သားဖြစ်သူရဲ့ ကွာရှင်းမှုသတင်းကြောင့် လူအများရဲ့အာရုံစိုက်မှုကို မလိုအပ်ပဲရရှိနေတဲ့ Song Joong Ki ရဲ့ ဖခင်

Posted on

လတ်တလော တောင်ကိုရီးယားမှာသာမက ကမ္ဘာတစ်လွှားက ကိုရီးယားအနုပညာလှိုင်းကို ကြိုက်နှစ်သက်ကြတဲ့ ပရိသတ်တွေရဲ့အကြားမှာ လူစိတ်ဝင်စားများနေတဲ့ သတင်းကတော့ နာမည်ကြီးအနုပညာရှင်စုံတွဲဖြစ်တဲ့

Song Joong Ki နဲ့ Song Hye Kyo တို့ရဲ့ ကွာရှင်းမှုသတင်းပါပဲ။ ဒါပေမယ့် ဒီသတင်းနဲ့ ပတ်သတ်ပြီး အာရုံစိုက်မှုကိုရရှိနေတာက ကာယကံရှင် ၂ ယောက်အပြင် နောက်ထပ်တစ်ယောက်ပါ ရှိနေပါသေးတယ်။

အဲဒါကတော့ မင်းသား Song Joong Ki ရဲ့ ဖခင်ဖြစ်သူပါပဲ။ Song Joong Ki ရဲ့ ဖခင်ဖြစ်သူဟာ သူ့ရဲ့ ချွေးမဖြစ်သူ Song Hye Kyo နဲ့ ပတ်သတ်ပြီးဂုဏ်ယူရကြောင်းကို မကြာခဏဆိုသလို ထုတ်ဖော်ပြောတတ်သူဖြစ်တာမို့လို့ ပရိသတ်တွေနဲ့ မစိမ်းတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

ဒါပေမယ့် ဒီတစ်ခါမှာတော့ Song Joong Ki ရဲ့ ဖခင်ဟာ မလိုအပ်ပဲနဲ့ လူအများရဲ့အာရုံစိုက်မှုကို ရရှိနေတယ်လို့ သိရပါတယ်။ ရှေးဦးစွာ ပရိသတ်တွေ သတိထားအာရုံစိုက်မိတာကတော့ Song Joong Ki ကို မွေးဖွားခဲ့တဲ့အိမ်မှာ Descendants Of The Sun ဇာတ်ကားထဲကပုံတွေအပါအ၀င်

Song Joong Ki ရဲ့ အမှတ်တရဓာတ်ပုံတွေကို ပြသထားရာကနေ ကွာရှင်းတဲ့သတင်းထွက်ရှိပြီးနောက်မှာတော့ Song Hye Kyoနဲ့ တွဲရိုက်ထားတဲ့ဓာတ်ပုံတွေက တစ်ပုံမှမကျန်ရှိတော့တာပါပဲ။

အဲဒီနေအိမ်ဟာ Song Joong Ki ရဲ့ ပြတိုက်အနေနဲ့ ဖခင်ဖြစ်သူက ထိန်းသိမ်းစောင့်ရှောက်ဖန်တီးပေးထားတာဖြစ်ပြီး ပရိသတ်တွေများစွာကလည်း ထိုအိမ်ကိုလာရောက်ပြီး အမှတ်တရဓာတ်ပုံတွေ ရိုက်ကူးလေ့ရှိပါတယ်။

အခုကွာရှင်းတဲ့သတင်းထွက်ပြီးနောက်မှာတော့ Descendants Of The Sun ဇာတ်လမ်းတွဲရဲ့ ပုံတွေအားလုံးက မရှိတော့တာမို့လို့ Song Joong Ki ရဲ့ ဖခင်ဖြစ်သူက ချွေးမဟောင်းဖြစ်သူရဲ့ ပုံတွေကို ဖြုတ်လိုက်တာဖြစ်တယ်လို့ ပရိသတ်တွေက သုံးသပ်ထားကြပါတယ်။

ဒါ့အပြင် တချို့သောသူတွေကလည်း Song Hye Kyo နဲ့ Song Joong Ki တို့ မင်္ဂလာပွဲမတိုင်ခင်တုန်းက ဖခင်ဖြစ်သူရဲ့ အင်တာဗျူးထဲကအဖြေတချို့ကို ပြန်လည်ဖော်ထုတ်ကြပြီး Song Joong Ki ရဲ့ ဖခင်ဖြစ်သူဟာ အစကတည်းက သားဖြစ်သူရဲ့ ဆန္ဒကြောင့်သာ ချွေးမဖြစ်သူကိုလက်ခံခဲ့တာဖြစ်မယ်လို့ ကောက်ချက်ချထားကြပါတယ်။

အဲဒီတုန်းက Song Hye Kyo ဟာ သားဖြစ်သူထက် အသက်ကြီးနေတာနဲ့ ပတ်သတ်ပြီးဘယ်လို မြင်သလဲဆိုတဲ့မေးခွန်းကို “ဘယ်မိဘက သူတို့ရဲ့သားသမီးကို လွန်ဆန်နိုင်လို့လဲ” ဆိုပြီး ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလိုမျိုးတွေ သတင်းထွက်ပေါ်နေတာနဲ့ ပတ်သတ်ပြီး တချို့ကတော့ ကာယကံရှင် ၂ ယောက်ရဲ့ ကွာရှင်းမှုနဲ့ပတ်သတ်ပြီး မိဘတွေကို ဘာအကြောင်းနဲ့မှ ဝေဖန်စရာမလိုဘူးလို့ဆိုကာ ဝေဖန်ထားကြပါတယ်။

Ref : Koreaboo

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.