အ၀တ်အစားတွေ ရုံပြီး သူတို့ကိုယ်သူတို့ princess လေး တွေလို့ဆိုတဲ့ ခေတ်နဲ့သစ်

Posted on

မွေးကင်းစအရွယ်ထဲက ပရိသတ်တွေ အခိုင်အမာရရှိနေခဲ့တဲ့ ချစ်သူဝေနဲ့ လင်းလင်း တို့ရဲ့ချစ်စရာသမီးအမွှာလေးတွေဖြစ်တဲ့ ခေတ်နဲ့သစ်တို့ဟာ တစ်နေ့တစ်ခြား ပိုပိုပြီး ချစ်စရာကောင်းလာပါတယ်။ သူတို့လေးတွေက ယခုချိန်မှာဆိုရင် အသက်၃နှစ်ကျော် အရွယ်ရှိနေပြီဖြစ်ပြီး ချစ်စရာကောင်းတဲ့အမူအရာလေးတွေနဲ့ တော်တော်လေးကို ချစ်စရာကောင်းလာပါတယ်။ သူတို့နှစ်ယောက်လုံး ဟာ မူကြိုကျောင်းတက်နေပြီး အိမ်မှာတော့ အဖေတစ်လှည့် အမေတစ်လှည့် ထိန်းရင်းပျော်စရာကောင်းတဲ့ မိသားစုလေး ဖြစ်လာပါတယ်။

ခေတ်လေးနဲ့ သစ်လေးတို့ ညီအမနှစ်ယောက်က ကြော်ငြာတွေလဲ ရိုက်ကူးလာရပြီး သူတို့နှစ်ဦးရဲ့ ဖောင်ဒေးရှင်းအဖြစ် ခေတ်သစ်ဖောင်ဒေးရှင်းကိုလဲ မေမေချစ်သုဝေနဲ့ ဖေဖေလင်းလင်းတို့က တည်ထောင်ပေးထားတာဖြစ်ပါတယ်။ အဆိုပါဖောင်းဒေးရှင်ကို ခေတ် နဲ့ သစ် တို့ရဲ့ ၂နှစ်ပြည့်မွေးနေ့ မတိုင်ခင်က မီဒီယာတွေနဲ့ မိတ်ဆက်ပေးခဲ့ပါတယ်။

ဖောင်ဒေးရှင် ဟာ ဆိုရင် ကလေးသူငယ်တွေ ရဲ့ ကျန်းမာရေး စောင့်ရှောက်မှုအတွက် ရည်ရွယ်ကာ အသက်(၅)နှစ်အောက် ကလေးတွေကို အမှန်တကယ်ခွဲစိတ်စရိတ်လိုအပ်တဲ့ မွေးရာပါ နှလုံးအပေါက်ပါ ရောဂါရှင်များ အတွက် ရည်ရွယ်ကာ လှူဒါန်းသွားမှာ ဖြစ်တယ်လို့လဲသိရပါတယ်။သူမတို့ နှစ်ယောက်ကိုတော့ အသက် (၁၆)နှစ်ပြည့်တဲ့ အချိန်မှာ လွှဲပြောင်းပေးသွားမှာဖြစ်ပါတယ်။

ခေတ် နဲ့ သစ်ကို ချစ်တဲ့ ပရိသတ်ကြီးအတွက် သူတို့နှစ်ယောက်နဲ့ ဖေဖေလင်းလင်းတို့ကြားက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေး တစ်ခုကို လင်းလင်းက ပြောပြခဲ့ပါတယ်။ သူပြောခဲ့တာကတော့ “ ရှိသမျှ အဝတ်တွေ အကုန်ကောက်ရုံပြီး သူတို့ကိုယ်သူတို့ princess တဲ့,, Cry နဲ့ Smile ကို မယ်သစ်မှ သရုပ်ဖော်” ဆိုကာ အရမ်းလည်နေကြပြီဖြစ်တဲ့ ခေတ်နဲ့ သစ်တို့ရဲ့ ချစ်စရာကောင်းတဲ့ ပုံရိပ်လေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

ခေတ်လေး နဲ့ သစ်လေးတို့ရဲ့ ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်တာဖြစ်ပါတယ်။ ဖတ်ရှု့ပေးကြသူတွေကို ကျေးဇူးအထူးတင်ရှိပါတယ်။

Source;momolay

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.