ဖခင္ရဲ႕အႏုပညာခရီးလမ္းအတိုင္း ဆက္လက္ေလွ်ာက္လွမ္းေနတဲ့ ခင္လႈိင္ရဲ႕သမီးေခ်ာေလး သဇင္ထူးျမင့္ဟာ လက္ရွိမွာ ေၾကာ္ျငာေလးေတြလည္း႐ိုက္ကူးေနသလို Double Dating ဆိုတဲ့ အစီအစဥ္ေလးမွာလည္းပါဝင္ကာ ပရိသတ္ေတြရဲ႕အားေပးမႈကို အျပည့္အဝရထားခဲ့ပါတယ္။ ခ်စ္စရာေကာင္းတဲ့အၿပဳံးေလးေတြနဲ႔ သဲတုံလို႔ပရိသတ္ေတြကခ်စ္စႏိုးေခၚၾကတဲ့သူမဟာ ေဆြမ်ိဳးတစ္ေယာက္ရဲ႕ မဂၤလာပြဲကိုတက္ေရာက္ခဲ့တဲ့ ခ်စ္စဖြယ္ပုံရိပ္ေလးေတြကို လူမႈကြန္ရက္မွာေဝမွ်ခဲ့ပါတယ္။
ပန္းေရာင္ျမန္မာဝတ္စုံေလးဟာ သဲတုံနဲ႔အရမ္းကိုလိုက္ဖက္ၿပီး သူမရဲ႕သြယ္လ်လ်ခႏၶာကိုယ္ ေလးကို ပိုၿပီးေပၚလြင္ေစခဲ့ပါတယ္။ ကိုနဲ႔သဲတုံကိုလည္း အရမ္းသေဘာတူၾကတဲ့ ပရိသတ္ေတြေၾကာင့္ ဒီအစီအစဥ္ေလးဟာ အရမ္းကိုေအာင္ျမင္ၿပီး သဲတုံကိုလည္း ပရိသတ္ေတြက အရင္ကထက္ပိုခ်စ္ကာ အားေပးလာခဲ့ၾကပါတယ္။
မဂၤလာပြဲပုံရိပ္ကိုတင္လိုက္တဲ့ေဖေဖ့ရဲ႕ေဘးက ခ်စ္စရာသမီးေလးကိုၾကည့္ၿပီး ပရိသတ္ေတြက ပုံေလးတင္ဖို႔ေတာင္းဆိုလာတဲ့ အခ်ိန္မွာ သဲတုံက အားလုံးအလိုက် အလွဆုံးပုံေလးေတြ႐ိုက္ၿပီး ေဝမွ်ေပးခဲ့တာပါ။ ပရိသတ္အခ်စ္ေတာ္ေလးျဖစ္လာမယ့္ အနာဂတ္မင္းသမီးေလးရဲ႕ ခ်စ္စဖြယ္ပုံရိပ္ေလးေတြကို ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။
CRD – Cele Zone
Photo – Thazin Htoo Myint
Unicode
ဖခင်ရဲ့အနုပညာခရီးလမ်းအတိုင်း ဆက်လက်လျှောက်လှမ်းနေတဲ့ ခင်လှိုင်ရဲ့သမီးချောလေး သဇင်ထူးမြင့်ဟာ လက်ရှိမှာ ကြော်ငြာလေးတွေလည်းရိုက်ကူးနေသလို Double Dating ဆိုတဲ့ အစီအစဉ်လေးမှာလည်းပါဝင်ကာ ပရိသတ်တွေရဲ့အားပေးမှုကို အပြည့်အဝရထားခဲ့ပါတယ်။ ချစ်စရာကောင်းတဲ့အပြုံးလေးတွေနဲ့ သဲတုံလို့ပရိသတ်တွေကချစ်စနိုးခေါ်ကြတဲ့သူမဟာ ဆွေမျိုးတစ်ယောက်ရဲ့ မင်္ဂလာပွဲကိုတက်ရောက်ခဲ့တဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို လူမှုကွန်ရက်မှာဝေမျှခဲ့ပါတယ်။
ပန်းရောင်မြန်မာဝတ်စုံလေးဟာ သဲတုံနဲ့အရမ်းကိုလိုက်ဖက်ပြီး သူမရဲ့သွယ်လျလျခန္ဓာကိုယ် လေးကို ပိုပြီးပေါ်လွင်စေခဲ့ပါတယ်။ ကိုနဲ့သဲတုံကိုလည်း အရမ်းသဘောတူကြတဲ့ ပရိသတ်တွေကြောင့် ဒီအစီအစဉ်လေးဟာ အရမ်းကိုအောင်မြင်ပြီး သဲတုံကိုလည်း ပရိသတ်တွေက အရင်ကထက်ပိုချစ်ကာ အားပေးလာခဲ့ကြပါတယ်။
မင်္ဂလာပွဲပုံရိပ်ကိုတင်လိုက်တဲ့ဖေဖေ့ရဲ့ဘေးက ချစ်စရာသမီးလေးကိုကြည့်ပြီး ပရိသတ်တွေက ပုံလေးတင်ဖို့တောင်းဆိုလာတဲ့ အချိန်မှာ သဲတုံက အားလုံးအလိုကျ အလှဆုံးပုံလေးတွေရိုက်ပြီး ဝေမျှပေးခဲ့တာပါ။ ပရိသတ်အချစ်တော်လေးဖြစ်လာမယ့် အနာဂတ်မင်းသမီးလေးရဲ့ ချစ်စဖွယ်ပုံရိပ်လေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။
CRD – Cele Zone
Photo – Thazin Htoo Myint