ဧည့္သည္သီခ်င္းMTV မွာပိုင္တံခြန္နဲ႕ နမ္းရတာ ရင္မခုန္ခဲ့အေၾကာင္းေျပာခဲ့တဲ့ ဆုိဖီယာ

Posted on

ဧည့္သည္သီခ်င္းMTV ထဲမွာ အႏုပညာရွင္သုံးေယာက္ပါတယ္။ Result ကိုလည္း ေတာ္ေတာ္ ေလးႀကိဳက္ပါတယ္။ Kissing အခန္းေတြလည္းပါခဲ့တဲ့အတြက္ ေယာက်္ားေလးဖက္ကေနၾကည့္ရင္ ဆိုဖီကိုထိတယ္။ နင္ဇီကိုထိတယ္ဆိုၿပီးေျပာၾကတယ္။

တံခြန္ရဲ႕Fanေတြကလည္း သူ႔ဘက္ကေန ေနၾကတာေပ့ါ။ ကြန္မန႔္ေတြကိုဖတ္ရတယ္။ အဓိကက ဆိုဖီေရာ ဒါ႐ိုက္တာပါစဥ္းစားခဲ့တယ္။ ဧည့္ သည္ျဖစ္တဲ့အတြက္ နင္ဇီ့ရဲ႕ဧည့္သည္လည္းဟုတ္သလို ဆိုဖီရဲ႕ဧည့္သည္လည္းျဖစ္တယ္။

နင္ဇီနဲ႔တြဲ ၿပီးျပတ္တယ္။ ဆိုဖီနဲ႔တြဲၿပီးလည္း ျပတ္တယ္ဆိုတဲ့ Story ေလးပါပဲ။ အဓိကက ဒီသီခ်င္းရဲ႕မက္ေဆ့ခ်္ က ေယာက်္ားေလးေတြကိုယ့္ဆီလာေနတဲ့အခါမွာ တခ်ိဳ႕ေတြက အဆင္မေျပတာေတြ အရမ္းမ်ားပါ တယ္။

ကိုယ့္ဆီေရာက္ေနတဲ့အခ်ိန္မွာ ဘဝမွာ သူတို႔ေလာက္အဆင္မေျပတာမရွိေတာ့ဘူး။ သူတို႔ ေလာက္ အဆင္းရဲဆုံးအေျခအေနေတြမရွိေတာ့ဘူး။ သူတို႔ဘာသာတစ္ေယာက္တည္းေနရင္ အဆင္ ေျပေနၾကတယ္။ ဧည့္သည္ျဖစ္တာေတာ့ေကာင္းပါတယ္။

ဒါေပမဲ့ တစ္ခါတေလမွာ ကိုယ့္ဆီဧည့္သည္ လာလုပ္ရင္းနဲ႔သူခိုးေတာ့မျဖစ္ေစနဲ႔ေပါ့။ အျပင္ Relationship ေတြမွာ ေတြ႕ေနျမင္ေနၾကမို႔လို႔ ေျပာျပ တာပါ။ မိန္းကေလးေတြကို အဲဒီလိုမျဖစ္ေစပါနဲ႔လို႔ ေျပာျပတာပါ။

ဒီသီခ်င္း MTV ႐ိုက္ကူးဖို႔အတြက္ သူ႔ကိုအကူအညီေတာင္းခဲ့တယ္။ မနက္ကတည္းကေန႔ ညအထိ ေတာက္ေလွ်ာက္သူကူညီေပးခဲ့တယ္။ အခန္းတိုင္းက အမွတ္တရေတြပါပဲ။

Kissing ဆြဲတဲ့အခန္းဆို ရင္ နင္ဇီက ရွက္ေနတယ္လို႔ထင္တယ္။ ဆိုဖီက အရမ္းႀကီးစိတ္မလႈပ္ရွားခဲ့ပါဘူး။ အလုပ္သေဘာအ ရဆိုေတာ့ ပုံမွန္ပါပဲ။ MTV ထဲမွာပါတယ္ဆိုရင္ စိတ္ခ်ရတယ္။ စိတ္မပူပါနဲ႔ တံခြန္က အလုပ္ႀကိဳးစား ေနတာပါ။

အလုပ္သေဘာအရ ကူညီေပးတာပါ။ သ႐ုပ္ေဆာင္ပိုင္းနဲ႔ပတ္သက္ၿပီး ဆိုဖီက စိတ္လႈပ္ ရွားတာမ်ိဳးမရွိပါဘူး။ ေယာက်္ားေလးတစ္ေယာက္နဲ႔အတူသ႐ုပ္ေဆာင္ရမယ္ဆိုရင္ ေၾကာက္ေနတာ မ်ိဳးေတြ ဆိုဖီမွာ မရွိပါဘူး။ နင္ဇီကေတာ့ ရွက္ေနတာေတြ႕ရတယ္(ရယ္လ်က္)။

နင္ဇီ့ရဲ႕အသံကို သေဘာက်တယ္။ သူ High Pitch ေတြကို ေအာ္ႏိုင္တယ္။ အဓိက သူ႔ရဲ႕အားသာ ခ်က္က အရမ္းေအာ္ႏိုင္တယ္။ Vocal Power ေကာင္းတယ္။

ဆိုဖီက်ေတာ့ Slow ပိုင္းေလးေတြ သြား တယ္။ ႏွစ္ေယာက္ေပါင္းၿပီး သီခ်င္းတစ္ပုဒ္ဖန္တီးရမယ္လို႔ယူဆခဲ့တဲ့အတြက္ နင္ဇီနဲ႔အတူလုပ္ျဖစ္ သြားတာပါ။ သီခ်င္းကိုေက်နပ္မႈရွိပါတယ္။

ဒါေပမဲ့ Music Video ကိုတင္ဖို႔အတြက္ Team Work ပါ တယ္ဆိုေပမဲ့ တခ်ိဳ႕အရာေတြမွာ အဆင္မေျပတာေလးေတြႀကဳံခဲ့ရတယ္။ သည္းခံၿပီးျဖတ္ေက်ာ္ခဲ့ရ တာေပါ့။

Credit Sunday

Unicode
ဧည့်သည်သီချင်းMTV ထဲမှာ အနုပညာရှင်သုံးယောက်ပါတယ်။ Result ကိုလည်း တော်တော် လေးကြိုက်ပါတယ်။ Kissing အခန်းတွေလည်းပါခဲ့တဲ့အတွက် ယောကျ်ားလေးဖက်ကနေကြည့်ရင် ဆိုဖီကိုထိတယ်။ နင်ဇီကိုထိတယ်ဆိုပြီးပြောကြတယ်။

တံခွန်ရဲ့Fanတွေကလည်း သူ့ဘက်ကနေ နေကြတာပေ့ါ။ ကွန်မန့်တွေကိုဖတ်ရတယ်။ အဓိကက ဆိုဖီရော ဒါရိုက်တာပါစဉ်းစားခဲ့တယ်။ ဧည့် သည်ဖြစ်တဲ့အတွက် နင်ဇီ့ရဲ့ဧည့်သည်လည်းဟုတ်သလို ဆိုဖီရဲ့ဧည့်သည်လည်းဖြစ်တယ်။

နင်ဇီနဲ့တွဲ ပြီးပြတ်တယ်။ ဆိုဖီနဲ့တွဲပြီးလည်း ပြတ်တယ်ဆိုတဲ့ Story လေးပါပဲ။ အဓိကက ဒီသီချင်းရဲ့မက်ဆေ့ချ် က ယောကျ်ားလေးတွေကိုယ့်ဆီလာနေတဲ့အခါမှာ တချို့တွေက အဆင်မပြေတာတွေ အရမ်းများပါ တယ်။

ကိုယ့်ဆီရောက်နေတဲ့အချိန်မှာ ဘဝမှာ သူတို့လောက်အဆင်မပြေတာမရှိတော့ဘူး။ သူတို့ လောက် အဆင်းရဲဆုံးအခြေအနေတွေမရှိတော့ဘူး။ သူတို့ဘာသာတစ်ယောက်တည်းနေရင် အဆင် ပြေနေကြတယ်။ ဧည့်သည်ဖြစ်တာတော့ကောင်းပါတယ်။

ဒါပေမဲ့ တစ်ခါတလေမှာ ကိုယ့်ဆီဧည့်သည် လာလုပ်ရင်းနဲ့သူခိုးတော့မဖြစ်စေနဲ့ပေါ့။ အပြင် Relationship တွေမှာ တွေ့နေမြင်နေကြမို့လို့ ပြောပြ တာပါ။ မိန်းကလေးတွေကို အဲဒီလိုမဖြစ်စေပါနဲ့လို့ ပြောပြတာပါ။

ဒီသီချင်း MTV ရိုက်ကူးဖို့အတွက် သူ့ကိုအကူအညီတောင်းခဲ့တယ်။ မနက်ကတည်းကနေ့ ညအထိ တောက်လျှောက်သူကူညီပေးခဲ့တယ်။ အခန်းတိုင်းက အမှတ်တရတွေပါပဲ။

Kissing ဆွဲတဲ့အခန်းဆို ရင် နင်ဇီက ရှက်နေတယ်လို့ထင်တယ်။ ဆိုဖီက အရမ်းကြီးစိတ်မလှုပ်ရှားခဲ့ပါဘူး။ အလုပ်သဘောအ ရဆိုတော့ ပုံမှန်ပါပဲ။ MTV ထဲမှာပါတယ်ဆိုရင် စိတ်ချရတယ်။ စိတ်မပူပါနဲ့ တံခွန်က အလုပ်ကြိုးစား နေတာပါ။

အလုပ်သဘောအရ ကူညီပေးတာပါ။ သရုပ်ဆောင်ပိုင်းနဲ့ပတ်သက်ပြီး ဆိုဖီက စိတ်လှုပ် ရှားတာမျိုးမရှိပါဘူး။ ယောကျ်ားလေးတစ်ယောက်နဲ့အတူသရုပ်ဆောင်ရမယ်ဆိုရင် ကြောက်နေတာ မျိုးတွေ ဆိုဖီမှာ မရှိပါဘူး။ နင်ဇီကတော့ ရှက်နေတာတွေ့ရတယ်(ရယ်လျက်)။

နင်ဇီ့ရဲ့အသံကို သဘောကျတယ်။ သူ High Pitch တွေကို အော်နိုင်တယ်။ အဓိက သူ့ရဲ့အားသာ ချက်က အရမ်းအော်နိုင်တယ်။ Vocal Power ကောင်းတယ်။

ဆိုဖီကျတော့ Slow ပိုင်းလေးတွေ သွား တယ်။ နှစ်ယောက်ပေါင်းပြီး သီချင်းတစ်ပုဒ်ဖန်တီးရမယ်လို့ယူဆခဲ့တဲ့အတွက် နင်ဇီနဲ့အတူလုပ်ဖြစ် သွားတာပါ။ သီချင်းကိုကျေနပ်မှုရှိပါတယ်။

ဒါပေမဲ့ Music Video ကိုတင်ဖို့အတွက် Team Work ပါ တယ်ဆိုပေမဲ့ တချို့အရာတွေမှာ အဆင်မပြေတာလေးတွေကြုံခဲ့ရတယ်။ သည်းခံပြီးဖြတ်ကျော်ခဲ့ရ တာပေါ့။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.