အွန်လိုင်းပေါ်ကနေတဆင့် ချစ်သူတွေ ဖြစ်ခဲ့ကြပြီး အပြင်မှာလည်းတွေ့ရော မူးလဲသွားတဲ့ဖြစ်ရပ်

လူမှူ ကွန်ယက်ကတဆင့် ချစ်သူ တွေဖြစ်ခဲ့ကြပြီး အပြင်မှာလည်းတွေ့ရော မူးတောင်လဲတယ်တဲ့ ဒီဖြစ်ရပ်ကတော့ တရုတ်ပြည်မှာ ဖြစ်ပွားခဲ့တာပါ ။ လူမှု ကွန်ယက်ကနေတဆင့် စတင် တွေ့ရှိခဲ့ကြပြီး ချစ်သူတွေ ဖြစ်လာခဲ့တဲ့ စုံတွဲတစ်တွဲဟာ အပြင်မှာ တွေ့ဖို့ ချိန်းခဲ့ကြပါတယ် ။

တကယ်တမ်း အပြင်မှာတွေ့တဲ့ အခါမှာတော့ ကောင်မလေးဟာ သူမရဲ့ ချစ်သူကောင်လေး ရုပ်ဆိုးတာကို မြင်ပြီး မူးလဲကျသွားတဲ့အထိ ဖြစ်ခဲ့ရပါတယ် ။ အလားတူ ဖြစ်ရပ်မျိုး တရုတ်ပြည်မှာ ဖြစ်ပွားဖူးပါသေးတယ် ။

အဲ့ဒီ ကိစ္စတုန်းကတော့ ကောင်မလေးက အပြင်မှာနဲ့ ဓာတ်ပုံထဲကပုံ မတူတဲ့အတွက် ရိုက်နှက်တဲ့ အထိတောင် ဖြစ်ပွားခဲ့ပြီး အာရှတခွင်တော်တော်လေး နာမည် ကြီးခဲ့ပါသေးတယ် ။

ခေတ်ကြီး ခေတ်မီဖွံ့ဖြိုး တိုးတက်လာတာနဲ့အမျှ နဂိုရုပ်ထက် လှအောင် လုပ်လို့ရတဲ့ App တွေ ရှိလာတာမို့ မြင်တာကို အမှန်ထင်ပြီး ယုံမိကာမှ မမှားမိအောင် ဆင်ခြင်နိုင်ကြပါစေ ပရိသတ်ကြီးရေ ။

ဖတ်ရှု့အားပေးခဲ့ကြတဲ့ ပရိတ်သတ်ကြီး အားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ် ။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.