ဦးဇော်ကြီးအတွက် အလှူရှင်တစ်ချို့ရဲ့ ကူညီထောက်ပံ့မှုကို ပေးအပ်ခဲ့တဲ့ ဦးကောင်းကျော်

Posted on

ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ကောင်းကျော် ဟာဆိုရင် ရွှေညီအစ်ကို ဆိုတဲ့ လူရွှင်တော်အဖွဲ့နဲ့ ပရိသတ်တွေ ရဲ့ အားပေးမှု များစွာရရှိထားတာပဲ ဖြစ်ပါတယ်။သူ့ရဲ့ ပြောင်မြောက်တဲ့ ဟာသ ပညာတွေနဲ့ ပရိသတ်တွေကို အမြဲပျော်ရွှင်စေခဲ့တာပါ။ ဒီတစ်ခါမှာတော့ ချစ်ပရိသတ်တွေအတွက် ဦးကောင်းကျော် က လူကြမ်းသရုပ်ဆောင် ဦးဇော်ကြီးအတွက် အလှူငွေ ပေးအပ်ခဲ့တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

ဦးကောင်းကျော်က ” နှစ်ပေါင်းများစွာ ရုပ်ရှင်ထဲက လူကြမ်းကြီးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဇော်ကြီး
နေရတဲ့ ဘဝက ကျူးကျော်တဲ လမ်းနဲ့မလွတ်လို့ နောက်ကို၁၅ပေလောက် ဆုတ်ဖို့ သက်ဆိုင်ရာက ပြောတော့ နောက်ဆုတ်ပေးဖို့ နေနေသာသာလက်ရှိနေတဲ့တဲ လေးတောင် လူတက်ရင်ယိုင်လုလုအခြေအနေကို ဒေါက်ကလေးတောင်မထောက်နိုင်တဲ့ ဘဝအသက်ကြီးလာတဲ့ သရုပ်ဆောင်တွေကို မသုံးတော့တဲ့ ခေတ်ပျက်ကြီးထဲခေါ်သုံးမယ် ဒါရိုက်တာကမရှိ လို့ဝမ်းရေးအတွက် ဈေးရောင်းပြီး ရုံးကန်နေရတဲ့ အခြေအနေ မှာမို့ကရွာ ရေကတက် နဲ့ အခက်ကြုံရပြီပေါ့”

“ဒီသတင်းကိုကြားသိရလို့ အနုပညာလုပ်ဖော်ကိုင်ဖက် အသိုင်းအဝိုင်းနဲ့စေတနာရှင်တွေကကူညီစောင့်ရှောက်မှုလေးတွေနဲ့ နေလို့ဖြစ်တဲ့ အိမ်ကလေးတစ်လုံးတော့ ဖြစ်သွားခဲ့သည်ပေါ့ ?????ဒီသတင်းကိုကြားသိရတဲ့ထိုင်းနိုင်ငံ မှာရှိတဲ့ ဖြူစင်မေတ္တာ ပရဟိတအသင်းရဲ့ ဥက္ကဌ ကိုစံဌေးကတတ်နိုင်တာလေးကို ဦးဇော်ကြီးအတွက် ကူညီချင်ပါတယ် ဆက်သွယ်ပေးပါဗျာ လို့ အကူအညီတောင်းလာလို့ဦးဇော်ကြီး ကိုရအောင်ဆက်သွယ်ပြီးအိမ်တိုင်ရာရောက် သွားလို့ wavemoney နဲ့လွှဲပြီးကူညီထောက်ပံ့ပေး
တဲ့ငွေ ၆ သောင်းတိတိကို အိမ်တိုင်ရာရောက် သွားပြီးပေးအပ်ကူညီပေးခဲ့ပါသည် ။ယခုလို ကူညီလှုဒါန်းလိုသော အလှုရှင်များအနေဖြင့်လည်း ကူညီထောက်ပံ့လှုဒါန်းလိုပါက ဦးဇော်ကြီး၏အောက်ပါph သို့ တိုက်ရိုက် ဆက်သွယ် လှုဒါန်းကူညီနိုင်ပါသည်ဗျာ။
09421717236 (လူကြမ်းသရုပ်ဆောင်) ဇော်ကြီး” ဆိုပြီးပြောထားပါတယ်။

စိတ်ထားနူးညံ့ သိမ်မွေ့သလောက်ဘဝခရီးလမ်း ကြမ်းတမ်းလွန်းတဲ့ရုပ်ရှင်ထဲက လူကြမ်း ကိုဇော်ကြီး အတွက် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ပြောထားပါသေးတယ်။

ဟာသ လူရွှင်တော် ဦးကောင်းကျော် ပြောထားတဲ့ အကြောင်းကို ပရိသတ်တွေ သိရလောက်ပြီထင်ပါတယ်။ ကြည့်ရူပေကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source;kaung kyaw
ခရက်ဒစ် momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.