“ဦးေဗ အျမန္ဆုံးသက္သာၿပီးေတာ့ ခံစားေနရတဲ့ ေရာဂါေဝဒနာေတြကေန အျမန္ဆုံးလြတ္ေျမာက္ႏိုင္ပါေစ” လို႔ ဆုိတဲ့ ေနတုိး …

ေနတိုးဟာ ေဗလုဝတစ္ေယာက္ က်န္းမာေရးမေကာင္းတဲ့အခ်ိန္မွာ သူ႔ရဲ႕ နာမည္ကို မွတ္မိေနတဲ့ အေၾကာင္းကို စဥ္းစားလို႔ေတာင္ မရေတာ့ပါဘူးတဲ့။ အလုပ္အတူတူတြဲလုပ္ခဲ့ဖူးသလို သ႐ုပ္ေဆာင္ပညာေတြလည္း သင္ေပးခဲ့ဖူးသူတစ္ေယာက္ပဲလို႔ ဆိုပါတယ္။

ေနတိုး ဇာတ္ပို႔သ႐ုပ္ေဆာင္ ေဗလုဝရဲ႕ က်န္းမာေရး အေျခအေနကို သတင္းၾကားၿပီးကတည္းက စိတ္မေကာင္းျဖစ္ေနတယ္လို႔ ဆိုပါတယ္။ ဦးေဗတစ္ေယာက္ ေနတိုးရဲ႕ နာမည္ကိုပဲ မွတ္မိေနတယ္ဆိုတာ တကယ္ကို အံ့ၾသမိတယ္လို႔ အင္တာဗ်ဴးေတြမွာလည္း ေျဖဆိုခဲ့ပါတယ္။

“ဦးေဗ က်န္းမာေရးမေကာင္းျဖစ္ေနတဲ့အခ်ိန္မွာ စိတ္မေကာင္းလည္းျဖစ္မိတယ္။ ဦးေဗ အျမန္ဆုံးသက္သာၿပီးေတာ့ ခံစားေနရတဲ့ ေရာဂါေဝဒနာေတြကေန အျမန္ဆုံးလြတ္ေျမာက္ႏိုင္ပါေစလို႔ ဆုေတာင္းေပးခ်င္ပါတယ္။ သူ႔စိတ္ထဲမွာ ကိုယ့္နာမည္တစ္ခုပဲ မွတ္မိေနတယ္ဆိုေတာ့ စိတ္မေကာင္းေတာ့ ျဖစ္မိတယ္။ စဥ္းစားလို႔ေတာင္ မရဘူးျဖစ္မိပါတယ္” လို႔ သူကဆိုပါတယ္။

ေနတိုးဟာ အႏုပညာအလုပ္ေတြ စလုပ္ကတည္းက ေဗလုဝနဲ႔ ဇာတ္ကားေတြ ႐ိုက္ခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ ဒါေၾကာင့္လည္း ေဗလုဝနဲ႔ သူ႔ရဲ႕ ဆက္ဆံေရးက ပိုရင္းႏွီးတယ္လို႔ ဇန္နဝါရီလ ၁၈ ရက္ေန႔က XIMI ဆိုင္သစ္ဖြင့္ပြဲကို တက္ေရာက္ရင္း ေျဖဆိုခဲ့တာပါ။

“ ဦးေဗ နဲ႔ ကြၽန္ေတာ္လည္းရင္းႏွီးပါတယ္။ အႏုပညာအလုပ္ေတြကို စတင္ျဖတ္သန္းလာတုန္းက ကြၽန္ေတာ္တို႔ကို ပညာေတြလည္း အမ်ားႀကီး သင္ၾကားေပးခဲ့ဖူးတယ္။ ႐ုပ္ရွင္ဇာတ္ကားေတြ အမ်ားႀကီး တြဲ႐ိုက္ဖူးခဲ့တဲ့ သ႐ုပ္ေဆာင္ႀကီးတစ္ဦးလည္းျဖစ္ပါတယ္။ ဦးေဗနဲ႔ ကြၽန္ေတာ္ကလည္း ေဆြမ်ိဳးေတြလိုပဲ ခင္မင္မႈ ရွိပါတယ္” လို႔ ဆက္လက္ ေျပာျပခဲ့ပါတယ္။

သ႐ုပ္ေဆာင္ ေဗလုဝဟာ ဦးေႏွာက္ေသြးေၾကာပိတ္ေရာဂါေၾကာင့္ ပင္လုံေဆး႐ုံမွာ ေဆးကုသမႈခံယူေနရတာ ျဖစ္ပါတယ္။ ေဗလုဝရဲ႕ က်န္းမာေရးအေျခအေနအတြက္ အႏုပညာညီအစ္ကိုေမာင္ႏွမေတြ၊ လုပ္ေဖာ္ကိုင္ဖက္ေတြကလည္း စိုးရိမ္ပူပန္လို႔ေနၾကပါတယ္။

သူဟာ ဇန္နဝါရီလ ၁၀ ရက္ေန႔က စၿပီး ေဆးကုသမႈ ခံယူခဲ့ရတာပါ။ က်န္းမာေရးအေျခအေနအရ ေဆးကုသမႈအတြက္ ၃ လ အခ်ိန္ေပးရမယ္လို႔ ေဗလုဝရဲ႕ သူငယ္ခ်င္းျဖစ္သူက Duwun Media အင္တာဗ်ဴးမွာ ေျဖဆိုခဲ့ဖူးပါတယ္။

ေနတိုးရဲ႕ အႏုပညာသက္တမ္းကေတာ့ ႏွစ္ေပါင္း ၂၀ ေက်ာ္လာၿပီျဖစ္ပါတယ္။ သူဟာ ဘက္စုံထူးခြၽန္တဲ့ အႏုပညရွင္တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။ Music Video ေတြမွာ သ႐ုပ္ေဆာင္လာရင္းကေန ဗီ

ဒီယိုဇာတ္ကား၊ ႐ုပ္ရွင္ဇာတ္ကားႀကီးေတြနဲ႔ TV ေၾကာ္ျငာမ်ားစြာကိုလည္း ႐ိုက္ကူးခဲ့သူ တစ္ေယာက္ပါ။ အခုခ်ိန္မွာေတာ့ ေနတိုးက အကယ္ဒမီ ဆုေတြကို ပိုင္ဆိုင္ထားေနၿပီျဖစ္ပါတယ္။ ဒီဆုေတြကေတာ့ မိုးညအိမ္မက္ျမဴ (၂၀၀၉)၊ နကၡတ္မွားတဲ့တိုက္ပြဲ (၂၀၁၅)၊

တာေတႀကီး (၂၀၁၇) စတဲ့ ႐ုပ္ရွင္ဇာတ္ကား(၃) ကားမွာ အေကာင္းဆုံး အမ်ိဳးသားဇာတ္ေဆာင္ဆုေတြကို ရရွိထားပါတယ္။ ၂၀၁၉ ခုႏွစ္မွာေတာ့ Cult Critic Movie Award ႏိုင္ငံတကာ႐ုပ္ရွင္ပြဲေတာ္က ခ်ီးျမႇင့္တဲ့ The Best Actor ဆုကိုလည္း ရရွိပိုင္ဆိုင္ထားသူျဖစ္ပါတယ္။

ခရက္ဒစ္ ဆယ္လီရပ္ကြက္

Unicode
“ဦးဗေ အမြန်ဆုံးသက်သာပြီးတော့ ခံစားနေရတဲ့ ရောဂါဝေဒနာတွေကနေ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ” လို့ ဆိုတဲ့ နေတိုး …

နေတိုးဟာ ဗေလုဝတစ်ယောက် ကျန်းမာရေးမကောင်းတဲ့အချိန်မှာ သူ့ရဲ့ နာမည်ကို မှတ်မိနေတဲ့ အကြောင်းကို စဉ်းစားလို့တောင် မရတော့ပါဘူးတဲ့။ အလုပ်အတူတူတွဲလုပ်ခဲ့ဖူးသလို သရုပ်ဆောင်ပညာတွေလည်း သင်ပေးခဲ့ဖူးသူတစ်ယောက်ပဲလို့ ဆိုပါတယ်။

နေတိုး ဇာတ်ပို့သရုပ်ဆောင် ဗေလုဝရဲ့ ကျန်းမာရေး အခြေအနေကို သတင်းကြားပြီးကတည်းက စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။ ဦးဗေတစ်ယောက် နေတိုးရဲ့ နာမည်ကိုပဲ မှတ်မိနေတယ်ဆိုတာ တကယ်ကို အံ့သြမိတယ်လို့ အင်တာဗျူးတွေမှာလည်း ဖြေဆိုခဲ့ပါတယ်။

“ဦးဗေ ကျန်းမာရေးမကောင်းဖြစ်နေတဲ့အချိန်မှာ စိတ်မကောင်းလည်းဖြစ်မိတယ်။ ဦးဗေ အမြန်ဆုံးသက်သာပြီးတော့ ခံစားနေရတဲ့ ရောဂါဝေဒနာတွေကနေ အမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ ဆုတောင်းပေးချင်ပါတယ်။ သူ့စိတ်ထဲမှာ ကိုယ့်နာမည်တစ်ခုပဲ မှတ်မိနေတယ်ဆိုတော့ စိတ်မကောင်းတော့ ဖြစ်မိတယ်။ စဉ်းစားလို့တောင် မရဘူးဖြစ်မိပါတယ်” လို့ သူကဆိုပါတယ်။

နေတိုးဟာ အနုပညာအလုပ်တွေ စလုပ်ကတည်းက ဗေလုဝနဲ့ ဇာတ်ကားတွေ ရိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ဗေလုဝနဲ့ သူ့ရဲ့ ဆက်ဆံရေးက ပိုရင်းနှီးတယ်လို့ ဇန်နဝါရီလ ၁၈ ရက်နေ့က XIMI ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

“ ဦးဗေ နဲ့ ကျွန်တော်လည်းရင်းနှီးပါတယ်။ အနုပညာအလုပ်တွေကို စတင်ဖြတ်သန်းလာတုန်းက ကျွန်တော်တို့ကို ပညာတွေလည်း အများကြီး သင်ကြားပေးခဲ့ဖူးတယ်။ ရုပ်ရှင်ဇာတ်ကားတွေ အများကြီး တွဲရိုက်ဖူးခဲ့တဲ့ သရုပ်ဆောင်ကြီးတစ်ဦးလည်းဖြစ်ပါတယ်။ ဦးဗေနဲ့ ကျွန်တော်ကလည်း ဆွေမျိုးတွေလိုပဲ ခင်မင်မှု ရှိပါတယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။

သရုပ်ဆောင် ဗေလုဝဟာ ဦးနှောက်သွေးကြောပိတ်ရောဂါကြောင့် ပင်လုံဆေးရုံမှာ ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။ ဗေလုဝရဲ့ ကျန်းမာရေးအခြေအနေအတွက် အနုပညာညီအစ်ကိုမောင်နှမတွေ၊ လုပ်ဖော်ကိုင်ဖက်တွေကလည်း စိုးရိမ်ပူပန်လို့နေကြပါတယ်။

သူဟာ ဇန်နဝါရီလ ၁၀ ရက်နေ့က စပြီး ဆေးကုသမှု ခံယူခဲ့ရတာပါ။ ကျန်းမာရေးအခြေအနေအရ ဆေးကုသမှုအတွက် ၃ လ အချိန်ပေးရမယ်လို့ ဗေလုဝရဲ့ သူငယ်ချင်းဖြစ်သူက Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။

နေတိုးရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၂၀ ကျော်လာပြီဖြစ်ပါတယ်။ သူဟာ ဘက်စုံထူးချွန်တဲ့ အနုပညရှင်တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ Music Video တွေမှာ သရုပ်ဆောင်လာရင်းကနေ ဗီ

ဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ TV ကြော်ငြာများစွာကိုလည်း ရိုက်ကူးခဲ့သူ တစ်ယောက်ပါ။ အခုချိန်မှာတော့ နေတိုးက အကယ်ဒမီ ဆုတွေကို ပိုင်ဆိုင်ထားနေပြီဖြစ်ပါတယ်။ ဒီဆုတွေကတော့ မိုးညအိမ်မက်မြူ (၂၀၀၉)၊ နက္ခတ်မှားတဲ့တိုက်ပွဲ (၂၀၁၅)၊

တာတေကြီး (၂၀၁၇) စတဲ့ ရုပ်ရှင်ဇာတ်ကား(၃) ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုတွေကို ရရှိထားပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ Cult Critic Movie Award နိုင်ငံတကာရုပ်ရှင်ပွဲတော်က ချီးမြှင့်တဲ့ The Best Actor ဆုကိုလည်း ရရှိပိုင်ဆိုင်ထားသူဖြစ်ပါတယ်။

ခရက်ဒစ် ဆယ်လီရပ်ကွက်

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.