အကြမ်းအရမ်းနမ်းခန်းတွေပါတဲ့ ဟိန်းမင်းသူနဲ့ပတ်ထရစ်ရှာရဲ့MTV အသစ်

အကြမ်းအရမ်းနမ်းခန်းတွေပါတဲ့ ဟိန်းမင်းသူနဲ့ပတ်ထရစ်ရှာရဲ့MTV အသစ်

ဟိန်းမင်းသူဟာမြန်မာနိုင်ငံရဲ့ Justin Bieber ဆိုပြီးလူသိများကျော်ကြားလာတဲ့အဆိုတော်မော်ဒယ်လေးတစ်ဦးဖြစ်ပါတယ်။ ဟိန်းမင်းသူက တကယ်လည်း Justin Bieberနဲ့ မတိမ်းမယိမ်းအရပ်အမောင်းနဲ့ ယောက်ျားပီသချောမောတဲ့ ရုပ်ရည်ရူပကာကြောင့်ဆယ်ကျော်သက်ကောင်မလေးတွေရဲ့နှလုံးသားကိုဖမ်းစားထားတဲ့အနုပညာရှင်တစ်ဦးဆိုရင်လည်းမမှားပါဘူး။

 

 

ဟိန်းမင်းသူဟာကျန်းမာရေးချူချာသူတစ်ဦးဖြစ်တာကြောင့် ပရိသတ်တွေက အမြဲတမ်းစိုးရိမ်နေခဲ့ရတာပါ။ မကြာသေးမီကလည်း ဟိန်းမင်းသူက ကျန်းမာရေးအခြေအနေကြောင့် ဘန်ကောက်ကိုဆေးသွားကုခဲ့ရပြီး ပရိသတ်တွေနဲ့အဆက်အသွယ်ပြတ်သလိုတောင်ဖြစ်သွားပါသေးတယ်။ ဒါပေမယ့် ဟိန်းမင်းသူက ကျန်းကျန်းမာမာနဲ့ပဲပရိသတ်ရှေ့ကိုပြန်ရောက်လာခဲ့ပြီး ပရိသတ်တွေကို သီချင်းအသစ်တွေချပြသွားမယ်လို့ ကတိပေးခဲ့ပါတယ်။

 

 

ဟိန်းမင်းသူက ပေးထားတဲ့ ကတိကိုတည်တယ်ပဲဆိုရမှာပါ။ မကြာခင်အချိန်ပိုင်းအတွင်းကပဲ ဟိန်းမင်းသူက သူ့ရဲ့ သီချင်းအသစ်တစ်ပုဒ်ကို ပရိသတ်တွေကိုချပြလာခဲ့ပြီးအဲဒီသီချင်းကလည်း အရမ်းကို ကြမ်းတဲ့ MTV အလန်းစားနဲ့ ထွက်ခဲ့တာမို့ ပရိသတ်တွေကြားမှာ တော်တော်လေးရေပန်းစားသွားခဲ့တယ်လို့ဆိုရမှာပါ။ သီချင်းရဲ့နာမည်ကတော့ Lies (ညာနေတုန်းပဲ)လို့အမည်ရပြီး သီချင်းထဲမှာ လမ်းခွဲသွားတဲ့ကောင်မလေးကို သတိရတမ်းတစိတ်နဲ့ ကောင်မလေးအနားမှာရှိနေသေးတယ်။ သူ့ကိုချစ်နေသေးတယ်လို့ကိုယ့်ကိုယ်ကိုယ်ညာနေတဲ့ အကြောင်းရေးစပ်ထားတာပါ။

သီချင်းရဲ့ MTV ကို ဟိန်းမင်းသူနဲ့ ပတ်ထရစ်ရှာ က သရုပ်ဆောင်ထားပြီး နိုင်ငံတကာက သီချင်း MTV တွေလိုပဲ အလန်းစားရိုက်ချက်တွေပါဝင်သလို တစ်ယောက်နဲ့တစ်ယောက်ချစ်ကြည်နူးတစ်တီတူးတဲ့ မြင်ကွင်းတွေလည်းတော်တော်များများပါဝင်ပါတယ်။

 

 

ပရိသတ်တွေကိုပါးစပ်အဟောင်းသားဖြစ်သွားစေခဲ့တဲ့ အခန်းကတော့ ပတ်ထရစ်ရှာကို ဟိန်းမင်းသူက နှုတ်ခမ်းကိုဖိကပ်နမ်းလိုက်တဲ့ အခန်းပါပဲ။ များသောအားဖြင့် အရိပ်အမြွက်လောက်သာပြလေ့ရှိကြတဲ့အခန်းကို ဟိန်းမင်းသူက ဒီ MTV ထဲမှာ သတ္တိရှိရှိနဲ့ သရုပ်ဆောင်ပြထားတာဖြစ်ပြီး အဲဒါက ပရိသတ်တွေကို စိတ်လှုပ်ရှားအံ့သြစေခဲ့သလို အခြားသော Music Video တွေနဲ့ကွဲထွက်ပြီး တဟုန်ထိုးနာမည်ရကျော်ကြားသွားစေခဲ့တာပါ။

ဟိန်းမင်းသူရဲ့ Lies Music Video ဟာ လူမှုကွန်ယက်ပေါ်ရောက်ပြီးရက်အနည်းငယ်မှာတင် ကြည့်ရှု့သူပေါင်းတစ်သိန်းနှစ်သောင်းကျော်သွားခဲ့ပြီး comment တွေလည်းပလူပျံလာခဲ့သလို ပြန်လည်မျှဝေသူပေါင်းလည်း နှစ်ထောင်ကျော်သွားခဲ့တာတွေ့ရပါတယ်။

ပတ်ထရစ်ရှာရဲ့ ယောက်ျားလေးပရိသတ်တွေကတော့ ဟိန်းမင်းသူကို ဝေဖန်နေကြတာလည်းတွေ့ရပါတယ်။ ပတ်ထရစ်ရှာအနေနဲ့လည်း ဒီလို Kiss Scene ပါဝင်တဲ့ MTV မျိုးကို ရဲရဲဝံ့ဝံ့လက်ခံရိုက်ကူးပေးတဲ့အတွက် ကောင်းတဲ့ဝေဖန်မှုတွေကိုရော ဂရုဏာဒေါသောနဲ့ဝေဖန်မှုတွေကိုပါခံနေရတာလည်းဖြစ်ပါတယ်။ ပြောချင်လွန်းလို့ပရိသတ်ကြီးအတွက် ဟိန်းမင်းသူရဲ့ ညာနေတုန်းပဲ Music Video ကို ထည့်သွင်းဖော်ပြလိုက်ပါတယ်။

ပရိသတ်ကြီးရော ဟိန်းမင်းသူကိုအားပေးကြလား။ဟိန်းမင်းသူနဲ့ ပတ်ထရစ်ရှာရဲ့ အလန်းစား Music Video ကိုရောနှစ်သက်သဘောကျကြလား။ ဟိန်းမင်းသူရဲ့ နောက်ထပ်ထွက်မယ့်သီချင်းတွေကိုရောအားပေးကြမှာလား။ပြောခဲ့ကြပါဦး။

 

 

လေးစားစွာဖြင့် ခရစ်ဒက် — everytimestory

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.