ဥာဏ်ပညာနဲ့ပြည့်စုံတဲ့မိန်းကလေးတွေဆိုတာ လောကမှာ သူတို့အပါအဝင် ဘယ်သူမှ မပြည့်စုံနိုင်ဘူးဆိုတာ နားလည်လက်ခံထားကြတဲ့သူတွေဖြစ်ပါတယ်။ သူတို့ဟာ မပြည့်စုံပေမယ့် တခြားသူတွေမှာ မရှိနိုင်တဲ့ အရည်အချင်းကောင်းတွေကို ပိုင်ဆိုင်ထားသူတွေဖြစ်ပါတယ်။ ဥာဏ်ပညာနဲ့ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ရဲ့ လက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) မှားမိမှာကို မကြောက်ဘူး
ပညာရှိမိန်းကလေးတစ်ယောက်ဟာ ဘယ်အရာကိုမှ အတင်းလုပ်မယူတတ်ပါဘူး။ ရင့်ကျက်လာဖို့၊ တည်ငြိမ်လာဖို့ဆိုတာ အချိန်အတိုင်းအတာတစ်ခု ပေးရတာဖြစ်ပြီး အမှားလုပ်မိမှာကိုလည်း မကြောက်ပါဘူး။ မှားသွားတဲ့အခါ အမှန်ပြန်ပြင်ပြီး ကိုယ့်ကိုယ်ကို ပိုကောင်းသထက်ကောင်းအောင် ကြိုးစားကြတဲ့သူတွေဖြစ်ပါတယ်။
(၂) အပြင်သဏ္ဍာန်တွေဟာ အရေးကြီးဆုံးမဟုတ်ဘူး
မိန်းကလေးတော်တော်များများဟာ အတွင်းလှဖို့ထက် အပြင်ပန်းက အလှကိုပဲ ပိုပြီး အာရုံစိုက်တတ်ကြပါတယ်။ ဒါပေမယ့်လည်း ပညာနဲ့ပြည့်စုံတဲ့ မိန်းကလေးတွေဟာ အပြင်သဏ္ဍာန်လှပဖို့ထက် စိတ်လှဖို့၊ ပညာတွေ တိုးပွားဖို့၊ တီထွင်ဖန်တီးဖို့နဲ့ ဘာသာတရားကိုင်းရှိုင်းဖို့ကိုပါ မေ့လျော့မနေကြပါဘူး။
(၃) ကိုယ့်ကိုယ်ကို ဂရုစိုက်တယ်
ကိုယ့်ကိုယ်ကို ဂရုစိုက်တာဟာ တစ်ကိုယ်ကောင်းဆန်တာမဟုတ်ပါဘူး၊ လုပ်ကိုလုပ်ရမယ့် အရာတစ်ခုသာဖြစ်ပါတယ်။ ပညာနဲ့ပြည့်စုံတဲ့ မိန်းကလေးတွေဟာ ခန္ဓာကိုယ်ကျန်းမာရေးရော၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုပါ ကောင်းမွန်စွာ ဂရုစိုက်ကြပါတယ်။ အစားအသောက်၊ အနေအထိုင်ကအစ ကောင်းမွန်စွာ ဂရုစိုက်တတ်ကြတဲ့သူတွေပါ။
(၄) အကောင်းမြင်စိတ်ရှိတယ်
ပညာနဲ့ပြည့်စုံတဲ့ မိန်းကလေးတွေဆိုတာ အရာရာတိုင်းကို အကောင်းမြင်စိတ်ရှိတဲ့ သူတွေဖြစ်ပါတယ်။ သေးငယ်တဲ့အရာလေးတွေမှာတောင် ပျော်ရွှင်နေတတ်တဲ့သူတွေပါ။ လတ်ဆတ်တဲ့လေလေးကို ရှူရှိုက်လိုက်ရတိုင်း၊ ပန်းရနံ့သင်းသင်းလေးတွေကို ရလိုက်တဲ့အခါတိုင်း၊ နေရောင်ခြည်ရဲ့ အနွေးဓာတ်လေးကို ခံစားရတဲ့အချိန်တိုင်း ဒါမှမဟုတ် လှပတဲ့ရှုခင်းတွေကို တွေ့ရတဲ့အခါတွေတိုင်းမှာ လောကကြီးကို ကြံဖန်ကျေးဇူးတင်နေတတ်တဲ့သူတွေပါ။
(၅) သူတစ်ပါးကိုလည်း ဂရုစိုက်တယ်
ပညာနဲ့ပြည့်ဝတဲ့ မိန်းကလေးတွေဆိုတာ ကိုယ့်အတွက်ချည်းပဲ စဉ်းစားတတ်တဲ့သူတွေမဟုတ်ပါဘူး။ သူတစ်ပါးကိုလည်း အမြဲတမ်းထည့်စဉ်းစားတတ်ကြပါတယ်။ အခက်အခဲတွေ့နေတဲ့သူတွေကို ကူညီပေးပြီး ကိုယ့်ဘက်က ပေးခွင့်ရရင်တောင် အလိုလိုကျေနပ်မိနေတဲ့သူတွေပါ။
(၆) စိတ်ပိုင်းဆိုင်ရာရင့်ကျက်တယ်
ပညာနဲ့ပြည့်ဝတဲ့ မိန်းကလေးတွေဟာ စိတ်ခံစားချက်အမျိုးမျိုးပြောင်းလဲနေသည့်တိုင်အောင် ထိန်းချုပ်နိုင်တဲ့သူတွေဖြစ်ပါတယ်။ ခံစားချက်တွေကို အမြဲတမ်းထုတ်ပြနေတတ်တဲ့သူမဟုတ်ပါဘူး။
(၇) မိန်းကလေးအချင်းချင်းတည့်အောင်ပေါင်းနိုင်တယ်
ပညာနဲ့ပြည့်ဝတဲ့ မိန်းကလေးတွေဟာ မနာလိုပြိုင်ဆိုင်တတ်တဲ့ စိတ်မရှိကြပါဘူး။ မိန်းကလေးအချင်းချင်း ရိုင်းပင်းကူညီပြီး အမှန်အတိုင်း ချီးကျူးတတ်တဲ့သူတွေပါ။ ဒါကြောင့် မိန်းကလေးအချင်းချင်းလည်း ပြေလည်တဲ့ ဆက်ဆံရေးမျိုးကို ဖန်တီးနိုင်ကြပါတယ်။
Credit:mmcelesmedia