အနုပညာလောကထဲ စ၀င်ခါစတုန်းက ပုံလေးတွေကို Video လေးနဲ့ ထုတ်ပြလိုက်တဲ့ သက်မွန်မြင့်

Posted on

နိုင်ငံကျော်သရုပ်ဆောင် အကယ်ဒမီ မင်းသမီး သက်မွန်မြင့်ဟာဆိုရင် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ မင်းသမီးလေးတစ်ဦးပါ။ သူမက အနုပညာကို ကြိုးစားလုပ်ရင်း ချစ်ရတဲ့ မိသားစုလေးနဲ့ ဘဝကိုဖြတ်သန်းနေသူလေးပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ ပရိသတ်တွေအတွက် သရုပ်ဆောင် သက်မွန်မြင့် က သူမ အနုပညာစလုပ်ခါစ ပုံရိပ်ကလေးတွေကို Video File လေးနဲ့ အတူ မျှဝေလိုက်တဲ့ အကြောင်းကို ဖော်ပြပေးလိုက်ပါတယ်နော်။

သက်မွန်မြင့် က ခုဆိုရင် သူမလျှောက်လှမ်းလာတဲ့ အနုပညာသက်တမ်း နှစ်၂၀ ပြည့်သွားပါပြီ ။ အနုပညာ သက်တမ်း ၂၀ ပြည့်တဲ့ အထိမ်းအမှတ်အနေနဲ့လည်း သူမရဲ့ ပရိသတ်တွေ၊ ချစ်ရတဲ့ သူငယ်ချင်းများနဲ့ပျော်ရွှင်စရာကောင်းတဲ့ ပွဲလေးတစ်ခုကိုလည်း ကျင်းပပြုလုပ်ခဲ့ပါတယ်။

လတ်တလော သူမရဲ့ အနုပညာလှုပ်ရှားမှု ကတော့ သရုပ်ဆောင် မြင့်မြတ် ၊ ခြူးလေး တို့နဲ့အတူ ” ကဝေသေလို့ ခြောက်တဲ့ တစ္ဆေ ” ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ သက်မွန်မြင့် က သူမ အနုပညာ စလုပ်ခါစတုန်းက ပုံလေးတွေနဲ့ လက်ရှိ သူမရဲ့ ပုံလေးတွေကို Video File လေးလုပ်ပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖော်ပြထားပါတယ်။ သက်မွန် က ” အိပ်မပျော်သေးလို့ဆိုပြီး ပုံတွေရှင်းဖို့ကြည့်ရင်းး ကိုယ့်ပွဲလေးတုန်းက အမှတ်တရတွေတောင် မတင်ရသေးတာပဲ!

????များလွန်းလို့ ဘယ်ကတင်ရမှန်းမသိပဲ ရပ်ရပ်သွားတာ????????????ဒါလေးကတော့ ပွဲမှာ အသုံးပြုခဲ့တာလေးပေါ့. ငယ်တုန်းက အလှနဲ့ ကြီးအလှ ယှဉ်ပေးထားလေတော့ ” ဆိုပြီး ပြောထားပါသေးတယ်။

အနုပညာ စလုပ်ခါစ တုန်းက သက်မွန်မြင့် ရဲ့ ပုံရိပ်လေး

အနုပညာစလုပ်ခါစ ပုံလေးတွေကို Video လေးနဲ့ ထုတ်ပြလိုက်တဲ့ သက်မွန်မြင့်

သရုပ်ဆောင် အကယ်ဒမီ သက်မွန်မြင့်ရဲ့ ပုံရိပ်ကလေးတွေကို ပရိသတ်တွေ သဘောကျကြလိမ့်မယ် ထင်ပါတယ်။ပရိသတ်ကြီးကလည်း သက်မွန်မြင့်ရဲ့ အနုပညာလှုပ်ရှားမှုတွေကို စောင့်မျှော်အားပေးကြပါဦးနော်။ ကြည့်ရှုပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.