အြန္လိုင္းေပၚမွာ ခ်စ္ႀကိဳက္ၿပီး ယူခါနီးမွ သူေဌးႀကီးျဖစ္ေနမွန္းသိလိုက္ရတဲ့ ဗီယမ္နန္အမ်ိဳးသမီးေလး

အြန္းလိုင္းကေန ခ်စ္သူရည္းစားထားလို႔ ဒုကၡေရာက္သြားတဲ့ အေၾကာင္းေတြ တစ္ေန႔ကို တစ္မ်ိဳးနည္းပါေလာက္ မ႐ိုးႏိုင္ေအာင္ ၾကားဖူးၾကမွာပါ။ ဒါေပမဲ့ အခု သတင္းေလးကေတာ့ ဒါေတြအားလုံးနဲ႔ ဆန္႔က်င္ဘက္ပါပဲ။ အြန္လိုင္းကေန ခ်စ္သူရည္းစားထားလို႔ ဒုကၡေတြ႕ၿပီး ေနာင္တေတြရသြားၾကတဲ့ သူေတြ ရွိသလို အြန္လိုင္းကေနပဲ တကယ့္အခ်စ္စစ္ကိုေတြ႕ၿပီး ဖူးစားဆုံသြားၾကတဲ့သူေတြလည္း အမ်ားအျပားရွိပါတယ္။ အခုေျပာျပမဲ့ သတင္းေလးကေတာ့ Long Distance Relationship နဲ႔ ၁၀လအၾကာ ခ်စ္ႀကိဳက္ခဲ့ၿပီး လက္ထပ္သြားတဲ့ ဗီယမ္နန္စုံတြဲတစ္တြဲအေၾကာင္းပဲျဖစ္ပါတယ္။

 

 

Baomoi (Via WoB) သတင္းအရ Van Anh ဆိုတဲ့ ဗီယမ္နမ္အမ်ိဳးသမီးတစ္ဦးဟာ ၿပီးခဲ့တဲ့ ၂၀၁၅ခုႏွစ္က ဟႏြိဳင္းတကၠသိုလ္ကေန သိပၸံနဲ႔ နည္းပညာဘြဲ႕ ရရွိခဲ့ပါတယ္။ အဲ့ဒီေနာက္ Single ဘဝနဲ႔ ရပ္တည္ေနခ်ိန္မွာပဲ ၂၀၁၆ ခုႏွစ္ေရာက္ေတာ့ သူမအရမ္း ႀကိဳက္တဲ့ Idol တစ္ေယာက္နဲ႔
ဓာတ္ပုံတြဲ႐ိုက္ထားတဲ့ အမ်ိဳးသားတစ္ဦးကို Facebook ေပၚမွာေတြ႕လိုက္ရပါတယ္။ Van Anh ဟာ သူမအရမ္းအသည္းစြဲျဖစ္တဲ့ Idol နဲ႔ ခင္မင္ရင္းႏွီးခ်င္တာေၾကာင့္ အဆိုပါ ဓာတ္ပုံတြဲ႐ိုက္ထားတဲ့ အမ်ိဳးသားကို သူမရဲ႕ Idol နဲ႔ အကြၽမ္းတဝင္ရွိမရွိ၊ တကယ္လို႔ ရင္းႏွီးတယ္ဆို သူမနဲ႔ မိတ္ဆက္ေပးဖို႔ အကူအညီေတာင္းေမးျမန္းရာကေန သူမတို႔ရဲ႕ ဖူးစာ ဇာတ္လမ္းေလးက စတင္ခဲ့တာပဲျဖစ္ပါတယ္။

 

 

အဆိုပါ အမ်ိဳးသားလည္း သူမရဲ႕ Idol နဲ႔ မရင္းႏွီးဘူးဆိုတဲ့အေၾကာင္း စာျပန္ပို႔ရင္း စကားအျပန္အလွန္ေျပာျဖစ္ခဲ့ၾကပါတယ္။ အဲ့ဒီေနာက္ တျဖည္းျဖည္း တစ္ေယာက္နဲ႔ တစ္ေယာက္ ရင္းႏွီးလာၿပီး အဆက္အသြယ္ေတြ ရလာခဲ့ပါတယ္။ အဆိုပါ အမ်ိဳးသားဟာ ဗီယမ္နန္ႏိုင္ငံသားတစ္ဦးျဖစ္ၿပီး သူရဲ႕ နာမည္က Dang Tuan လို႔ဆိုပါတယ္။ ဒါ့အျပင္ သူဟာ ႐ုရွားမွာေနၿပီး အလုပ္လုပ္ေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ဒီလိုနဲ႔ ၂၀၁၆ခုႏွစ္ ႏိုဝင္ဘာလေရာက္တဲ့အခ်ိန္မွာေတာ့ သူတို႔ႏွစ္ဦးဟာ အြန္လိုင္းကေန ခ်စ္သူေတြ ျဖစ္ခဲ့သြားခဲ့ၾကပါတယ္။ LDRS နဲ႔ ၁၀အၾကာတြဲၿပီးတဲ့ေနာက္မွာေတာ့ သူတို႔ႏွစ္ဦးဟာ လက္ထပ္ဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။

 

 

ဒါေပမဲ့ Van Anh ရဲ႕ မိဘေတြကေတာ့ အြန္လိုင္းကေန ခ်စ္ႀကိဳက္တဲ့သူျဖစ္တာေၾကာင့္ သေဘာမတူဘဲ တားျမစ္ခဲ့ပါတယ္။ ဒီသတင္းကို ၾကားတဲ့ Dang Tuan ဟာ သူရဲ႕ အခ်စ္က စင္ၾကယ္ၿပီး ေမတၱာစစ္ ေမတၱာမွန္နဲ႔ တကယ္ခ်စ္ေၾကာင္း သက္ေသျပဖို႔အတြက္ ႐ုရွားကေန ဗီယမ္နမ္ကို
ေလယာဥ္ခရီးျဖင့္ ေရာက္လာခဲ့ပါတယ္။ အဲ့ဒီေနာက္ Van Anh ရဲ႕ မိဘေတြဆီမွာ ေတာင္းရမ္း လက္ထပ္ယူခဲ့ပါတယ္။ Van Anh ရဲ႕ မိဘေတြက အစပိုင္းမွာ လက္မခံေပမဲ့ ေနာက္ပိုင္းမွာ သူတို႔ႏွစ္ေယာက္က အေလ်ာ့မေပးတာေၾကာင့္ လက္ခံလိုက္ရပါတယ္။

 

 

မိဘေတြကလည္း သေဘာတူလိုက္ၿပီးဆိုေတာ့ Van Anh တစ္ေယာက္ သူ႔ရဲ႕ ခ်စ္သူ Dang Tuan နဲ႔ မဂၤလာကိစၥ စီစဥ္ဖို႔အတြက္ ႐ုရွားကို လိုက္သြားခဲ့ပါတယ္။ ႐ုရွားေရာက္သြားတဲ့ အခါမွာေတာ့ သူမအတြက္ မယုံႏိုင္ေလာက္ေအာင္ အံ့အားသင့္စရာတစ္ခုနဲ႔ႀကဳံေတြလိုက္ရပါတယ္။
ဒါကေတာ့ သူမရဲ႕ ခ်စ္သူဟာ သာမန္လူတစ္ေယာက္မဟုတ္ဘဲ ခ်မ္းသာတဲ့ စီးပြားေရးလုပ္ငန္းရွင္တစ္ဦးျဖစ္ေနတယ္ဆိုတာပါပဲ။ သူမရဲ႕ ခ်စ္သူဟာ နာမည္ႀကီး လူႀကိဳက္မ်ားတဲ့ International Fashion Brand ေတြရဲ႕ အေထြေထြ မန္ေနဂ်ာတစ္ဦးပဲျဖစ္ပါတယ္။ Dang Tuan ဟာ သူတို႔ႏွစ္ဦးရဲ႕ ဆက္ဆံေရးမွား အတားအဆီျဖစ္မွာဆိုးတဲ့အတြက္ သူရဲ႕ ခ်မ္းသာႂကြယ္ဝမႈကို ခ်စ္သူရည္းစားသက္တမ္းတစ္ေလွ်ာက္လုံး ဖြင့္မေျပာဘဲ ဖုံးကြယ္ခဲ့တာျဖစ္ပါတယ္။

 

 

အြန္းလိုင္းကေန ဖူးစာဆုံတဲ့ ၾကည္ႏူးစရာ သူတို႔စုံတြဲရဲ႕ မဂၤလာေဆာင္ကို ၂၀၁၇ခုႏွစ္ ၉လပိုင္းမွာ ဟႏြိဳင္းရဲ႕ ၾကယ္ငါးပြင့္ ဟိုတယ္ႀကီးမွာ ခမ္းနားစြာ က်င္းပခဲ့ၾကပါတယ္။ အဲ့ဒီေနာက္ ႐ုရွားမွာပဲ အေျခခ်ေနထိုင္ၿပီး အခုဆို ၾကည္ႏူးစရာဘဝေလးထဲ သားသားမီးမီးေလးေတြပါ ဝင္လာေနၿပီလို႔ သိရပါတယ္။

#lifestylemyanmar

 

Unicode

 

အွန်းလိုင်းကနေ ချစ်သူရည်းစားထားလို့ ဒုက္ခရောက်သွားတဲ့ အကြောင်းတွေ တစ်နေ့ကို တစ်မျိုးနည်းပါလောက် မရိုးနိုင်အောင် ကြားဖူးကြမှာပါ။ ဒါပေမဲ့ အခု သတင်းလေးကတော့ ဒါတွေအားလုံးနဲ့ ဆန့်ကျင်ဘက်ပါပဲ။ အွန်လိုင်းကနေ ချစ်သူရည်းစားထားလို့ ဒုက္ခတွေ့ပြီး နောင်တတွေရသွားကြတဲ့ သူတွေ ရှိသလို အွန်လိုင်းကနေပဲ တကယ့်အချစ်စစ်ကိုတွေ့ပြီး ဖူးစားဆုံသွားကြတဲ့သူတွေလည်း အများအပြားရှိပါတယ်။ အခုပြောပြမဲ့ သတင်းလေးကတော့ Long Distance Relationship နဲ့ ၁၀လအကြာ ချစ်ကြိုက်ခဲ့ပြီး လက်ထပ်သွားတဲ့ ဗီယမ်နန်စုံတွဲတစ်တွဲအကြောင်းပဲဖြစ်ပါတယ်။

Baomoi (Via WoB) သတင်းအရ Van Anh ဆိုတဲ့ ဗီယမ်နမ်အမျိုးသမီးတစ်ဦးဟာ ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်က ဟနွိုင်းတက္ကသိုလ်ကနေ သိပ္ပံနဲ့ နည်းပညာဘွဲ့ ရရှိခဲ့ပါတယ်။ အဲ့ဒီနောက် Single ဘဝနဲ့ ရပ်တည်နေချိန်မှာပဲ ၂၀၁၆ ခုနှစ်ရောက်တော့ သူမအရမ်း ကြိုက်တဲ့ Idol တစ်ယောက်နဲ့
ဓာတ်ပုံတွဲရိုက်ထားတဲ့ အမျိုးသားတစ်ဦးကို Facebook ပေါ်မှာတွေ့လိုက်ရပါတယ်။ Van Anh ဟာ သူမအရမ်းအသည်းစွဲဖြစ်တဲ့ Idol နဲ့ ခင်မင်ရင်းနှီးချင်တာကြောင့် အဆိုပါ ဓာတ်ပုံတွဲရိုက်ထားတဲ့ အမျိုးသားကို သူမရဲ့ Idol နဲ့ အကျွမ်းတဝင်ရှိမရှိ၊ တကယ်လို့ ရင်းနှီးတယ်ဆို သူမနဲ့ မိတ်ဆက်ပေးဖို့ အကူအညီတောင်းမေးမြန်းရာကနေ သူမတို့ရဲ့ ဖူးစာ ဇာတ်လမ်းလေးက စတင်ခဲ့တာပဲဖြစ်ပါတယ်။

အဆိုပါ အမျိုးသားလည်း သူမရဲ့ Idol နဲ့ မရင်းနှီးဘူးဆိုတဲ့အကြောင်း စာပြန်ပို့ရင်း စကားအပြန်အလှန်ပြောဖြစ်ခဲ့ကြပါတယ်။ အဲ့ဒီနောက် တဖြည်းဖြည်း တစ်ယောက်နဲ့ တစ်ယောက် ရင်းနှီးလာပြီး အဆက်အသွယ်တွေ ရလာခဲ့ပါတယ်။ အဆိုပါ အမျိုးသားဟာ ဗီယမ်နန်နိုင်ငံသားတစ်ဦးဖြစ်ပြီး သူရဲ့ နာမည်က Dang Tuan လို့ဆိုပါတယ်။ ဒါ့အပြင် သူဟာ ရုရှားမှာနေပြီး အလုပ်လုပ်နေကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီလိုနဲ့ ၂၀၁၆ခုနှစ် နိုဝင်ဘာလရောက်တဲ့အချိန်မှာတော့ သူတို့နှစ်ဦးဟာ အွန်လိုင်းကနေ ချစ်သူတွေ ဖြစ်ခဲ့သွားခဲ့ကြပါတယ်။ LDRS နဲ့ ၁၀အကြာတွဲပြီးတဲ့နောက်မှာတော့ သူတို့နှစ်ဦးဟာ လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

ဒါပေမဲ့ Van Anh ရဲ့ မိဘတွေကတော့ အွန်လိုင်းကနေ ချစ်ကြိုက်တဲ့သူဖြစ်တာကြောင့် သဘောမတူဘဲ တားမြစ်ခဲ့ပါတယ်။ ဒီသတင်းကို ကြားတဲ့ Dang Tuan ဟာ သူရဲ့ အချစ်က စင်ကြယ်ပြီး မေတ္တာစစ် မေတ္တာမှန်နဲ့ တကယ်ချစ်ကြောင်း သက်သေပြဖို့အတွက် ရုရှားကနေ ဗီယမ်နမ်ကို
လေယာဉ်ခရီးဖြင့် ရောက်လာခဲ့ပါတယ်။ အဲ့ဒီနောက် Van Anh ရဲ့ မိဘတွေဆီမှာ တောင်းရမ်း လက်ထပ်ယူခဲ့ပါတယ်။ Van Anh ရဲ့ မိဘတွေက အစပိုင်းမှာ လက်မခံပေမဲ့ နောက်ပိုင်းမှာ သူတို့နှစ်ယောက်က အလျော့မပေးတာကြောင့် လက်ခံလိုက်ရပါတယ်။

မိဘတွေကလည်း သဘောတူလိုက်ပြီးဆိုတော့ Van Anh တစ်ယောက် သူ့ရဲ့ ချစ်သူ Dang Tuan နဲ့ မင်္ဂလာကိစ္စ စီစဉ်ဖို့အတွက် ရုရှားကို လိုက်သွားခဲ့ပါတယ်။ ရုရှားရောက်သွားတဲ့ အခါမှာတော့ သူမအတွက် မယုံနိုင်လောက်အောင် အံ့အားသင့်စရာတစ်ခုနဲ့ကြုံတွေလိုက်ရပါတယ်။
ဒါကတော့ သူမရဲ့ ချစ်သူဟာ သာမန်လူတစ်ယောက်မဟုတ်ဘဲ ချမ်းသာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေတယ်ဆိုတာပါပဲ။ သူမရဲ့ ချစ်သူဟာ နာမည်ကြီး လူကြိုက်များတဲ့ International Fashion Brand တွေရဲ့ အထွေထွေ မန်နေဂျာတစ်ဦးပဲဖြစ်ပါတယ်။ Dang Tuan ဟာ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးမှား အတားအဆီဖြစ်မှာဆိုးတဲ့အတွက် သူရဲ့ ချမ်းသာကြွယ်ဝမှုကို ချစ်သူရည်းစားသက်တမ်းတစ်လျှောက်လုံး ဖွင့်မပြောဘဲ ဖုံးကွယ်ခဲ့တာဖြစ်ပါတယ်။

အွန်းလိုင်းကနေ ဖူးစာဆုံတဲ့ ကြည်နူးစရာ သူတို့စုံတွဲရဲ့ မင်္ဂလာဆောင်ကို ၂၀၁၇ခုနှစ် ၉လပိုင်းမှာ ဟနွိုင်းရဲ့ ကြယ်ငါးပွင့် ဟိုတယ်ကြီးမှာ ခမ်းနားစွာ ကျင်းပခဲ့ကြပါတယ်။ အဲ့ဒီနောက် ရုရှားမှာပဲ အခြေချနေထိုင်ပြီး အခုဆို ကြည်နူးစရာဘဝလေးထဲ သားသားမီးမီးလေးတွေပါ ဝင်လာနေပြီလို့ သိရပါတယ်။

#lifestylemyanmar

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.