သရုပ်ဆောင် မောင်ကတော့ သူ့ရဲ့အစ်မ မနွေးနွေးလှိုင်ရဲ့ ကလေးတွေနဲ့ Hotel Quarantine ဝင်နေရင်း Covid-19 ရောဂါပိုးကူးစက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ မောင်က လက်ရှိမှာတော့ ဧရာဝတီဖောင်ဒေးရှင်းက ဦးဆောင်ပြီး Covid-19 လူနာများကို ကုသပေးနေတဲ့ ဧရာဝတီစင်တာမှာ နေထိုင်ရင်း ဆေးကုသမှုခံယူနေရတာပဲ ဖြစ်ပါတယ်။ မောင်ကတော့ Covid-19 ရောဂါပိုးရှိပေမယ့် ကျန်းမာရေးလမ်းညွှန်ချက်တွေအတိုင်း စနစ်တကျလိုက်နာတာကြောင့် ကျန်းမာရေးကောင်းနေလျက်ရှိပါတယ်။
ဒီကနေ့ စက်တင်ဘာလ (၃၀) ရက်နေ့မှာတော့ မောင်က ဧရာဝတီစင်တာကနေ ကိုဗစ်ကင်းစင်ပြီးဆေးရုံဆင်းမယ့် လူနာတွေအတွက် တတ်နိုင်သလောက်ကူညီပေးဖြစ်တဲ့အကြောင်းကို အခုလိုပဲ ပြသလာပါတယ်။ “၁၁ ရက်ကြာကိုဗစ်စင်တာမှာနေပြီးလို့ အခုဆို စပြီးအိမ်ပြန်နေကြပါပြီ။ ကျွန်တော်ကတော့ တက်နိုင်သလောက်ကူညီရင်း ရက်ပြည့်လို့ ပြန်ရမယ့်နေ့ကိုစောင့်နေပါတယ်။ အားလုံးဘေးကင်းကြပါစေ။” ဆိုပြီး စင်တာထဲက လူနာတွေရဲ့ အခြေအနေတွေကို မျှဝေလာပါတယ်။
မောင်ကတော့ သူကိုယ်တိုင်လည်း ဆေးရုံဆင်းရမယ့် အချိန်ကို စောင့်နေရင်း လုပ်အားပေးအဖြစ် တာဝန်တွေကိုလည်း တတ်နိုင်သလောက် ကူညီလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးကလည်း မောင်နဲ့တကွ လူနာတွေအားလုံး နေကောင်းသက်သာဖို့ ဆုတောင်းပေးကြပါဦးနော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။
Source: SEIN PHYO & YI’s fb
zawgyi
သရုပ္ေဆာင္ ေမာင္ကေတာ့ သူ့ရဲ့အစ္မ မေႏြးေႏြးလိႈင္ရဲ့ ကေလးေတြနဲ့ Hotel Quarantine ဝင္ေနရင္း Covid-19 ေရာဂါပိုးကူးစက္ခံခဲ့ရတာပဲ ျဖစ္ပါတယ္။ ေမာင္က လက္ရိွမွာေတာ့ ဧရာဝတီေဖာင္ေဒးရွင္းက ဦးေဆာင္ျပီး Covid-19 လူနာမ်ားကို ကုသေပးေနတဲ့ ဧရာဝတီစင္တာမွာ ေနထိုင္ရင္း ေဆးကုသမႈခံယူေနရတာပဲ ျဖစ္ပါတယ္။ ေမာင္ကေတာ့ Covid-19 ေရာဂါပိုးရိွေပမယ့္ က်န္းမာေရးလမ္းညႊန္ခ်က္ေတြအတိုင္း စနစ္တက်လုိက္နာတာေၾကာင့္ က်န္းမာေရးေကာင္းေနလ်က္ရိွပါတယ္။
ဒီကေန့ စက္တင္ဘာလ (၃၀) ရက္ေန့မွာေတာ့ ေမာင္က ဧရာဝတီစင္တာကေန ကိုဗစ္ကင္းစင္ျပီးေဆးရံုဆင္းမယ့္ လူနာေတြအတြက္ တတ္နိုင္သေလာက္ကူညီေပးျဖစ္တဲ့အေၾကာင္းကို အခုလိုပဲ ျပသလာပါတယ္။ “၁၁ ရက္ၾကာကိုဗစ္စင္တာမွာေနၿပီးလို႔ အခုဆို စၿပီးအိမ္ျပန္ေနၾကပါၿပီ။ ကြၽန္ေတာ္ကေတာ့ တက္ႏိုင္သေလာက္ကူညီရင္း ရက္ျပည့္လို႔ ျပန္ရမယ့္ေန႔ကိုေစာင့္ေနပါတယ္။ အားလုံးေဘးကင္းၾကပါေစ။” ဆိုျပီး စင္တာထဲက လူနာေတြရဲ့ အေျခအေနေတြကို မွ်ေဝလာပါတယ္။
ေမာင္ကေတာ့ သူကိုယ္တိုင္လည္း ေဆးရံုဆင္းရမယ့္ အခ်ိန္ကို ေစာင့္ေနရင္း လုပ္အားေပးအျဖစ္ တာဝန္ေတြကိုလည္း တတ္နိုင္သေလာက္ ကူညီလုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ ပရိသတ္ၾကီးကလည္း ေမာင္နဲ့တကြ လူနာေတြအားလံုး ေနေကာင္းသက္သာဖို့ ဆုေတာင္းေပးၾကပါဦးေနာ္။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။
Source: SEIN PHYO & YI’s fb