အကြည့်စူးစူးတွေနဲ့ မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားလိုက်ပြန်တဲ့ ဒေါင်း

Posted on

လတ်တလော မိန်းကလေးတွေကြားမှာ ရေပန်းစားနေတဲ့ ဒေါင်းက ခန့်ညားနဲ့ရုပ်သွင် စွဲဆောင်မှုရှိတဲ့ အပြုံးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတာပဲ ဖြစ်ပါတယ်။ ဒေါင်းရဲ့ သရုပ်ဆောင်ကောင်းမှုနဲ့ ဇာတ်ရုပ်အပေါ် အာရုံစူးစိုက်တတ်တဲ့ အကျင့်ကြောင့် သူပါဝင် သရုပ်ဆောင်ထားတဲ့ ဇာတ်လမ်း၊ ရုပ်ရှင်မှန်သမျှက မှတ်ချက်ကောင်းတွေကိုသာ ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲ့ဒါကြောင့်လဲ ဒေါင်းကို အားပေးတဲ့ ပရိသတ်တွေက တစ်နေ့တစ်ခြား များပြားလာတာလဲ ဖြစ်ပါတယ်။

မိန်းကလေးတွေရဲ့ အသည်းနှလုံးကို ဖမ်းစားထားတဲ့ ဒေါင်းက ဒီတစ်ခေါက်မှာတော့ သူ့ရဲ့ အကြည့်စူးစူးတွေနဲ့ ဖမ်းစားလိုက်ပြန်ပါပြီ။ ပရိသတ်တွေအတွက် ဒေါင်းရဲ့ ပုံရိပ်တွေကို မျှဝေပေးလိုက်ပါတယ်နော်။

ဒေါင်းက လက်ရှိမှာတော့ အနုပညာလုပ်ငန်းတွေကို ဆက်တိုက်ဆိုသလို လုပ်ကိုင်နေပြီ မကြာခင်မှာလဲ “ဆားပုလင်းနှင်းမောင်နှင့် စနေမောင်မောင်” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ “Love Equation” ရုပ်ရှင်ဇာတ်ကားကြီးမှာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ဒေါင်းကတော့ အနေအေးပြီး တည်ငြိမ်လွန်းတာကြောင့် ပရိသတ်တွေက ပိုလို့တောင် အချစ်ပိုနေရတာပဲ ဖြစ်ပါတယ်။

ဒေါင်းကတော့ ဘယ်လိုနေနေ ကြည့်ကောင်းနေတာပဲနော်။ ပရိသတ်ကြီးလည်း ဒေါင်းရဲ့ ပုံရိပ်တွေကို သဘောကျကြမယ် ထင်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

Source: Daung’s fb
ခရက်ဒစ် မိုမိုလေး

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.