ဖေဖေ့ကိုမလွှတ်တမ်းဆွဲထားတဲ့ Treasureလေးရဲ့ချစ်စရာအပြုအမူလေးကို ပရိသတ်တွေလည်းကြည့်ရှု့ရအောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source : myanmar load

zawgyi




source : myanmar load

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.