Shopping center ေတြမွာေဈးဝယ္တဲ့အခါ အ႐ုပ္ေကာက္တဲ့စက္နားေရာက္ရင္ အ႐ုပ္ကေလးေတြကို လူတိုင္းလိုခ်င္ၾကမွာပါ။ ဒါေပမယ့္ တကယ္တမ္းၾကေတာ့ ေကာက္ဖို႔မလြဘ္ကူဘူးဆိုတာ လူတိုင္းရိပ္မိေလာက္ပါတယ္။
တ႐ုတ္ႏိုင္ငံေတာင္ပိုင္းက ကေလးမေလးတစ္ေယာက္ကေတာ့ အ႐ုပ္ေကာက္တာမရတဲ့အတြက္ စက္ထဲအထိ ဝင္သြားၿပီး သူမလိုခ်င္တဲ့ Pikachu အ႐ုပ္ကို ရယူဖို႔ႀကိဳးစားခဲ့ပါတယ္။
အ႐ုပ္က်တဲ့အေပါက္ကတဆင့္ မွန္ပုံးထဲကို သူမဝင္ေရာက္သြားႏိုင္ေပမယ့္ ကံမေကာင္းစြာနဲ႔ပဲ ျပန္ထြက္လို႔မရတဲ့အတြက္ စက္ထဲမွာပိတ္မိေနခဲ့ပါတယ္။ သူမရဲ႕အေမက အျခားတြားသြားအ႐ြယ္ကေလးႏွစ္ေယာက္ကို ထိန္းေနဆဲအခ်ိန္ျဖစ္လို႔ ယခုလိုကေလးမေလး အထဲထိေရာက္သြားတာကို မသိလိုက္ေၾကာင္း ေျပာခဲ့ပါတယ္။
ဆိုင္ဝန္ထမ္းကေတာ့ ကေလးကို ထုတ္မရတဲ့အတြက္ ရဲကိုဖုန္းဆက္ခဲ့ပါတယ္။ စက္ကိုဖြင့္တဲ့ေသာ့ကလည္း အေဝးေရာက္ေနတဲ့အတြက္ ကေလးမေလးဟာ မိနစ္ ၂၀ ေလာက္ မွန္ပုံးထဲမွာ ေနခဲ့ရေၾကာင္း သိရပါတယ္။
ကေလးမေလးကေတာ့ လုံးဝေၾကာက္လန္႔ျခင္းမရွိပဲ စက္ထဲမွာတည္တည္ၿငိမ္ၿငိမ္ပဲ ထိုင္ေနခဲ့ၿပီး ထိခိုက္ဒါဏ္ရာ မရရွိခဲ့ပါဘူး။ တကယ္ေတာ့ ကေလးတစ္ေယာက္အေနနဲ႔ ယခုလိုစက္ထဲကို ဝင္ေရာက္ျခင္းဟာ အႏၲရာယ္မ်ား တာေၾကာင့္ စက္ရဲ႕အားနည္းခ်က္ျဖစ္တဲ့ ကေလးဝင္ လို႔ရတဲအေပါက္ကို ျပင္ဆင္ဖို႔ စဥ္းစားေနၾကပါတယ္။
Source; Life Style Myanmar
Unicode
Shopping center တွေမှာဈေးဝယ်တဲ့အခါ အရုပ်ကောက်တဲ့စက်နားရောက်ရင် အရုပ်ကလေးတွေကို လူတိုင်းလိုချင်ကြမှာပါ။ ဒါပေမယ့် တကယ်တမ်းကြတော့ ကောက်ဖို့မလွဘ်ကူဘူးဆိုတာ လူတိုင်းရိပ်မိလောက်ပါတယ်။
တရုတ်နိုင်ငံတောင်ပိုင်းက ကလေးမလေးတစ်ယောက်ကတော့ အရုပ်ကောက်တာမရတဲ့အတွက် စက်ထဲအထိ ဝင်သွားပြီး သူမလိုချင်တဲ့ Pikachu အရုပ်ကို ရယူဖို့ကြိုးစားခဲ့ပါတယ်။
အရုပ်ကျတဲ့အပေါက်ကတဆင့် မှန်ပုံးထဲကို သူမဝင်ရောက်သွားနိုင်ပေမယ့် ကံမကောင်းစွာနဲ့ပဲ ပြန်ထွက်လို့မရတဲ့အတွက် စက်ထဲမှာပိတ်မိနေခဲ့ပါတယ်။ သူမရဲ့အမေက အခြားတွားသွားအရွယ်ကလေးနှစ်ယောက်ကို ထိန်းနေဆဲအချိန်ဖြစ်လို့ ယခုလိုကလေးမလေး အထဲထိရောက်သွားတာကို မသိလိုက်ကြောင်း ပြောခဲ့ပါတယ်။
ဆိုင်ဝန်ထမ်းကတော့ ကလေးကို ထုတ်မရတဲ့အတွက် ရဲကိုဖုန်းဆက်ခဲ့ပါတယ်။ စက်ကိုဖွင့်တဲ့သော့ကလည်း အဝေးရောက်နေတဲ့အတွက် ကလေးမလေးဟာ မိနစ် ၂၀ လောက် မှန်ပုံးထဲမှာ နေခဲ့ရကြောင်း သိရပါတယ်။
ကလေးမလေးကတော့ လုံးဝကြောက်လန့်ခြင်းမရှိပဲ စက်ထဲမှာတည်တည်ငြိမ်ငြိမ်ပဲ ထိုင်နေခဲ့ပြီး ထိခိုက်ဒါဏ်ရာ မရရှိခဲ့ပါဘူး။ တကယ်တော့ ကလေးတစ်ယောက်အနေနဲ့ ယခုလိုစက်ထဲကို ဝင်ရောက်ခြင်းဟာ အန္တရာယ်များ တာကြောင့် စက်ရဲ့အားနည်းချက်ဖြစ်တဲ့ ကလေးဝင် လို့ရတဲအပေါက်ကို ပြင်ဆင်ဖို့ စဉ်းစားနေကြပါတယ်။
Source; Life Style Myanmar