ဧရာဝတီ မြစ်ကို ဖျက်ဆီးနေကြတဲ့လူတစ်စုအတွက်ပြောဆိုလိုက်တဲ့ ရွှေဇီးကွက်

နာရေးကူညီမှုအသင်းရန်ကုန်ရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်ဖြစ်တဲ့ ဒေါ်ရွှေဇီးကွက်ကတော့ ဧရာဝတီ မြစ်ကို ဖျက်ဆီးနေကြတဲ့လူတစ်စုအတွက် သူ့အမြင်ကိုထောက်ပြပြောဆိုလိုက်ပါတယ်။ဧရာဝတီဟာမြန်မာနိုင်ငံရဲ့အသက်သွေးကြောဖြစ်ဆာကြောင့် အခုလို ပြတ်ပြတ်သားသားပြောဆိုလိုက်ခြင်းလည်းဖြစ်ပါတယ်။‘မြန်မာလူမျိုးတွေ ကိုယ့်နိုင်ငံရဲ့ အသက်သွေးကြောဖြစ်တဲ့ ဧရာဝတီမြစ်ထဲကို တစ်နေ့တစ်နေ့ တန် ၉၀ လောက်ရှိတဲ့ ပလပ်စတစ်အမှိုက်သရိုက်တွေ ပစ်ထဲ့နေခဲ့ကြတာကတော့ ကိုယ့်ဖာသာကိုယ် သတ်သေနေကြသလိုပါပဲ။’ဆိုပြီး လေ့လာတွေ့ရှိချက်တစ်ခုကိုပြန်လည်မျှဝေရင်းသူ့အမြင်ကိုပြောဆိုထားတာပါ။ သိစေချင်လွန်းလို့ပရိသတ်တွေလည်း ရွှေဇီးကွက်ရဲ့စကားအပေါ်မှတ်ချက်ပေးဖို့မမေ့ကြပါနဲ့နော်Source – Myint Myint Khin PeNoe Noe May Ju Ju

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.